DVB Logo
Home
နိုင်ငံရေး
ရှမ်း​ပြည်တပ်မ​တော်နှင့်​ အစိုး​ရတပ် တိုက်ပွဲဆက်လက်ဖြစ်ပွား
DVB
·
June 23, 2011
ရှမ်း​ပြည်တပ်မ​တော်နှင့်​ အစိုး​ရတပ် တိုက်ပွဲဆက်လက်ဖြစ်ပွား
Donate to DVB


ဌာ​နေပြည်သူ့​စစ်အသွင်း​ပြောင်း​ဖို့​ ငြင်း​ဆန်ခဲ့​တဲ့​ ရှမ်း​ပြည်တပ်မ​တော်နဲ့​ အစိုး​ရ တပ်တို့​ကြား​ တိုက်ပွဲ​တွေ ဆက်တိုက်ဖြစ်ပွား​နေရာမှာ ရှမ်း​ပြည်​တောင်ပိုင်း​ ဝမ်ဟိုင်း​ဌာနချုပ်အနီး​က ​ကျေး​သီး​မြို့​နယ်ထဲမှာ ဇွန် ၂၂ ရက်အထိ တိုက်ပွဲဖြစ်​နေပါတယ်။

တိုက်ပွဲက ရှမ်း​ပြည်တပ်မ​တော် ဝမ်ဟိုင်း​ဌာနချုပ်ရဲ့​ အ​နောက်ဘက် ၁၀ မိုင်အကွာ ဖာ​ဆောင်ဆိုတဲ့​ တံတား​နား​မှာ ဖြစ်ပွား​နေတာပါ။

ရှမ်း​ပြည်တပ်မ​တော် တပ်မဟာ ၁၈၇ နဲ့​ ၇၂၆ တို့​ လှုပ်ရှား​နေတဲ့​ အဲဒီနယ်​မြေမှာ အစိုး​ရ ​ခြေလျင်တပ်ရင်း​ ၁၄၇ နဲ့​ တိုက်ပွဲဖြစ်ခဲ့​တာဖြစ်ပြီး​ နှစ်ဘက်စလုံး​က အင်အား​ ၇၀ ​ကျော်​လောက်စီ ရှိကြတယ်လို့​ ရှမ်း​ပြည်တပ်မ​တော်ရဲ့​ တပ်မှူး​တ​ယောက်က ​ပြောပါတယ်။

မ​နေ့​ မနက် ၇ နာရီခွဲက​နေ စတင်တဲ့​ ပစ်ခတ်မှု​တွေဟာ ည ၁၁ နာရီ​ကျော်မှာ ရပ်တန့်​ရာက ဒီ​နေ့​မနက်မှာ ဆက်လက်တိုက်ခိုက်​နေကြပြီး​ နှစ်ဘက် ထိခိုက်ကျဆုံး​မှု ရှိတယ်လို့​ ​ပြောပါတယ်။

အခုတိုက်ပွဲဖြစ်တဲ့​နေရာနဲ့​ ၁ မိုင်​လောက်အကွာမှာ ​ကျေး​သီး​အ​ခြေစိုက် အစိုး​ရတပ်ရင်း​ ခလရ ၂၂ နဲ့​ ခလရ ၆၇ က အင်အား​ဖြည့်​တင်း​ ​နေရာယူထား​တယ်လို့​ ​ဒေသခံက ​ပြောပါတယ်။

တိုက်ပွဲဖြစ်​နေတဲ့​တဝိုက်မှာ ဖာ​ဆောင်၊​ ငူး​လိုမ်၊​ ​ကောင်း​လင်း​ စတဲ့​ရွာငယ်​လေး​တွေ ရှိ​နေပြီး​ တိုက်ပွဲဖြစ်ရင် ရှမ်း​စစ်သား​အ​ကြောင်း​ သတင်း​မေး​ခံရတာ၊​ သူပုန်​ထောက်ပံ့​အား​ပေး​တာလို့​ စွပ်စွဲပြီး​ နှိပ်စက်ခံ​နေရတဲ့​အတွက် အထိတ်တလန့်​နဲ့​ ​နေ​နေကြရတယ်လို့​ ဆိုပါတယ်။

ဇွန် ၂၀ ရက်ကလည်း​ ရှမ်း​ပြည်တပ်မ​တော် ဝမ့်​ဟိုင်း​ဌာနချုပ်ရဲ့​ အ​နောက်ဘက် ​ကျေး​သီး​မြို့​နယ်နဲ့​ ​မြောက်ဘက် မိုင်း​ရယ်မြို့​နယ်​တွေဘက်မှာ အစိုး​ရတပ်ဘက်က ဝိုင်း​ရံထား​ပြီး​ ဝမ်ဟိုင်း​ဌာနချုပ်ကို သိမ်း​ပိုက်ဖို့​ ကြိုး​ပမ်း​နေတယ်လို့​ နယ်စပ် စစ်ဘက်သတင်း​တွေက ​ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013