DVB Logo
Home
မြန်မာသတင်း
ခရီးသွားပြပွဲအတွက် တရုတ်ဧည့်လမ်းညွှန် ၁၀ ဦး ရအောင် ခေါ်ရမည်
DVB
·
June 23, 2011
ခရီးသွားပြပွဲအတွက် တရုတ်ဧည့်လမ်းညွှန် ၁၀ ဦး ရအောင် ခေါ်ရမည်
Donate to DVB

[caption id="attachment_11429" align="alignleft" width="310" caption="photo_Popularmyanmar"][/caption]

နေပြည်တော် ခရီးသွားပြပွဲအတွက် တရုတ်ဧည့်လမ်းညွှန် ၁၀ ဦး မရရအောင်ခေါ်ဖို့ ၀န်ကြီးဌာနက လမ်းညွှန်ချက်ပေးတာကြောင့် တရုတ်ဧည့်လမ်းညွှန်တွေကို အတင်းလိုက်ခေါ်နေတယ်လို့ သိရပါတယ်။

လာမယ့် ဇူလိုင်လဆန်း နေပြည်တော်မှာ လုပ်မယ့် ကျောက်မျက်ပြပွဲနဲ့အတူ  ခရီးသွားပြပွဲတခု ပြုလုပ်ဖို့ ဟိုတယ်ခရီးဌာနက စီစဉ်နေတာဖြစ်ပြီး အဲ့ဒီခရီးသွားပြပွဲမှာ ဟိုတယ်ခရီးအဖွဲ့တွေဖြစ်တဲ့ ဟိုတယ်အသင်း၊ စားဖိုမှူးအသင်း၊ စားသောက်ဆိုင်အသင်း၊ ဧည့်လမ်းညွှန်အသင်းစတဲ့ အသင်း ၁၁ သင်းက ပြခန်း ၁၁ ခန်း ဖွင့်လှစ်ပြသမှာ ဖြစ်ပါတယ်။

ဒီထဲပါတဲ့ ဧည့်လမ်းညွှန်အသင်းပြခန်းမှာ တာဝန်ချထားဖို့အတွက် အခုလို တရုတ်ဧည့်လမ်းညွှန် ၁၀ ဦး အလိုရှိနေတာ ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနက ဖိအားပေး ရှာဖွေခိုင်းနေတာလည်း ဖြစ်ပါတယ်။

ရန်ကုန်မှာ လက်ရှိ တရုတ်ဧည့်လမ်းညွှန်တွေ အလုပ်လက်ခံထားပြီး ဖြစ်နေတဲ့အကြောင်းကို ရန်ကုန်က ဧည့်လမ်းညွှန်တဦးက ပြောပါတယ်။

“ကျောက်မျက်ပြပွဲနဲ့ သွားတိုက်တဲ့အခါကျတော့ ကျောက်မျက်ပြပွဲလာတာ တရုတ်တွေများတယ်။ ထိုင်ဝမ်တို့ တရုတ်ပြည်မကြီးတို့က တရုတ်တွေ အများကြီးလာတော့ ဂိုက်တွေလည်း အကုန်လုံးငှားပြီးကုန်ပြီ။ ခရီးသွားလုပ်ငန်း ကုမ္ပဏီတွေကတဆင့် အကုန်ချိတ်ပြီး ငှားသွားကြပြီ။ ရန်ကုန်မှာ တရုတ်ဧည့်လမ်းညွှန် တယောက်မှ မရှိတော့ဘူး။ အဲဒီအခါကျမှ ရှာခိုင်းပြီးတော့ ကျနော်တို့က အလကား သွားထိုင်ပေးရမှာ။ အဲဒီလို ချောဆွဲသလိုမျိုးပေါ့။”

ပြည်တွင်းမှာ လက်ရှိမှတ်ပုံတင်ထားတဲ့ ဧည့်လမ်းညွှန် ၃,၁၀၀ လောက်ရှိပြီး အဲ့ဒီထဲ တရုတ်ဧည့်လမ်းညွှန်က နှစ်ရာလောက် ရှိပါတယ်။ ပြီးခဲ့တဲ့ နေပြည်တော် ကျောက်မျက်ပွဲတုန်းက တရုတ်ကုန်သည် လေးထောင်လောက် လာရောက် ၀ယ်ယူခဲ့ပြီး အခုဇူလိုင် ကျောက်မျက်ပွဲမှာတော့ တရုတ်ကုန်သည် ငါးထောင်လောက် လာမယ်လို့ မျှော်မှန်းထားကြောင်း သိရပါတယ်။

မြန်မာတပြည်လုံးမှာ ပြန့်ကျဲနေတဲ့ ဧည့်လမ်းညွှန်တွေကို စုစည်းပြီး ဧည့်လမ်းညွှန်အသင်း စနစ်တကျဖွဲ့ဖို့ အခုလ ၁၆ ရက်နေ့က ဟိုတယ်ခရီးဝန်ကြီး ဦးတင့်ဆန်းက ပြောခဲ့ပြီး ဧည့်လမ်းညွှန်အသင်းဖွဲ့ဖို့ ပြင်ဆင်နေပါတယ်။

အခုဖြစ်နေတဲ့ တရုတ်ဧည့်လမ်းညွှန်အရေး အပါအ၀င် ဖွဲ့ဖို့ပြင်နေတဲ့ ဧည့်လမ်းညွှန်အသင်းက တာဝန်ရှိသူတွေဟာ အထက်ကခိုင်းတာကိုပဲ လိုက်လုပ်ပေးနေပြီး ဧည့်လမ်းညွှန်တွေဘက်က ရပ်တည်တာ မတွေ့ရဘူးဆိုတဲ့ အပေါ် လက်ရှိဧည့်လမ်းညွှန်အသင်း ပြန်ကြားရေးတာဝန်ခံ ဦးကိုကိုလတ်က ခုလို တုံ့ပြန်ပါတယ်။

“နိုင်ငံသားတယောက်ကတော့ သူ့နိုင်ငံသား ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို လေးစားလိုက်နာရမယ်။ အပြုသဘောနဲ့ ကြီးကြပ်ဆောင်ရွက်ရမယ်။ အပြုသဘောနဲ့ ဝေဖန်လို့ရမယ်ပေါ့။ အဲဒါတော့ ရှိပါလိမ့်မယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013