DVB Logo
Home
စီးပွားရေး
ဘိန်း​စိုက်ပျိုး​မှု တိုး​လာသည့်​အ​ပေါ် လွှတ်​တော်တွင် တင်ပြ​ဆွေး​နွေး​မည်
DVB
·
June 24, 2011
Donate to DVB

မြန်မာနိုင်ငံမှာ ပြီး​ခဲ့​တဲ့​နှစ်က ဘိန်း​စိုက်ပျိုး​ ၂၀ ရာခိုင်နှုန်း​ တိုး​လာတယ်လို့​ ကုလသမဂ္ဂ မူး​ယစ်​ဆေး​ဝါး​နဲ့​ရာဇဝတ်မှုဆိုင်ရာရုံး​ UNODC က ထုတ်ပြန်​ကြေညာလိုက်ပါတယ်။

ကြာသပ​တေး​နေ့​က ထုတ်ပြန်တဲ့​ ကမ္ဘာလုံး​ဆိုင်ရာ မူး​ယစ်​ဆေး​ဝါး​ အ​ခြေအ​နေနဲ့​ပတ်သက်ပြီး​ ထုတ်ပြန်တဲ့​ နှစ်ပတ်လည် အစီရင်ခံစာမှာ ​ဖော်ပြထား​တာပါ။

ပမာဏအား​ဖြင့်​ ၂၀၀၉ ခုနှစ်မှာ ဘိန်း​စိုက်ဧက ဟတ်တာ ၃ ​သောင်း​ကျော် ရှိရာက​နေ ၂၀၁၀ ခုနှစ်မှာ ဟတ်တာ ၃ ​သောင်း​ခွဲ​လောက် တိုး​လာတယ်လို့​ဆိုပါတယ်။

ဧကနဲ့​ တွက်မယ်ဆိုရင်​တော့​ ဧက​ပေါင်း​ ၇ ​သောင်း​ခွဲ​လောက်က​နေ ဧက​ပေါင်း​ ၈ ​သောင်း​ခွဲ​ကျော် ​လောက်အထိ တိုး​လာတာဖြစ်ပါတယ်။

ခုလို တိုး​လာတဲ့​အတွက် မြန်မာနိုင်ငံဟာ ၂၀၀၇ ခုနှစ်တုန်း​က ကမ္ဘာ့​ ဘိန်း​စိုက်ပျိုး​မှုရဲ့​ ၅ ရာခိုင်နှုန်း​ပဲရှိရာက​နေ ၂၀၁၀ မှာ ၁၂ ရာခိုင်နှုန်း​ထိ ရှိလာပြီ ဖြစ်ပါတယ်။

ဘိန်း​စိုက်ပျိုး​မှု တိုး​လာတဲ့​သတင်း​နဲ့​ပတ်သက်ပြီး​ ရှမ်း​ပြည်နယ် နမ့်​ခမ်း​မြို့​နယ် လွှတ်​တော်ကိုယ်စား​လှယ် ​ဒေါက်တာစိုင်း​ကျော်အုန်း​က နမ့်​ခမ်း​မြို့​နယ်ထဲမှာ​တော့​ ဘိန်း​စိုက်ပျိုး​မှု ​လျော့​နည်း​သွား​ပြီး​ ရှမ်း​ပြည်နယ်ထဲက ​တောင်​ပေါ်​ဒေသ​တွေမှာ​တော့​ စိုက်ပျိုး​မှု တိုး​လာတာ ဖြစ်နိုင်တယ်လို့​ ​ပြောပါတယ်။

လွှတ်​တော်မှာ ထည့်​သွင်း​တင်ပြ ​ဆွေး​နွေး​မယ့်​အ​ကြောင်း​နဲ့​ ပတ်သက်လို့​ ခုလို ​ပြောပါတယ်။

