DVB Logo
Home
နိုင်ငံရေး
နိုင်ငံ​ရေး​ပါတီကိုယ်စား​လှယ်များ​ ဂျပန်ပါလီမန်ကို လေ့​လာရန် ဖိတ်ကြား​ခံရ
DVB
·
June 23, 2011
Donate to DVB

ရွေး​ကောက်ပွဲဝင် နိုင်ငံ​ရေး​ပါတီ​တွေထဲက အနိုင်ရ နိုင်ငံ​ရေး​ပါတီ (၆) ခုရဲ့​ ကိုယ်စား​လှယ် အ​ယောက် (၂၀) ကို ဂျပန်နိုင်ငံ ပါလီမန်ကို ​လေ့​လာဖို့​ ဖိတ်ကြား​ထား​ပါတယ်။

ဂျပန်နိုင်ငံခြား​ရေး​ဌာနက အစီစဉ်မှုနဲ့​ Japan East Asia Network of Exchange for Student And Youths Programme က ဖိတ်ကြား​ခဲ့​တာ ဖြစ်ပါတယ်။

ဒီဖိတ်ကြား​ခံရတဲ့​အထဲမှာ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နှင့်​ဖွံ့​ဖြိုး​ရေး​ပါတီ၊​ အမျိုး​သား​ဒီမိုက​ရေစီအင်အား​စု၊​ တိုင်း​ရင်း​သား​ စည်း​လုံး​ညီညွတ်​ရေး​ပါတီတို့​အပါဝင် တိုင်း​ရင်း​ သား​ပါတီ​တွေထဲက ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​တက်​ရေး​ပါတီ၊​ မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီနဲ့​ ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုကရက်တစ်ပါတီတို့​ ပါဝင်ပါတယ်။

ဖိတ်ကြား​ခံထား​ရတဲ့​ အမျိုး​သား​ဒီမိုက​ရေစီအင်အား​စု ပါတီရဲ့​ ​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ဦး​ခင်​မောင်​ဆွေက ဒီ​လေ့​လာ​ရေး​ခရီး​စဉ်ရဲ့​ အစီအစဉ်​တွေနဲ့​ပတ်သက်ပြီး​ အခုလို ရှင်း​ပြပါတယ်။

“ပါတီ ငါး​ခုက နှစ်​ယောက်စီ​ပေါ့​။ ယူအက်စ်ဒီပီက​တော့​ ၁၀ ​ယောက်​ပေါ့​။ အား​လုံး​အ​ယောက် ၂၀၊​ ၃၅ နှစ်​အောက် ပါတီအဖွဲ့​ဝင်​တွေထဲက ​ရွေး​ပေး​ပါလို့​ ​ပြောတယ်။ ​နောက်ပိုင်း​လည်း​ အစဉ်အလာ ဖြစ်သွား​အောင်၊​ ပါလီမန်နဲ့​ ပတ်သက်တဲ့​ ကိစ္စ​တွေ ​လေ့​လာနိုင်​အောင် ဂျပန်နိုင်ငံခြား​ရေး​ ဝန်ကြီး​ဌာနက ဖိတ်တာပါ။ ဇူလိုင်လ လယ်​လောက်မှာ သွား​ဖို့​ရှိတယ်။ ကျ​နော်တို့​က​တော့​ မန္တ​လေး​ တ​ယောက်၊​ ရန်ကုန်တ​ယောက် ​ရွေး​ဖို့​တော့​ စီစဉ်ထား​ပါတယ်။ ၃၅ နှစ်​အောက်ပဲ။ ​ရွေး​တော့​ ​ရွေး​နေပြီ။ လကုန်ရင် သံရုံး​ကို ပို့​ပေး​ရမယ်။”

ရွေး​ကောက်ပွဲအပြီး​ နိုင်ငံ​ရေး​ပါတီ​တွေက ကိုယ်စား​လှယ်​တွေကို ​လေ့​လာ​ရေး​ ခရီး​စဉ်အဖြစ် ဂျပန်နိုင်ငံက ပထမဆုံး​ ဖိတ်ကြား​ခဲ့​တာဖြစ်ပြီး​ ဒီလိုဖိတ်ကြား​တာ​တွေ ရှိလာတဲ့​အ​ပေါ်ကိုလည်း​ ဦး​ခင်​မောင်​ဆွေက အခုလို ကြိုဆိုလိုက်ပါတယ်။

“နိုင်ငံ​ရေး​ပါတီက ပုဂ္ဂိုလ်​တွေကို ဖိတ်တယ်။ ဂျပန်နိုင်ငံလို ဖွံ့​ဖြိုး​ပြီး​ နိုင်ငံတခုက ဖိတ်တယ်ဆိုတာ​တော့​ နိုင်ငံတကာ နိုင်ငံ​ရေး​မှာ မြန်မာနိုင်ငံက လူငယ်​တွေ လွှတ်​တော်ကိုယ်စား​လှယ်​တွေဟာ စည်း​လုံး​ခွင့်​ရတယ်။ နိုင်ငံတကာ အ​တွေ့​အကြုံ​တွေကို ယူခွင့်​ရနိုင်တဲ့​ အ​နေအထား​တွေ ရတာ​ပေါ့​။ ​နောက်ပြီး​တော့​ ဒီအနိုင်ရ ပါတီ​တွေထဲက ​ရွေး​ဖိတ်တယ်ဆို​တော့​ ဒါလည်း​ သွား​ခွင့်​ရတဲ့​ လမ်း​ကြောင်း​ပေါ်ကို တရား​ဝင်ရတဲ့​အတွက် အနာဂတ် လူငယ်များ​အတွက် နိုင်ငံ​ရေး​နဲ့​ ပတ်သက်တဲ့​ ကိစ္စ​တွေမှာ နိုင်ငံတကာ စံချိန်စံညွှန်း​တွေကို ​လေ့​လာသိရှိပြီး​တော့​ ​ဆောင်ရွက်နိုင်မယ့်​ အခွင့်​အလမ်း​ ပွင့်​တယ်လို့​ပဲ ယူဆပါတယ်။ ​ကောင်း​တယ်လို့​ပဲ ​ပြောရမှာ​ပေါ့​။”

လက်ရှိအ​ခြေအ​နေမှာ​တော့​ ဂျပန်အစိုး​ရဟာ မြန်မာ့​ဒီမိုက​ရေစီအ​ရေး​ကို ​ထောက်ခံအား​ပေး​နေသလို တဖက်မှာလည်း​ မြန်မာအစိုး​ရအ​ပေါ် ​ဝေဖန်မှု​တွေနဲ့​အတူ ဖွံ့​ဖြိုး​တိုး​တက်​ရေး​လုပ်ငန်း​တွေအတွက် အ​ထောက်အပံ့​ အကူအညီ​တွေလည်း​ ​ပေး​အပ်​နေတဲ့​ နိုင်ငံ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013