DVB Logo
Home
နိုင်ငံရေး
ကချင်ပြည်နယ် ပုံမှန်အ​ခြေအ​နေ ပြန်ဖြစ်​နေပြီဟု ဦး​ရွှေမန်း​ပြောကြား
DVB
·
June 24, 2011
ကချင်ပြည်နယ် ပုံမှန်အ​ခြေအ​နေ ပြန်ဖြစ်​နေပြီဟု ဦး​ရွှေမန်း​ပြောကြား
Donate to DVB

ကချင်ပြည်နယ်အတွင်း​ ​ကေအိုင်​အေ (​ခေါ်) ကချင်လွတ်လပ်ရေး​တပ်မ​တော်နဲ့​ မြန်မာ့​ တပ်မ​တော်အကြား​ တိုက်ပွဲ​တွေကို မြစ်ကြီး​နား​အမတ် ဦးသိန်းဇော် ကြား​ဝင်​ဆောင်ရွက်​ပေး​လို့​ ပုံမှန်အ​ခြေအ​နေကို ပြန်​ရောက်​နေပြီလို့​ ကာလုံလို့​ခေါ်တဲ့​ အမျိုး​သား​ကာကွယ်​ရေး​နဲ့​ လုံခြုံ​ရေး​ကောင်စီဝင် ပြည်သူ့​လွှတ်​တော် ဥက္ကဋ္ဌ သူရ ဦး​ရွှေမန်း​က ​ပြောကြား​လိုက်ပါတယ်။

ရန်ကုန်မြို့​က ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရလွှတ်​တော် အ​ဆောက်အဦမှာ လွှတ်​တော်ကိုယ်စား​လှယ်​တွေ၊​ ဂျာနယ်အယ်ဒီတာချုပ်​တွေနဲ့​ ဒီက​နေ့ ​တွေ့​ဆုံပွဲမှာ သူရဦး​ရွှေမန်း​က ​ပြောကြား​လိုက်တာ ဖြစ်ပါတယ်။

သူရဲ့​ပြောကြား​ချက်ဟာ အာဏာပိုင်​တွေဘက်က တိုက်ပွဲ​တွေနဲ့​ပတ်သက်လို့​ အဆင့်​မြင့်​တာဝန်ရှိပုဂ္ဂိုလ်တဦးရဲ့​ ပထမဆုံး​ ​ပြောကြား​ချက် ဖြစ်ပါတယ်။

ဦး​ရွှေမန်း​က ပြည်သူ့​လွှတ်​တော်ရဲ့​ ​ဆောင်ရွက်ချက်​တွေကို ရှင်း​လင်း​စဉ် ထည့်​သွင်း​ပြောကြား​လိုက်တာ ဖြစ်ပါတယ်။

သူက ဥပမာ​ပေး​ပြောရာမှာ ကချင်ပြည်နယ်၊​ မြစ်ကြီး​နား​မြို့​နယ် ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဆက်သွယ်​ရေး​ဝန်ကြီး​ဟောင်း​၊​ ဗိုလ်ချုပ်​ဟောင်း​ ဦး​သိန်း​ဇော်ရဲ့​ ​ကေအိုင်​အေနဲ့​ မြန်မာ့​တပ်မ​တော်အကြား​ ပဋိပက္ခ​တွေကို ကြား​ဝင်​စေ့​စပ်​ဆောင်ရွက်ပုံ​တွေကို ထည့်​သွင်း​ပြောကြား​ခဲ့​တာလို့​ ကိုယ်တိုင်တက်​ရောက်ခဲ့​သူ ရန်ကုန်တိုင်း​ လသာမြို့​နယ် ပြည်သူ့​လွှတ်တော်ကိုယ်စား​လှယ် ဦး​ကြည်မြင့်​က ​ပြောပါတယ်။

“ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ်​တွေက ​ရေး​ရာ​ကော်မတီဝင်​တွေ အ​နေနဲ့​ ​နေပြည်​တော်မှာသွား​ပြီး​တော့​ capacity building အတွက် သင်ယူ​လေ့​ကျင့်​ခံရခြင်း​ မရှိ​ပေမယ့်​လို့​ ကျန်တဲ့​ပုဂ္ဂိုလ်​တွေက ဒီ​အောက်​ခြေကလူ​တွေနဲ့​ ဆက်ဆံပြီး​တော့​ လုပ်​ပေး​ကိုင်​ပေး​စရာရှိတာ လုပ်​ပေး​ကိုင်​ပေး​ခဲ့​တဲ့​အတွက်ကို ထည့်​ပြောသွား​တယ်။ ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ်​တွေ ​လော​လောဆယ် ဘာလုပ်​နေသလဲဆိုတဲ့​ ​မေး​ခွန်း​အ​ပေါ်မှာ သူ့​အ​နေနဲ့​ ​တွေ့​ရှိတာ​တွေကို ထည့်​ပြောသွား​တာပါ။ အဲဒါက​တော့​ အပြင်မှာဆိုရင် ​ကေအိုင်​အေနဲ့​ တပ်မ​တော်တိုက်ပွဲဖြစ်​တော့​ မိဘပြည်သူ​တွေ ကြား​က​နေ အခက်အခဲ​တွေ ရှိတယ်​ပေါ့​။ အဲဒီကိစ္စမျိုး​တွေကို ပြည်နယ်မှာရှိတဲ့​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဦး​သိန်း​ဇော်က ဝင်​ရောက်ပြီး​တော့​ အ​ရေး​တယူ ​ဆောင်ရွက်​ပေး​တဲ့​အတွက်​ကြောင့်​ လူ​တွေက ထိပါး​မှုနည်း​သွား​ပြီး​တော့​ ယခင်က အ​ခြေအ​နေနီး​ပါး​ ပြန်လည်​ရောက်ရှိသွား​ပါတယ်လို့​ ​ပြောသွား​ပါတယ်။”

အခုလ ၉ ရက်​နေ့​က နှစ်ဘက်တိုက်ပွဲ​တွေပြန်စခဲ့​ပြီး​ ရက်ပိုင်း​အကြာမှာ မြစ်ကြီးနား​ လွှတ်​တော်ကိုယ်စား​လှယ် ဦး​သိန်း​ဇော်က ​ကေအိုင်​အေနဲ့​ အစိုး​ရအကြား​ အပစ်အခတ်ရပ်စဲ​အောင် မြစ်ကြီး​နား​မြို့​မှာ ကချင်ပြည်နယ်အစိုး​ရအဖွဲ့​နဲ့​ ကချင်အမျိုး​သား​ အတိုင်ပင်ခံအဖွဲ့​တွေကို ​တွေ့​ဆုံပြီး​ ကချင်အမျိုး​သား​အတိုင်ပင်ခံ ကိုယ်စားလှယ် အဖွဲ့​တဖွဲ့​ကို ​ကေအိုင်အိဌာန​ချုပ် လိုင်ဇာကို ​စေလွှတ်ကမ်း​လှမ်း​ခဲ့​ပါတယ်။

ကေအိုင်အိုဘက်က စာနဲ့​ပေနဲ့​ အ​ထောက်အထား​ ​တောင်း​တဲ့​အခါ ကိုယ်စား​လှယ်​တွေဟာ မပြသနိုင်တာ​ကြောင့်​ အ​ထောက်အထား​ပေး​ဖို့​ ​ကေအိုင်အိုက ​တောင်း​ဆိုထား​ပါတယ်။

ကေအိုင်အိုဘက်က​တော့​ ကချင်ပြည်နယ်တွင်း​ ပဋိပက္ခတွေနဲ့​ ပတ်သက်ပြီး​ လုပ်ပိုင်ခွင့်​ရှိတဲ့​ ပြည်​ထောင်စုအစိုး​ရအဖွဲ့​နဲ့​ အမျိုး​သား​ကာကွယ်​ရေး​နဲ့​ လုံခြုံ​ရေး​ကောင်စီ​တွေကိုယ်တိုင် တာဝန်ယူမှုအပြည့်​နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ဖို့​ လိုလား​နေပါတယ်။

ဒီလို ပြည်နယ်တွင်း​ ပဋိပက္ခ​တွေ ပြီး​ဆုံး​သွား​ပြီလို့​ ပြည်သူ့​လွှတ်​တော်ဥက္ကဋ္ဌ ဦး​ရွှေမန်း​ရဲ့​ ​ပြောကြား​ချက်​နဲ့​ပတ်သက်ပြီး​ ​ကေအိုင်အိုရဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​လနန်း​က အခုချိန်မှာ မှတ်ချက်မပေးဖို့ ငြင်းဆိုပါတယ်။

