DVB Logo
Home
မြန်မာသတင်း
အင်းတကော် ဟုန်းကရူးအထည်ချုပ် အလုပ်သမားများ ဆန္ဒပြ (ရုပ်သံ)
DVB
·
September 25, 2015
အင်းတကော် ဟုန်းကရူးအထည်ချုပ် အလုပ်သမားများ ဆန္ဒပြ (ရုပ်သံ)
Donate to DVB

ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့နယ်ထဲက ဟုန်းကရူး အထည်ချုပ်စက်ရုံမှာ လုပ်ခလစာနည်းတဲ့အတွက် တိုးပေးဖို့ အလုပ်သမားတွေ စက်တင်ဘာ ၂၄ ရက်က စတင်ဆန္ဒပြနေကြပါတယ်။

အင်းတကော်မြို့နယ်ထဲက ဟုန်းကရူးအထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေကို သတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်ခ ၃၆၀၀ ကျပ် ပေးပေမယ့် အရင်ပေးထားတဲ့ ကျွမ်းကျင်ကြေး၊ ထောက်ပံ့ကြေး၊ ရက်မှန်ကြေး၊ အိုတီကြေး စတာတွေ အကုန်ဖြတ်တောက်ပစ်လိုက်တာကြောင့် ဆန္ဒပြနေကြတာပါ။

ဆန္ဒပြအလုပ်သမား မသန်းသန်းစိုးက “ဘာကြောင့် ဆန္ဒပြရတာလဲဆိုတော့ အစိုးရက သက်မှတ်လိုက်တဲ့ ၃၆၀ဝ ကိုပဲ ပေးပြီးတော့ ကျန်တဲ့ထောက်ပံ့ကြေး၊ ကားခ ကျွမ်းကျင်ကြေးတွေ အားလုံးကို ဖြုတ်လိုက်ပါတယ်။ ဖြုတ်လိုက်တော့ ကျမတို့ ကျွမ်းကျင်ရဲ့ လစာဟာ ၁ သိန်းနဲ့ ၈ ထောင်ပဲ ရှိပါတယ်။ အဲဒီတော့ ဒီဈေးနှုန်းနဲ့ရတာ အလုပ်သမားဈေးနှုန်းတွေကသာ မတက်လာတာပေါ့နော်။ ကုန်ဈေးနှုန်းကတက်လာတယ်။ အဲဒီအတွက်ကို ဆန္ဒပြရခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အဲဒီစက်ရုံမှာ အလုပ်သမား ၄ ထောင်ကျော်ရှိပြီး စက်တင်ဘာ ၂၄ ရက်နေ့ မနက်ပိုင်းက စတင်ဆန္ဒပြကြခဲ့ကြပါတယ်။ အလုပ်သမားတွေကို အေဘီစီ အဆင့်ခွဲထားပြီး လုပ်ခ ပေးတဲ့အပေါ်လည်း မကျေနပ်ဘူးလို့ ပြောပါတယ်။

အလုသမားတဦးဖြစ်တဲ့ မစိုးစိုးက “အေဘီစီခွဲတယ်။ အေဘီစီ ခွဲလိုက်သေးတယ်။ စီကျတော့ ၅၄၀၀၀၊ တနေ့ကို ၁၈၀၀ နဲ့ ပးတာ။ ဘီသမားကိုကျတော့ ၂၇၀၀ နှုန်းနဲ့ ပေးတယ်။ ကျမတို့ အဲဒါလည်း မကျေနပ်ဘူး။  အေဘီစီ ခွဲတာကိုလည်း မကျေနပ်ဘူး။ အကုန်လုံး တန်းတူ အဲလိုမျိုးပေးရမယ်။ နောက်ပြီးတော့ ထောက်ပံ့ကြေးလည်းယူမယ်။ ကျွမ်းကျင်ကြေး အကုန်လုံး အဲဒါတွေ ပြန်လိုချင်တယ်” လို့ ပြောပါတယ်။

အလုပ်သမားတွေဘက်က ကိုယ်စားလှယ် ၁၀ ဦးနဲ့ စက်ရုံဘက်က တာဝန်ရှိသူတွေ ညှိနှိုင်းခဲ့ကြသလို ပဲခူးအလုပ်သမားရုံးကလည်း လာရောက်ညှိနှိုင်းပေးခဲ့ပြီးနောက် သဘာတူညီမှု တချို့ ရရှိခဲ့တယ်လို့ ပြောပါတယ်။

အလုပ်သမားကိုယ်စားလှယ် မစုနွယ်ဝင်းက “အိုတီကြေးဆိုလည်း မပေးပါဘူး။ သမီးတို့ကို ဘာကြေးမှလည်း မပေးပါဘူး။ အရင်တုန်းက အကုန်လုံးပေးတယ်ဆိုပေမယ့် အခု အဲဒါ တကျပ်မှာ ပါမလာပါဘူး။ အခု ၃၆၀၀ ဆိုပေမယ့် ၃၆၀၀ ပေးပြီးတော့ ဘာကြေးမှမပါလာဘူး။ ၁ နှစ်ကျော်ရင် ၅၀၀၀ ပေးတဲ့အထဲမှာ ၂ နှစ်ဆိုရင် ၃၀၀၀ အဲဒါကလည်း နည်းသွားပါတယ်။ အခု ပေးမယ်ဆိုပြီး ပြောတာ ပါးစပ်ကပဲ ပြောသေးတာ။ ဘာမှတရားဝင်လည်း မရှိသလို အထောက်အထားလဲ မရှိသေးပါဘူး” လို့ ပြောပါတယ်။

ကျွမ်းကျင်ကြေး ကျပ် ၁၀၀၀၀ တောင်းတာကို ကျပ် ၈၀ဝ၀ နဲ့  ရက်မှန်ကြေးကျပ် ၆၅၀ဝ ကို ပေးဖို့ သဘောတူပြီး  ၉ လပိုင်း မတိုင်ခင်ကတည်းက လူဟောင်းတွေကိုတော့ တနေ့ ၃၆၀ဝ ပေးမယ်လို့ ပြောခဲ့ပေမယ့် တရားဝင်စာချုပ် မချုပ်ရသေးဘူးလို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013