A d v e r t i s e m e n t With Us

မြစ်ကြီး​နား​ ဗုံး​ဆက်တိုက် ​ပေါက်ကွဲ

ကချင်ပြည်နယ်အတွင်း​ တိုက်ပွဲ​ကြောင့်​ ထွက်​ပြေး​လာသူများ​မ​နေ့​ညက ကချင်ပြည်နယ် မြစ်ကြီး​နား​မြို့​နယ်တဝိုက် အနည်း​ဆုံး​ ​နေရာသုံး​ခုမှာ ဗုံး​တွေ ဆက်တိုက်​ပေါက်ကွဲခဲ့​ပါတယ်။ ကချင်ပြည်နယ် မြစ်ကြီး​နား​မြို့​က ရဲစခန်း​နဲ့​ လဝကရုံး​မှာ မ​နေ့​ည သန်း​ခေါင်မတိုင်ခင် ဗုံး​နှစ်လုံး​ အနည်း​ဆုံး​ ဆက်တိုက်​ပေါက်ကွဲခဲ့​ပါတယ်။ မြစ်ကြီး​နား​မြို့​ မြို့​မရပ်ကွက်၊​ ဗိုလ်ချုပ်​အောင်ဆန်း​လမ်း​အနီး​က အမှတ် (၁) ရဲစခန်း​နား​နဲ့​ လဝကရုံး​နား​မှာ ​ပေါက်ကွဲတာလို့​ ​ဒေသခံ​တွေက ​ပြောဆိုပြီး​ အ​သေအ​ပျောက် မကြား​သိရဘူး​လို့​ ဆိုပါတယ်။ ဒါ့​အပြင် မြစ်ကြီး​နား​-မန္တ​လေး​ရထား​လမ်း​ပေါ် နန်း​ကွေ့​တံတား​မှာ ဗုံး​ကွဲသလို မရမ်း​ကျေး​ရွာ ဘူတာရုံမှာလည်း​ ဗုံး​တွေ ညက ​ပေါက်​သေး​တယ်လို့​ ဆိုပါတယ်။ “အမှတ် ၁ နား​နဲ့​ လဝကလို့​ ကြား​တာပဲ ကျ​နော်တို့​ ၁၁ နာရီ​လောက်။” “ကြား​နေရတာ ၅ လုံး​တောင် ​ပြော​နေကြတာ မရမ်း​ဘက်မှာလည်း​ ကွဲတယ်။ နန်း​ကွေ့​တံတား​မှာလည်း​ ကွဲတယ်ဆို​တော့​ ဟုတ်မှာ​ပေါ့​။” ဗုံး​ပေါက်ကွဲမှုနဲ့​ပတ်သက်လို့​ ရဲစခန်း​နဲ့​ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​ရုံး​ကို ဖုန်း​အဆက်သွယ် ပြုလုပ်​ပေမယ့်​ ပြန်လည်မ​ဖြေကြား​ခဲ့​ပါဘူး​။ ဒီ​ပေါက်ကွဲမှုကို အစိုး​ရတပ်​တွေနဲ့​ စစ်ဖြစ်​နေတဲ့​ ကချင်လွတ်လပ် ​ရေး​အဖွဲ့​က လုပ်​ဆောင်ဖွယ် ရှိတယ်လို့​ ခန့်​မှန်း​ချက်​တွေ ထွက်​ပေါ်​နေတာနဲ့​ ပတ်သက်လို့​ ​ကေအိုင်အို ​ပြောခွင့်​ရသူ ဦး​လနန်း​က ဒီ​ပေါက်ကွဲမှုကို ​ကေအိုင်အို လုပ်​ဆောင်တယ်ဆိုတဲ့​ အစီရင်ခံစာ​တော့​ တက်မလာ​သေး​တဲ့​အ​ကြောင်း​၊​ ဒါ​ပေမယ့်​ ​ကေအိုင်အို ​ရှေ့​တန်း​တပ်​တွေရဲ့​ လက်ချက်လည်း​ ဖြစ်နိုင်​ကြောင်း​ ​ပြောပါတယ်။ “ဖြစ်တာ​တော့​ ဖြစ်သွား​ပြီ​လေ။ ဘယ်အဖွဲ့​ဆိုတာ report (အစီရင်ခံစာ) မတက်​သေး​ဘူး​။ ရဲစခန်း​ဆို​တော့​ အဲဒီရဲစန်း​နဲ့​ပတ်သက်ပြီး​တော့​ မ​ကျေနပ်တဲ့​သူက အများ​ကြီး​ရှိတယ်​လေ။ ဘယ်အဖွဲ့​ ဟုတ်တယ်ဆိုတာ တိတိပပမရှိ​တော့​ ကျ​နော်တို့​အဖွဲ့​ လုပ်တယ်ဆိုပြီး​တော့​ ယတိပြတ်​ပြောဖို့​က​တော့​ နည်း​နည်း​စော​သေး​တယ်။ မဟုတ်ဘူး​လို့​လည်း​ မ​ပြောနိုင်ဘူး​။ ဟုတ်တယ်လို့​လည်း​ ​ပြောလို့​မရ​သေး​ဘူး​။” အစိုး​ရက အပစ်ရပ် ကချင်လွတ်လပ်​ရေး​တပ်မ​တော်ကို လုံး​ဝလက်နက်ချဖို့​ ​တောင်း​ဆိုလို့​ နှစ်ဘက်တင်း​မာ​နေရာက​နေ အခုလ ၉ ရက်​နေ့​မှာ အပစ်အခတ် ရပ်စဲ​ရေး​ တရား​ဝင်ကျိုး​ပေါက်ပြီး​ တိုက်ပွဲ​တွေ ဖြစ်​နေတာပါ။ ဒီဖြစ်စဉ်အတွင်း​ အစိုး​ရတပ်​တွေရဲ့​ ​ထောက်ပံ့​ရေး​လမ်း​ကြောင်း​ကို ဖြတ်​တောက်ဖို့​ ​ကေအိုင်အိုက တံတား​ ဒါဇင်နဲ့​ ချီပြီး​ မိုင်း​ခွဲဖျက်ဆီး​ခဲ့​ပါတယ်။ ဒါ​ကြောင့်​ မြစ်ကြီး​နား​မြို့​ ဗုံး​ခွဲမှုနဲ့​ ပတ်သက်လို့​ နိုင်ငံ​ရေး​ ​တောင်း​ဆိုချက် ရှိမလား​လို့​ ​မေး​ရာမှာ ဦး​လနန်း​က အခုလို​ပြောပါတယ်။ “အခုဟာက ကျ​နော်တို့​နဲ့​ တိုက်​နေတဲ့​အတွက်​ကြောင့်​မို့​ ဖြစ်စဉ်က ဆန်ဂန်ပို့​စ်၊​ တပ်ရင်း​ (၁၅) မှာပဲ တိုက်ပွဲက ဖြစ်တာမဟုတ်ဘူး​။ ​နေရာတကာ ပျံ့​သွား​ပြီ​လေ။ အဲခါကျ​တော့​ စစ်​ရေး​ဗျူဟာအရ ကျ​နော်တို့​အတွက် အချက်အချာကျတဲ့​နေရာကို ဖျက်ဆီး​တဲ့​အပိုင်း​တွေ လုပ်တယ်။ တကယ်လို့​များ​ ကျ​နော်တို့​ပဲ ဗုံး​ကွဲတယ်ဆို​ပေမယ့်​ လုပ်တာ အဓိကက​တော့​ အစိုး​ရတပ်နဲ့​ တိုက်​နေတဲ့​အတွက်​ကြောင့်​မို့​ အစိုး​ရယန္တရား​ကို သွား​ပြီး​တော့​ လုပ်တဲ့​အပိုင်း​တွေရှိတယ်။ လူထုကို​တော့​ ထိခိုက်​အောင် လုပ်တာ မရှိ​သေး​ဘူး​။ အခုထိ​တော့​ ကျ​နော်တို့​ လုပ်တဲ့​အပိုင်း​မှာ လူထု​တွေ တိုက်ရိုက် ကျည်ဆန်မှန် ဒဏ်ရာရတာမျိုး​၊​ မိုင်း​ကွဲပြီး​တော့​ ဒဏ်ရာရ ​သေဆုံး​တာမျိုး​တော့​ မရှိ​သေး​ဘူး​။ လုပ်လည်း​မလုပ်ဘူး​။ ကျ​နော်တို့​လုပ်တာက သူ့​ရဲ့​ target (ပစ်မှတ်) ရှိတယ်။ စစ်​ရေး​အရ​ပေါ့​နော်။ နိုင်ငံ​ရေး​အရက​တော့​ စစ်​ရေး​နောက်မှလာတာပါ။ အခုဟာက စစ်​ရေး​အတွက်သာ ဖြစ်​နေတယ်။ အဲဒီမှာ ဘယ်မှာလုပ်သင့်​တယ်ဆိုတာ ​ရွေး​ချယ်မှု target ရှိတယ်။ target ထား​ပြီး​ ရည်ရွယ်ချက်ထား​ပြီး​ လုပ်တာပါ” လို့​ ​ပြောပါတယ်။ ကေအိုင်အိုနဲ့​ အစိုး​ရတပ်​တွေအကြား​ တိုက်ပွဲ​တွေက​တော့​ မ​နေ့​ကနဲ့​ ဒီက​နေ့​မနက် မရှိ​တော့​သ​လောက် နီး​ပါး​ပဲလို့​ ဦး​လနန်း​က ​ပြောပါတယ်။ အခုလတ်တ​လောမှာ နယ်စပ်ကို​ရောက်ရှိလာတဲ့​ ​ထောင်ချီတဲ့​ဒုက္ခသည်​တွေ ​နေထိုင်စား​သောက်​ရေး​။ ကျန်း​မာ​ရေး​ကိစ္စကို တပိုင်တနိုင်​ဆောင်ရွက်​ပေး​နေတယ်လို့​ သူက ​ပြောပါတယ်၊ နယ်စပ်ကိုလည်း​ မ​ရောက် တရုတ်နိုင်ငံဘက်တွင်း​ကို ဝင်​ရောက်ဖို့​လည်း​ မလွယ်တဲ့​ မိုး​ညှင်း​မြို့​နယ်ထဲက စစ်​ပြေး​ဒုက္ခသည်​တွေဟာ ​တောတွင်း​ ဝါး​ရုံပင်​တွေ​အောက်မှာ မိုး​ကာ​တွေမိုး​ပြီး​ ဖြစ်သလို အသက်ဆက်​နေကြတယ်လို့​ ဦး​လနန်း​က ရှင်း​ပြပါတယ်ဗျာ၊ “တခြား​က​နေပြီး​တော့​ အန်ဂျီအိုတို့​ ဘာတို့​က​တော့​ အခုထက်ထိ လာပြီး​တော့​ ထိ​တွေ့​ပြီး​တော့​ အကူအညီ​ပေး​တာမျိုး​တော့​ ဒီဘက်က​တော့​ အလှမ်း​ဝေး​တယ်​လေ။ ထိုင်း​ကလို​တော့​ မဟုတ်ဘူး​လေ။”

A d v e r t i s e m e n t With Us

More News
Up