DVB Logo
Home
Lead Story
ဧရာဝတီတိုင်းတွင် ၈၈ မျိုးဆက်အဖွဲ့က ရွေးကောက်ပွဲပညာပေး (ဓာတ်ပုံ)
DVB
·
September 25, 2015
ဧရာဝတီတိုင်းတွင် ၈၈ မျိုးဆက်အဖွဲ့က ရွေးကောက်ပွဲပညာပေး (ဓာတ်ပုံ)
1 / 4
Donate to DVB

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး၊ ဒေါ်နီလာသိန်းနဲ့ ဒေါ်မီးမီး အစရှိတဲ့ ကျောင်းသားခေါင်းဆောင်တွေက ဧရာဝတီတိုင်း ဒါးကမြို့နဲ့ ကန်ကြီးဒေါင့် မြို့တွေမှာ စက်တင်ဘာ ၂၅ ရက်နေ့ ရွေးကောက်ပွဲ ပညာပေး ဟောပြောမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

နိုဝင်ဘာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံသားတိုင်းရဲ့ အခွင့်အရေးဖြစ်တဲ့ မဲပေးနိုင်ခွင့်တွေ မဆုံးရှုံးဖို့နဲ့ ကိုယ့်မိသားစုဝင်တွေရဲ့ အမည်နာမည်စာရင်းတွေ ပါမပါ ၊ မှန်မမှန် သွားရောက်စစ်ဆေးဖို့ စတစ်ကာတွေ ဖြန့်ဝေ လှုံ့ဆော်ပြီး လူထုကို တအိမ်တက်ဆင်း စည်းရုံးဟောပြောမှုတွေ ပြုလုပ်နေပါတယ်။

ဦးကိုကိုကြီးနဲ့အဖွဲ့ဟာ မွန်းလွဲပိုင်းမှာ ပုသိမ်မြို့နဲ့ မြောင်းမြမြို့တွေကို ဆက်လက် ထွက်ခွာပြီး စည်းရုံးဟောပြောမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - စိုးရ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013