Home မြန်မာသတင်း ကေလးစစ္သားကို ပြန်လွှတ်ပေးရန် တောင်းဆို
ကလေးစစ်သားကို ပြန်လွှတ်ပေးရန် တောင်းဆို
နော်နိုရင်း
·
June 24, 2011
child solider အသက်မပြည့်သေးတဲ့ ကလေးငယ်ကို တပ်ကနေ ပြန်လွှတ်ပေးဖို့ မိဘတွေက အိုင်အယ်လ်အိုကို တိုင်ကြားခဲ့ပါတယ်။
ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ် အူကျွန်းဆွယ်ရွာမှာနေတဲ့ မောင်ချစ်သွယ်ဦးဟာ အခုနှစ် ဇန်နဝါရီလက အိမ်မဲမြို့မှာရှိတဲ့ ဗလီကျောင်းတခုမှာ သင်တန်းတက်ရင်း ပျောက်ဆုံးခဲ့တယ်လို့ ပြန်လွတ်မြောက်ရေးအတွက် အိုင်အယ်လ်အိုဆီ ကူညီတိုင်ကြားပေးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုတောင်သူလယ်သမား လုပ်ငန်းကော်မတီဝင် ဦးမောင်မောင်ကြီးက ပြောပါတယ်။
ပျောက်ဆုံးပြီး နှစ်လအကြာမှာ မိဘတွေဆီကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး သူဟာ ရှမ်းပြည်နယ် တောင်ကြီး စစ်သင်တန်းကျောင်းက ဓာတ်ခွဲခန်းမှာ သင်တန်းတက်နေကြောင်း မောင်ချစ်သွယ်ဦးက ပြောတယ်လို့ ဆိုပါတယ်။
မိဘတွေကလည်း သားနဲ့အဆက်သွယ်ရပြီး သွားရောက်တွေ့ဆုံခဲ့ရာမှာ အိမ်ပြန်လိုကြောင်းနဲ့ သင်တန်းမှာ မပျော်ကြောင်းလည်း မိဘတွေကို ပြောဆိုခဲ့တယ်လို့ ဦးမောင်မောင်ကြီးက ဆိုပါတယ်။
အိုင်အယ်လ်အိုကို တိုင်ကြားနေချိန်မှာပဲ အခုလ ၆ ရက်နေ့က မောင်ချစ်သွယ်ဦး(တပ်သား နံပါတ်/ ၄၄၈၁၈၅)ကို သင်တန်းဆင်းပြီး ဘယ်တပ်ပို့ဆောင်သလဲဆိုတာ မိဘတွေအနေနဲ့ စုံစမ်းလို့မရ ဖြစ်နေကြရပါတယ်။
မောင်ချစ်သွယ်ဦးဟာ လာမယ့် ဇွန်လိုင်လကျမှ သက် ၁၇ နှစ် ပြည့်မှာ ဖြစ်တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်ကို တပ်အရာရှိတွေက ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။
ဆက်စပ်သတင်းများ