DVB Logo
Home
မြန်မာသတင်း
မန္တ​လေး​တွင် ​ပေါက်ကွဲမှု ထပ်ဖြစ်၊​ ပြင်ဦး​လွင်​ပေါက်ကွဲမှု တဦး​ဒဏ်ရာရ
DVB
·
June 24, 2011
မန္တ​လေး​တွင် ​ပေါက်ကွဲမှု ထပ်ဖြစ်၊​ ပြင်ဦး​လွင်​ပေါက်ကွဲမှု တဦး​ဒဏ်ရာရ
Donate to DVB

မန္တ​လေး​မြို့​မှာ ည​နေ ၂ နာရီခွဲ ဝန်း​ကျင်​လောက်က ၈၄ လမ်း​၊​ ၃၁ နဲ့​ ၃၂ လမ်း​ကြား​မှာ ဒုတိယအကြိမ် ​ပေါက်ကွဲမှု ထပ်မံဖြစ်ပွား​ခဲ့​ပါတယ်။

အမှိုက်ပုံထဲ ဗုံး​ရှိတယ်လို့​ သံသယရှိတာ​ကြောင့်​ လုံခြုံ​ရေး​တပ်ဖွဲ့​တွေက မိုင်း​ရှင်း​တဲ့​အ​နေနဲ့​ အား​ပျော့​ဗုံး​တလုံး​ထည့်​ပြီး​ ​ဖောက်ခွဲလိုက်တာ ဖြစ်ပါတယ်။

မျက်မြင် မန္တ​လေး​မြို့​ခံတဦး​က “သူတို့​က အမှိုက်ကန်မှာ စာ​ရေး​သွား​တယ်လို့​ ​ပြောတယ်။ အင်္ဂလိပ်လို စာလုံး​ ၃ လုံး​ ​ရေး​ထား​တယ်။ အဲဒီစာလုံး​ရေး​ထား​တာကို လူ​တွေက မြင်​တော့​ ဗုံး​သတိ​ပေး​တာပဲ ဆိုပြီး​တော့​ သက်ဆိုင်ရာကို ​ပြော​တော့​ သက်ဆိုင်ရာက ဒီအမှိုက်ကန်ထဲမှာ တကယ်လို့​သာ ဗုံး​ရှိခဲ့​ရင် ကွဲ​အောင်လို့​ ဗုံး​အ​သေး​လေး​နဲ့​ ခွဲလိုက်တယ်။ သက်ဆိုင်ရာက ဗုံး​အ​သေး​နဲ့​ ခွဲလိုက်တဲ့​အခါမှာ အတွင်း​ထဲမှာ ဗုံး​မရှိတဲ့​အတွက် ဗုံး​အ​သေး​ပဲ ​ပေါက်ပြီး​တော့​ ကျန်တဲ့​ပေါက်ကွဲမှု ထပ်မဖြစ်ဘူး​” လို့​ ​ပြောပါတယ်။

ဒါ့​အပြင် မန္တ​လေး​မြို့​ အခြား​နေရာ​တွေမှာလည်း​ ဗုံး​လန့်​မှု​တွေရှိ​နေပြီး​ မြို့​ခံ​တွေ စိုး​ရိမ်ထိတ်လန့်​နေကြကာ လုံခြုံ​ရေး​ အထူး​တင်း​ကျပ်ထား​တယ်လို့​လည်း​ အခြား​မန္တ​လေး​မြို့​ခံတဦး​က ဆိုပါတယ်။

“ဟိုနား​ပေါက်တယ်၊​ ဒီနား​တွေ့​တယ်​ပြောတာ။ အခု ကျ​နော်ထပ်ကြား​တာ ဒိုင်း​မွန်း​ပလာဇာမှာ ​တွေ့​တယ်လို့​ ကြား​တယ် မ​ပေါက်တဲ့​ဗုံး​ပေါ့​။ ရတနာပုံ ​ဈေး​နား​မှာ ​ဆောက်​နေတဲ့​ ပလာဇာအသစ်ကြီး​။ ​လော​လောဆယ်​တော့​ လုံခြုံ​ရေး​ တင်း​ကျပ်တဲ့​သ​ဘော ဖြစ်​နေတယ်။ ယူနီ​ဖောင်း​တွေနဲ့​ ​တွေ့​နေရတယ်။”

လက်ရှိ အ​ခြေအ​နေမှာ​တော့​ ၈၄ လမ်း​မ​ပေါ်က ဆိုင်​တွေ အား​လုံး​ ပိတ်ထား​ကြတယ်လို့​ အခြား​မန္တ​လေး​မြို့​ခံတဦး​က ဆိုပါတယ်။

“၈၄ လမ်း​မကြီး​ပေါ်မှာ ဆိုင်​တွေအကုန်လုံး​ ပိတ်ကုန်ပြီ။ ရဲ​တွေနဲ့​ လူ​တွေလည်း​ သတိထား​နေကြတယ်။ ဘာဆိုင်မှကို မရှိ​တော့​ဘူး​။ အဝတ်အစား​ ဆိုင်ကအစ မရှိ​တော့​ဘူး​။ ထီသည်ကအစ မရှိ​တော့​ဘူး​ ဒီ​နေ့​က။ လမ်း​ကြီး​က ​တော်​တော် ​ခြောက်ကပ်သွား​တယ်။”

