Home မြန်မာသတင်း ထိုင်းတောင်ပိုင်း ယာဉ်တိုက်မှု မြန်မာ ၄ ဦးသေဆုံး
ထိုင်းတောင်ပိုင်း ယာဉ်တိုက်မှု မြန်မာ ၄ ဦးသေဆုံး
နော်နိုရင်း
·
June 24, 2011
dailynews ထိုင်းနိုင်ငံတောင်ပိုင်း ပရာချွတ်ခီရီခမ် ခရိုင်အတွင်း မနေ့ညနေက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ တင်ဆောင်တဲ့ ကားတစီးနဲ့ ၁၀ ဘီကားတစီးနဲ့ တိုက်မိရာမှာ ၅ ဦး သေဆုံးပြီး ၉ ယောက်ဒဏ်ရာရသွားပါတယ်။
ပရာချွတ် ခီရီခမ်ခရိုင် ဘန်းစဖန်းမြို့နယ်အတွင်းမှာ မြန်မာတွေစီးနင်းလာတဲ့ တောင်းအေ့စ် အမျိုးအစား မှန်လုံကားနဲ့ ၁၀ ဘီးကားတစီး တိုက်မှုဖြစ်ပွားခဲ့တာပါ။ ကားပေါ်ပါ မြန်မာတွေဟာ ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့မှာ အလုပ်သမား ယာယီနိုင်ငံကူး လက်မှတ်သွားလုပ်ကြတာဖြစ်ပြီး အပြန်မှာ ယာဉ်တိုက်မှု ဖြစ်တာပါ။
ရနောင်းက အပြန်ကားပေါ်မှာ ထိုင်းယာဉ်မောင်းတဦးနဲ့ မြန်မာအလုပ်သမား ၁၃ ဦး လိုက်ပါလာတာပါ။ ယာဉ်တိုက်မှုကြောင့် ထိုင်းယာဉ်မောင်းနဲ့ မြန်မာလေးဦး သေဆုံးပြီး ဒဏ်ရာရသူ ၉ ဦးကို ကုသနေတယ်လို့ ဘန်းစဖန်းဆေးရုံက ဖြေဆိုပါတယ်။
“၅ ယောက်သေပြီး ၉ ဦး ဒဏ်ရာရပါတယ်။ မနေ့ညနေ ၄ နာရီခွဲက ကားတိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဆေးရုံက အရေးပေါ်ကားနဲ့ ကယ်ဆယ်ရေးကားတွေက သွားခေါ်တာ ဖြစ်ပါတယ်။ အလုပ်ရှင်ကတော့ သူတို့ကို လာကြည့်ပါတယ်။ သူတို့ ဆွေမျိုး လာကြိုလား၊ မကြိုလားတော့ မပြောတတ်ဘူး။ တချို့လူတွေက အိမ်ပြန်လို့ရတော့ ပြန်သွားကြပါပြီ။”
ဆေးရုံတာဝန်ရှိသူရဲ့ ပြောဆိုချက်အရ ဒဏ်ရသူတချို့တော့ အိမ်ပြန်နိုင်ပေမယ့် တချို့က အတွင်းလူနာအဖြစ် ကုသမှု ခံယူနေရတယ်လို့ ပြောပါတယ်။
ဆက်စပ်သတင်းများ