DVB Logo
Home
မြန်မာသတင်း
၂၀၁၆ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ၀င်ခွင့်လျှောက်လွှာများ စတင်ရောင်းချ
DVB
·
October 2, 2015
၂၀၁၆ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ၀င်ခွင့်လျှောက်လွှာများ စတင်ရောင်းချ
Donate to DVB

၂၀၁၆ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ ၀င်ခွင့်လျှောက်လွှာတွေကို အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ရောင်းချပေးသွားမယ် လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ပြင်ပက ဖြေဆိုမယ့်ကျောင်းသား၊ ကျောင်းသူတွေအတွက်လည်း သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးတွေမှာ အောက်တိုဘာလ ၁ ရက်ကနေ ၃၁ ရက်နေ့အထိ သတ်မှတ် ကာလအတွင်း ၀င်ခွင့်လျှောက် လွှာပုံစံတွေကိုဖြည့်စွက်ပြီး တင်သွင်းလျှောက်ထား နိုင်ပါတယ်။

ဒီ့အတွက် လျှောက်လွှာပုံစံနှင့်ငွေသွင်းတံဆိပ်ခေါင်းတွေကို နေပြည်တော် ရုံးအမှတ် ၅၂၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန(ရုံးချုပ်) အပါအ၀င် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ်နယ်မြေ မှာရှိတဲ့ မြန်မာနိုင်ငံစာစာဦးစီးဌာန(ဇွဲကပင်ဆောင်) နှင့် အမှတ် ၁၆၆၊ လသာလမ်း၊ ရန်ကုန်မြို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ရုံးတွေမှာ လာရောက်ဝယ်ယူနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013