A d v e r t i s e m e n t With Us

မဲစာရင်း ပါမပါ သွားကြည့်ကြရန် ဟုမ္မလင်းပြည်သူကို ဒေါ်စုတိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာ ၂၇ ရက်နေ့ မနက် ၈ နာရီအချိန်က ဟုမ္မလင်းမြို့ရှိ ဘုန်းကြီးကျောင်းမှာ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပြီးနောက် ပြည်သူတွေနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါတယ်။ “ကျမတို့ပြည်သူတွေဟာ အသက် ၁၈ နှစ် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် မဲပေးပိုင်ခွင့်ဆိုတာ မဲဆန္ဒရှင် စာရင်းမှာပါဖို့လိုပါတယ်။ ဒီတော့ မဲဆန္ဒရှင် စာရင်းထဲမှာ ကိုယ်နာမည် ပါလား မပါလားဆိုတာဟာ ကိုယ်တိုင်သွားပြီးကြည့်ဖို့ အင်မတန်အရေးကြီးပါတယ်။ ကိုယ်မိသားစုကလည်း သွားပြီးတော့ကြည့်လို့ ရတာပေါ့နော် ကိုယ်ရဲ့ မဲဆန္ဒရှင်စာရင်းထဲမှာ မပါဘူးဆိုရင် ပါအောင်က ကိုယ်တိုင်လုပ်ရမယ်။ ကျမတို့အဖွဲ့ချုပ်က လုပ်ပေးလို့ မရဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါသည်။ ဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဟုမ္မလင်းမြို့ကနေ နေ့လယ် ၁ နာရီ ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up