DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ် - မြ၀တီလမ်းဟောင်းတွင် ပစ်ခတ်မှုဖြစ်၊ ၃ ဦးသေဆုံး
DVB
·
October 7, 2015
ကော့ကရိတ် - မြ၀တီလမ်းဟောင်းတွင် ပစ်ခတ်မှုဖြစ်၊ ၃ ဦးသေဆုံး
Donate to DVB

ကရင်ပြည်နယ် ကော့ကရိတ် - မြ၀တီလမ်းဟောင်းပေါ်မှာရှိတဲ့ စောဟဲစခန်းမှာ မနေ့ အောက်တိုဘာ ၆ ၇က်နေ့က နေ့ခင်း ၂ နာရီမှာ ပစ်ခတ်မှုဖြစ်ပြီး ၃ ဦးသေဆုံးသွားပါတယ်။

ဖြစ်စဉ်ကတော့ စောဟဲစခန်းမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ နယ်ခြားစောင်တပ်က vigo ကားတစီးကို လုံခြုံရေးအရ တားဆီးရာမှာ ကားက အစစ်အဆေးမခံဘဲ ကာပေါ်ပါ လက်နက်နဲ့ ပစ်ခတ်ပြီး မောင်းနှင်ထွက်ပြေးတဲ့အတွက် နယ်ခြားစောင့်တပ်က ပြန်ပစ်ရာ ၃ ဦး သေဆုံးသွားတာဖြစ်ပါတယ်။

သေဆုံးသူတွေဟာ ဒီကေဘီအေခွဲထွက် ဗိုလ်နားမကြားအဖွဲ့ကဖြစ်တယ်လို့လည်း နယ်ခြားစောင့်တပ်ဖွဲ့ (ဘီဂျီအက်ဖ်)  ပြောခွင့်ရသူ ဗိုလ်မှူးနိုင်မောင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။

“ဒါက စစ်ဆင်ရေးနယ်မြေဖြစ်နေတာပေါ့နော်။ ကော့ကရိတ်- အောက်ဗိုလ်တဲကြားက ကျနော်တို့ရဲ့ အနီပြထားတဲ့ နယ်မြေပေါ့နော်။ အမှားအယွင်းမခံတဲ့နေရာပေါ့။ အမှားအယွင်းမခံတဲ့နေရာမှာ လက်နက်နဲ့ ၃ ယောက်ရောက်တယ်ဆိုပြီးတော့မှ ကျနော်တို့ တပ်ဖွဲ့ဝင်တွေသွားတယ်။ ကားတားတယ်။ လက်နက်ပါတယ်ဆိုရင်လည်း ကော့ကရိတ်မှာလည်း ဆက်ဆံရေးရုံးရှိတယ်လေ ရုံးမှာ လက်နက်အပ်ပြီးတော့ ဖြေရှင်းမယ်ပေါ့။ ဒါကို နားမထောင်ဘဲ ကားမောင်းပြေးတာပေါ့။ ကားပေါ်ကနေ သေနတ်နဲ့ ၂ ချက်ပစ်တယ်။  ပစ်တော့ ဒီကနေ ပြန်ပစ်တာပေါ။ ကားပေါ်မှာရှာလိုက်တော့ မူးယစ်ဆေးဝါးတွေလည်း တွေ့တယ်လေ။ သူတို့ရဲ့ ကတ်ပြားတွေ့တာကတော့ ၉၀၇ လို့ပြောတယ်။ အခုလောလောဆယ်တော့ ၉၀၇ ဆိုတာ ဗိုလ်နားမကြားအဖွဲ့ပဲရှိတယ်။”

သေဆုံးသူတွေထဲက တယောက်ဟာ အရင်က ဘီဂျီအက်ဖ်တပ်ဖွဲ့ဝင်ဖြစ်ပြီး လက်နက်နဲ့အတူ ထွက်ပြေးခဲ့တဲ့သူဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013