A d v e r t i s e m e n t With Us

အမေရိကန် ဒီဗွီကံစမ်းမဲ အစီအစဉ်နှင့် ပတ်သက်ပြီး သံရုံးက အရေးပေါ်ကြေညာ

၂၀၁၇ ခုနှစ် ဒီဗွီကံစမ်းမဲဗီဇာ အစီအစဉ်နဲ့ပတ်သက်ပြီး သတင်းအချက်အလက် အမှားတွေကို ဖော်ပြနေတဲ့ အမေရိကန်အစိုးရနဲ့ မသက်ဆိုင်တဲ့ ဝက်ဘ်ဆိုက်တွေနဲ့ အမေရိကန်ဗီဇာနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေကို ဖြန့်ဝေနေတဲ့ အီးမေးလ်တွေ ရှိနေတယ်လို့ မြန်မာနိုင်ငံ အမေရိကန်သံရုံးက ဒီနေ့ အရေးပေါ် ကြေညာလိုက်ပါတယ်။ ၂၀၁၇ ခုနှစ် ဒီဗွီကံစမ်းမဲဗီဇာ အစီအစဉ်အတွက် လျှောက်လွှာတင်ဖို့ ရက်မသတ်မှတ်ရသေးဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဘယ်ဝက်ဘ်ဆိုက်တွေဟာ အတုတွေဖြစ်တယ်ဆိုတာ ဖော်ပြမထားပေမယ့် ဝက်ဘ်ဆိုက်လိပ်စာရဲ့ ဒိုမိန်း အမည်နောက်မှာ .gov နဲ့ဆုံးတဲ့ လိပ်စာမျိုးတွေကပဲ အမေရိကန်အစိုးရရဲ့ တရားဝင် ၀က်ဘ်ဆိုက်တွေ ဖြစ်တယ်လို့ ပြောပါတယ်။ အမေရိကန်အစိုးရရဲ့ ဗီဇာ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေကို ရန်ကုန် အမေရိကန်သံရုံးရဲ့ http://burma.usembassy.gov/visas.html လိပ်စာမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ အမေရိကန်ရဲ့ ဒီဗွီ ဗီဇာ ကံစမ်းမဲဟာ အမေရိကန်မှာ နေထိုင်ခွင့်ပေးဖို့ ကမ္ဘာတ၀န်းက လူတွေ အင်တာနက် အွန်လိုင်းကနေ လျှောက်ထားနိုင်တာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up