DVB Logo
Home
Lead Story
ပန်းတနော်မြို့နယ် မင်းဂရုကျေးရွာ ဘုရားပွဲ မြင်ကွင်း
DVB
·
September 29, 2015
ပန်းတနော်မြို့နယ် မင်းဂရုကျေးရွာ ဘုရားပွဲ မြင်ကွင်း
1 / 4
Donate to DVB

တော်သလင်းလဆန်း(၁) ရက်ကနေ၊ လပြည့်ကျော် (၁) ရက်နေ့အထိ (၁၅)ရက်တာ ကျင်းပပြုလုပ်တဲ့ ပန်းတနော်မြို့နယ် မင်းဂရုကျေးရွာက ဘုရားပွဲဟာ ဆွမ်းတော်ကြီးကပ်ပွဲ၊ ဇတ်ပွဲ၊ ခြင်းခတ်ပြိုင်ပွဲ၊ ပွဲဈေးတန်းတွေနဲ့ စည်ကားပါတယ်။ ထူးခြားတာက မြန်မာ့ရိုးရာ လှေပြိုင်ပွဲ ပါဝင်တာပါ။ ဒေသခံ ရွာသားတွေတင် မဟုတ်ဘဲ အခြားရွာသားတွေကလည်း လာရောက်ပြိုင်ပွဲဝင်ကြပါတယ်။ ပြီးတော့ ခေတ်ကာလအရ သူတို့အရပ်ခေါ် (ဖား) ဆိုတဲ့ speed boad စပ်တပ်လှေငယ်လေးတွေနဲ့ပါ ယှဉ်ပြိုင်ကြတဲ့ ပွဲတွေပါ ပါဝင်ပါတယ်။ ရွာသူ၊ ရွာသားတွေက ဘုရားပွဲကို လာရောက်သူ ဘယ်သူမဆို ထမင်းဟင်းအပြင် ထိုးမုန့်၊ ကရေကရာ စတဲ့ အချိုမုန့်တွေနဲ့ပါ ဧည့်ခံတာမျိုးတွေတောင် ရှိပါတယ်။ ဘုရားဖူးလာကြသူတွေရဲ့ ပြောစကားအရ ဒီနှစ်ဘုရားပွဲဟာ ပိုစည်ကားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - အေးမိစံ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013