DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တပ်မတော် နှင့် အစိုးရတပ်တို့ အပြန်အလှန်ဝိုင်းရံ
DVB
·
June 23, 2011
ရှမ်းပြည်တပ်မတော် နှင့် အစိုးရတပ်တို့ အပြန်အလှန်ဝိုင်းရံ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်တွင်း အခုလ ၂၁ ရက်နေ့က စတင်ဖြစ်ပွားတဲ့ ရှမ်းပြည်တပ်မတော်နဲ့ မြန်မာအစိုးရတပ်ကြားတိုက်ပွဲဟာ အခုအချိန်အထိ နှစ်ဖက်တင်းမာနေဆဲ ဖြစ်ပါတယ်။

[caption id="attachment_11417" align="alignright" width="310" caption="photo_DVB"][/caption]

ကျေးသီးမြို့နယ် ၀မ့်ဝပ်ကျေးရွာအုပ်စု တာ့ဖာဆောင်တံတားနားမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့မနက်ပိုင်းက စဖြစ်ပွားခဲ့တဲ့တိုက်ပွဲဟာ ဒီကနေ့မနက်အထိလည်း သေနတ်သံတွေ ထွက်နေဆဲ ဖြစ်ပါတယ်။ ရင်ဆိုင်တိုက်ပွဲမျိုး မဟုတ်ဘဲ တဘက်နဲ့ တဘက် အပြန်အလှန် ၀ိုင်းရံထားတဲ့ ပုံစံဖြစ်နေတာပါ။

ရှမ်းပြည်တပ်မတော် တပ်မဟာ ၇၂၆ က ခြေကုပ်ယူထားတဲ့ တာ့ဖာဆောင် စခန်းကို မြန်မာအစိုးရ ခလ၇ ၁၄၇ က တပ်အင်အား ၇၀ လောက်က ၀ိုင်းထားတယ်။ အဲဒီအစိုးရတပ်ကို ရှမ်းပြည်တပ်မတော် တပ်မဟာ ၃၆ အဖွဲ့က ပြန်ပြီး ၀ိုင်းထားတယ်လို့ ရှမ်းပြည်တပ်မတော် တပ်မှူးတဦးက ပြောပါတယ်။

နောက်ထပ်ရောက်လာတဲ့ ခလရ ၂၂၊ ၂၈၆၊ ခမရ  ၅၀၄၊ ၃၂၅ စတဲ့တပ်ရင်းတွေရော ရှမ်းပြည်တပ်မတော်က တပ်ရင်းတွေပါ မိုင်းရယ်၊ မိုင်းရှုး၊ ကျေးသီးစတဲ့ မြို့နယ်တွေရဲ့အစပ် မိုင်းတုံ၊ မိုင်းလား၊ မလန်း၊ ကိုင်ဖိုက်၊ နမ့်ပုတ် စတဲ့ရွာတွေအနီးမှာ တနေရာစီ အပြန်အလှန် ဖြန့်ကြက် နေရာယူထားကြတယ်။

ဒီလို အပြန်လှန်ဝိုင်းရံမှုတွေမှာ နောက်ထပ် ရင်ဆိုင်တိုက်ပွဲ မဖြစ်ပေမယ့် သေနတ်သံတွေတော့ ကြားနေရဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ အပြန်လှန် ၀ိုင်းရံမှုဖြစ်တဲ့ဒေသမှာ လွင်ပြင်ကြီး ဖြစ်နေတာကြောင့် စစ်ရေးအရ တိုက်ပွဲဖြစ်ရင် ထွက်ပေါက်မရှိဘဲ ပိတ်မိနေတဲ့ အခြေအနေ ဖြစ်နေတယ်လို့လည်း အဲဒီတပ်မှူးက ပြောပါတယ်။

ဇွန်လ ၂၁ နဲ့ ၂၂ ရက်နေ့က ဖြစ်တဲ့တိုက်ပွဲအတွင်း အစိုးရတပ်ဘက်က ၃ ယောက်ကျပြီး ၇ ယောက် ဒဏ်ရာရခဲ့ပြီး  ရှမ်းတပ်မတော်ဘက်က ၁ ယောက် ဒဏ်ရာရတယ်လို့ အဲဒီရှမ်းတပ်မှူးကပဲ ပြောပါတယ်။

ရှမ်းပြည်တပ်မတော် ဌာနချုပ်ရှိရာ ၀မ့်ဟိုင်းတ၀ိုက်မှာတော့ ဒေသခံရွာသားတွေ တိုက်ပွဲဖြစ်မှာ စိုးရိမ်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေတယ်လို့လည်း ဆိုပါတယ်။

အဲဒီ ရွာသားတွေဟာ မိမိနီးစပ်ရာ ဆွေမျိုးတွေရှိရာ မိုင်းရှူးမြို့ဘက်ကို ထွက်သွားကြသလို တချို့ကတော့ ထိုင်းနိုင်ငံဘက် ကူးလာတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013