DVB Logo
Home
Lead Story
အန်အယ်လ်ဒီအင်္ကျီများဝတ်ပြီး ဆိုက္ကားအစီး ၂၀၀ ကျော်ဖြင့် ကြို့ပင်ကောက်တွင် လှည့်လည်လှုံ့ဆော်
DVB
·
October 6, 2015
အန်အယ်လ်ဒီအင်္ကျီများဝတ်ပြီး ဆိုက္ကားအစီး ၂၀၀ ကျော်ဖြင့် ကြို့ပင်ကောက်တွင် လှည့်လည်လှုံ့ဆော်
1 / 5
Donate to DVB

အောက်တိုဘာလ ၆ ရက်နေ့ မနက် ၉ နာရီ မှာ ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့မှာ ဆိုက္ကားအစီး ၂၀၀ ကျော်က အန်အယ်လ်ဒီ အင်္ကျီတွေ ၀တ်ပြီး ပါတီအောင်နိုင်ရေးအတွက် မြို့ပေါ်မှာ လှည့်လည် လှုံ့ဆော်ခဲ့ပါတယ်။

ဒီလို အလံတွေ ၀တ်စုံတွေ ၀တ်ဆင်ပြီး မြို့ပေါ်ရှိ လမ်းမတွေပေါ်မှာ ၁ နာရီကျော် လှည့်လည်ပြီး သူတို့ရဲ့ လှုံ့ဆော်မှု အစီအစဉ်ကို ရပ်နားခဲ့ပါတယ်။ ဒီအောင်နိုင်ရေး အစီအစဉ်ကို အန်အယ်လ်ဒီ အစီအစဉ်နဲ့ မဟုတ်ဘဲ မြို့ပေါ်ရှိ အနှေးယာဉ်လုပ်သားတွေက သူတို့ စိတ်ဆန္ဒအလျှောက် ပါတီအောင်နိုင်ရေးအတွက် ကူညီပေးတာဖြစ်ပြီး အင်္ကျီတွေ အလံတွေအတွက် မြို့ပေါ်ရှိ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း ပါဝင်ကူညီခဲ့တယ်လို့ သိရပါတယ်။

ဒီလို မြို့တွင်းကို လှည့်လည်ဖို့ လမ်းကြောင်းကို အုပ်ချုပ်ရေးပိုင်းကို တရားဝင်ခွင့်ပြုမိန့် ရယူခဲ့တယ်လို့ သိရပါတယ်။

သတင်းဓာတ်ပုံ - မြတ်ဇော်ကို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013