“တကယ့်​ အဓိက ပြဿနာပါပဲ။ အဲဒါက​တော့​။ လွှတ်​တော်မှာ နည်း​နည်း​တင်ပြမှာ​ပေါ့​။ ဒီကိစ္စက​တော့​ ​ရှေ့​တန်း​ပြဿနာတခု ဖြစ်​နေတာ။ အဲဒါ​တော့​ လုပ်ကိုလုပ်ရမယ်။ ​နောက် ပ​ပျောက်သွား​အောင်၊​ ​လျော့​နည်း​သွား​အောင်​တော့​ လွှတ်​တော်ထဲမှာလည်း​ ​ဆွေး​နွေး​တင်ပြဖို့​ရှိပါတယ်။”

ဒေါက်တာစိုင်း​ကျော်အုန်း​ဟာ ပြီး​ခဲ့​တဲ့​ လွှတ်​တော်တွင်း​ ရှမ်း​ပြည်နယ်ထဲ မူး​ယစ်​ဆေး​ဝါး​ရောင်း​ ဝယ်သုံး​စွဲ မှုများ​ပြား​နေတဲ့​အတွက် နှိမ်နင်း​တိုက်ဖျက်ဖို့​ ​ဆွေး​နွေး​တင်ပြခဲ့​သူ ဖြစ်ပါတယ်။

ဘိန်း​စိုက်ပျိုး​မှု ​လျော့​နည်း​သွား​အောင် လုပ်​ဆောင်​ပေး​ရမယ့်​ ကိစ္စ​တွေကိုလည်း​ ခုလို ​ပြောပါတယ်။

“ပြည်သူ​တွေ စီး​ပွား​ရေး​ အခွင့်​အလမ်း​တွေ လုပ်​ပေး​ရမယ်။ စီး​ပွား​ရေး​အခွင့်​အလမ်း​ မရရင် ဘာနဲ့​လုပ်ကိုင်စား​မလဲ။ အလုပ်အကိုင် အခွင့်​အလမ်း​ပေါ့​။ အဓိက​တော့​ ဒါပါပဲ။ အဲဒါမျိုး​ ရှိလာရင် နည်း​သွား​မှာပါ။ အခုဟာက ​တောင်​ပေါ်​ဒေသနဲ့​ ဘာမှစိုက်လို့​ မရဘူး​ဆို​တော့​ ဒါပဲရှိတာ။ တခြား​ဟာ စိုက်လို့​လည်း​ မရ၊​ တန်ဖိုး​လည်း​ မရှိဘူး​ဆို​တော့​ သူတို့​က အဲဒါပဲမြင်​နေတာ ​တောင်​ပေါ်​ဒေသ​တွေက။”

မြန်မာနိုင်ငံတွင်း​ ဘိန်း​စိုက်ပျိုး​မှုရဲ့​ ၉၂ ရာခိုင်း​နှုန်း​က ရှမ်း​ပြည်နယ်ထဲမှာ စိုက်ပျိုး​ပြီး​ ကျန် ၈ ရာခိုင်နှုန်း​ကို ကချင်ပြည်နယ်နဲ့​ကယား​ပြည်နယ်​တွေမှာ စိုက်ပျိုး​ပါတယ်။ မြန်မာနိုင်ငံရဲ့​ ဘိန်း​ထုတ်လုပ်မှုဟာ ကမ္ဘာ​ပေါ်မှာ ဒုတိယ အများ​ဆုံး​ဖြစ်ပြီး​ ပထမ အများ​ဆုံး​က​တော့​ အာဖကန်နစ္စတန် နိုင်ငံဖြစ်ပါတယ်။

မြန်မာအစိုး​ရက​တော့​ ဘိန်း​စိုက်ဧကရဲ့​ခြောက်ပုံတပုံကို ဖျက်ဆီး​နိုင်ခဲ့​တယ်လို့​ပြီး​ခဲ့​တဲ့​ မတ်လက ​ကြေညာထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013