Home
မြန်မာသတင်း
နုန်းကန် ပြိုကျမှုကြောင့် သေဆုံးကလေးငယ်ကို ကုမ္ပဏီက နစ်နာကြေး သိန်း ၇၀ ပေး
DVB
·
September 27, 2015
12032154_173261716343447_1855972552202475042_n copy
12049685_173261639676788_5987078722026351908_n
12042645_173261746343444_6360246196729793350_n
12037975_173261663010119_7628704375369068590_n
12036943_173261693010116_4712369991621070536_n
12032154_173261716343447_1855972552202475042_n
12032045_173261863010099_3001516958824445441_n
တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသ တောင်ဘက်က ဒယ်ကိုမိုင်း သတ္တုတူးဖော်ရေး ကုမ္ပဏီရဲ့ စွန့်ပစ် နုန်းကန်ပြိုကျခဲ့တာကြောင့် သေဆုံးခဲ့တဲ့ ၁၂ နှစ်အရွယ် ကလေးငယ်အတွက် ကုမ္ပဏီက နစ်နာကြေး သိန်း ၇၀  ပေးအပ်ခဲ့ပါတယ်။ စက်တင်ဘာ ၂၃ ရက်ည ၇ နာရီခွဲလောက်က နုန်းကန်ပြိုကျပြီး ရွာကို ပတ်စီးဆင်းနေတဲ့ ချောင်းအတိုင်း နုန်းတွေ စီးဆင်းလာတဲ့အတွက် နေအိမ် ၁၁ အိမ်လောက် ပြိုကျခဲ့ပြီး အိမ် ၄၀ လောက် ရွှေ့ပြောင်းခဲ့ရပါတယ်။ နေအိမ်ပျက်စီးသွားတဲ့ ဒုက္ခသည် ၉၀ လောက်ကို ဗောဓိကုန်း မာန်အောင်ကျောင်းမှာ စောင့်ရှောက်ထားခဲ့ပါတယ်။ ပျက်စီးသွားတဲ့ အိမ်တွေကို ပေ ၄၀ ပေ ၆၀ မြေကွက်တွေ ရိုက်ပေးပြီး သင့်တင့်တဲ့ အိမ်ရာတွေ ဆောက်လုပ်ပေးသွားမယ်လို့ ကံဘောက်ဒေသ စခန်းမှူး ကျော်ဆန်းဦးက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒယ်ကိုကုမ္ပဏီက တာဝန်ရှိသူ ၂ ဦးကိုလည်း ၄/၂၀၁၅ အရ အမှုဖွင့်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ဒယ်ကိုမိုင်းကုမ္ပဏီဟာ ကံပေါက်မှာ ၂၀၁၀ ပြည့်နှစ်လောက်ကနေ စတင်လုပ်ကိုင်ခဲ့ပြီး  မြေဧက ၂၀၀၀ ကျော်မှာ ခဲမဖြူ၊ အဖြိုက်နက် ဆက်စပ် သတ္တုတွေကို ရှာဖွေ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - ထွန်းကျော်မောင် (cj)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024