“ကျ​နော်တို့​ အဲဒီထင်မြင်ချက်​ပြောဖို့​တော့​ အထက်လူကြီး​နဲ့​ အများ​ကြီး​ ​ဆွေး​နွေး​မှု ရှိရဦး​မယ်။ အဲ​ဒီတော့​ ပြောနိုင်မယ် မပြောနိုင်ဘူးဆိုတာ အာမခံချက်​တော့​ မရဘူး​လေ။ အဲဒါက ​ပေါ်လစီပိုင်း​နဲ့​ ဆိုင်သွား​တယ်။ အဲဒါ​တော့​ ဒီလိုမျိုး​ အလွတ်သ​ဘော​ပြောလို့​ မဖြစ်ဘူး​။ အဲ​တော့​ဒါက အထက်လူကြီး​တွေရဲ့​ မှတ်ချက်ချမယ်ဆိုတဲ့​အ​ပေါ်မှာ ​စောင့်​ရဦး​မှာပါ”

လွှတ်​တော်အမတ် ဦးသိန်းဇော်​ဟာ အစိုး​ရနဲ့​ ​တော်လှန်​ရေး​အဖွဲ့​အကြား​ တိုက်ပွဲ​တွေရပ်အောင် ကြိုး​ပမ်း​နေတယ်လို့​ ​ပြည်သူ့​လွှတ်​တော်ဥက္ကဋ္ဌ ဦး​ရွှေမန်း​က ပြောဆို​ပေမယ့်​ ဦး​သိန်း​ဇော်လို အခွင့်​အလမ်း​ လုပ်ပိုင်ခွင့်​မျိုး​ကို ကရင်ပြည်နယ်အတွင်း​က အမတ်​တွေက​တော့​ ရခဲ့​ကြတာ မဟုတ်ပါဘူး​။

ကရင်ပြည်နယ်​ ငြိမ်း​ချမ်း​ရေး​အတွက် ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ်​တွေက လွှတ်​တော်မှာ အဆိုတင်သွင်း​တာကို ပယ်ချခံခဲ့​ရဖူး​ပါတယ်။ အဲဒီအဆိုတင်ခဲ့​တဲ့​ ဖလုံ-စ​ဝေါ်ဒီမိုကရက်တစ် ပါတီကပဲ ငြိမ်း​ချမ်း​ရေး​အတွက် သမ္မတဆီကို ပြီး​ခဲ့​တဲ့​ လပိုင်း​က အိပ်ဖွင့်​ပေး​စာ ထပ်မံ ​ပေး​ပို့​ခဲ့​ပါတယ်။

ဒါ့​အပြင် ​ဒေသတွင်း​ငြိမ်း​ချမ်း​ရေး​အတွက် ​တော်လှန်​ရေး​အဖွဲ့​တွေနဲ့​ အစိုး​ရကြား​ ​စေ့စပ်ညှိနှိုင်း​ဖို့​အတွက် ​ကရင်ငြိမ်း​ချမ်း​ရေး​ကော်မတီတရပ်ကို ဘာသာ​ရေး​ခေါင်း​ဆောင်တွေ၊​ နိုင်ငံ​ရေး​ အင်အား​စု​တွေနဲ့​ ဖွဲ့​စည်း​ပြီး​ ကြား​ဝင်​ဆောင်ရွက်​နေ​ပေမယ့်​လည်း​ အစိုး​ရက လိုလိုလား​လား​မရှိတဲ့​ အမူအရာ ပြသခဲ့​သလို ​ခေါ်ယူသတိ​ပေး​တာ​တောင် လုပ်ခဲ့​ပါတယ်။

ဒီလိုတိုင်း​ရင်း​သား​ဒေသ​တွေက ပဋိပက္ခ​တွေနဲ့​ပတ်သက်ပြီး​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ် အပါအဝင် ​ရွေး​ကောက်ပွဲဝင် နိုင်ငံ​ရေး​ပါတီ​တွေနဲ့​ နိုင်တကာက ​တွေ့​ဆုံး​ဆွေး​နွေး​အဖြေရှာဖို့​ အစိုး​ရကို တိုက်တွန်း​ပြောဆိုနေပါတယ်။

ဒီ​တွေ့​ဆုံပွဲတက်ရောက်လာတဲ့ ပြည်တွင်း​ဂျာနယ်​တွေက အယ်ဒီတာချုပ်​တွေကို မရှင်း​လင်း​တာ​တွေကို ​မေး​မြန်း​ဖို့​ ဦး​ရွှေမန်း​က ​ကမ်းလှမ်းပေမယ့် ပြန်လည်​မေး​မြန်း​ခြင်း မရှိဘူးလို့ တက်ရောက်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013