ပထမတကြိမ် ​ဈေး​ချိုအနီး​ ဗုံး​ပေါက်ကွဲမှု​ကြောင့်​ ယာဉ်​နောက်လိုက် တဦး​ ဒဏ်ရာရှိခဲ့​တယ်လို့​ ဒီဗွီဘီက ​ဖော်ပြခဲ့​ပေမယ့်​ အမှန်မှာ​တော့​ မန္တ​လေး​ စည်ပင်သာယာ အမှိုက်သိမ်း​ ဝန်ထမ်း​နှစ်ဦး​ ဒဏ်ရာရရှိခဲ့​တာလည်း​ ဖြစ်ပါတယ်။

ဒါနဲ့​ ပတ်သက်ပြီး​ ပထမမျက်မြင်က အခုလို ရှင်း​ပြပါတယ်။

“နှစ်​ယောက်မှာ တ​ယောက်က လက်ကို ရှပ်ထိသွား​တယ်။ ပခုံး​ပေါ်မှာ အ​ပေါ်ကကျတဲ့​ မှန်စ​တွေ စိုက်ပြီး​တော့​ နည်နည်း​ ဒဏ်ရာများ​တယ်။ အဲဒီ နှစ် ​ယောက်က စည်ပင်အမှိုက်သိမ်း​နေကြတာ။ အမှိုက်သိမ်း​ဖို့​ တာဝန်ကျတာ ​လေး​ယောက်​ပေါ့​။ နှစ်​ယောက်က လက်ဖက်ရည် သွား​သောက်တဲ့​အခါမှာ ကျန် နှစ် ​ယောက်ကို ထိသွား​တာ။ မိန်း​က​လေး​က​တော့​ လက်မှာ နည်း​နည်း​ အစအန​လေး​တွေ မှန်တယ်​ပေါ့​နော်။ ​ယောက်ျား​လေး​က​တော့​ နည်း​နည်း​များ​တယ်။”

အလား​တူ ​နေ့​လယ် ၁၂ ခွဲ အချိန်​လောက်ကလည်း​ ပြင်ဦး​လွင်မြို့​အမှတ် (၃) ရပ်ကွက် ဗုံး​ပေါက်ကွဲခဲ့​တယ်လို့​ ပြင်ဦး​လွင်မြို့​ခံတဦး​က ​ပြောပါတယ်။

“လူမ​နေတဲ့​ အိမ်ကြီး​၊​ ၁၂ နာရီခွဲ​လောက်မှာ ဝုန်း​ဆိုတဲ့​အသံကြား​တယ်။ သိပ်လည်း​မဝေးဘူး။ အသံ​တော်​တော်ကျယ်​တော့​ ဂက်စ်အိုး​ပေါက်တယ်လို့​ ထင်တာ။ ဒါ​ပေမယ့်​ အဲဒီအိမ်ကို သွား​ကြည့်​တော့​ အိမ်အမိုး​အကုန် ပွင့်​သွား​ပြီး​တော့​ အထဲမှာ​ရေ​တွေနဲ့​ အနံ့​က ​တော်​တော်ပြင်း​တယ်​ပြောတယ်။ ဂက်စ်အိုး​နံ့​ မဟုတ်ဘူး​။ ဘာဗုံး​မှန်း​ကို မသိဘူး​ပေါ့​။ အဲလိုကွဲသွား​တာ။ ဘာမှမရှိဘူး​။ သူတို့​ကြိုတင် ပြင်ဆင်ထား​တာ ဖြစ်မှာ​ပေါ့​။ နှစ်ထပ်တိုက်​ခေါင်မိုး​ အကုန်ပွင့်​ထွက်သွား​တာ။ ​ဘေး​အုတ်တံတိုင်း​ပါ ပွင့်​တယ်။ ​တော်​တော်ပြင်း​တယ်။ အဲဒီ​ခေါင်မိုး​က ​ဘေး​အိမ်​တွေပါ သွား​တင်တယ်။ ​နောက်မှာ အခန်း​လေး​ရှိတာ​တောင်မှ ခပ်ယိုင်ယိုင်​လေး​ပဲ ကျန်တာ။ တ​ယောက်က အုတ်တံတိုင်း​က ခဲထိသွား​လို့​ ​ခေါင်း​နည်း​နည်း​ ထိခိုက်သွား​တာပဲရှိတယ်။ ဒါ​ပေမယ့်​ အပြင်း​အထန် မဟုတ်ဘူး​။ အ​သေအ​ပျောက် မရှိဘူး​ပေါ့​။”

ဒီက​နေ့​ တရက်တည်း​မှာ မြန်မာနိုင်ငံရဲ့​မြို့​တော်တခုဖြစ်တဲ့​ မန္တ​လေး​ ဗုံး​ပေါက်ကွဲမှု နှစ်ခုအပြင် ပြင်ဦး​လွင်မြို့​ ဗုံး​ပေါက်ကွဲမှုနဲ့​အတူ အစိုး​ရရုံး​စိုက်ရာ ​နေပြည်​တော်မှာလည်း​ ဒီက​နေ့​ ​နေ့​ခင်း​ပိုင်း​က ​ပေါက်ကွဲမှုတခု ဖြစ်ပွား​ခဲ့​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013