DVB Logo
Home
လူမှုရေး
အီး​ယူအ​ထောက်အပံ့​ ​လျှော့​ချမှု​ကြောင့်​ ဒုက္ခသည်များ​ ပိုအခက်​တွေ့​လာ
DVB
·
June 22, 2011
Donate to DVB

[caption id="attachment_11302" align="alignleft" width="310" caption="မယ်လဒုက္ခသည်စခန်း​ (ဓာတ်ပုံ ရိုက်တာ)"][/caption]

ထိုင်း-​မြန်မာနယ်စပ်က ဒုက္ခသည်စခန်း​တွေကို ပုံမှန်​ပေး​အပ်​နေတဲ့​ အ​ထောက်အပံ့​ အကူအညီ​တွေကို အီး​ယူ​ခေါ် ဥ​ရောပသမဂ္ဂက ​လျှော့​ချလိုက်တာ​ကြောင့်​ မဲလဒုက္ခသည်စခန်း​နဲ့​ အုန်း​ဖျန်ဒုက္ခသည်စခန်း​တွေမှာ ​နေထိုင်တဲ့​ ဒုက္ခသည်​တွေ အခက်အခဲ​တွေနဲ့​ ပိုမိုရင်ဆိုင်လာကြရပါတယ်။

မေလဆန်း​ပိုင်း​က စတင်ပြီး​ ​နေအိမ်အမိုး​အကာ​တွေ လုံ​လောက်စွာ မရ​တော့​တဲ့​အပြင် အခြေခံစား​သုံး​ကုန်​တွေလည်း​ အရင်ကထက် ​လျှော့​နည်း​ရရှိ​နေတဲ့​အတွက် ဒုက္ခသည်မိသား​စု​တွေ အကျပ်အတည်း​ ကြုံ​နေကြရတာလည်း​ ဖြစ်ပါတယ်။

ဒီလိုကြုံ​တွေ့​နေကြရတာနဲ့​ ပတ်သက်ပြီး​ အုန်း​ဖျန်ဒုက္ခသည်စခန်း​နဲ့​ မဲလ ဒုက္ခသည်စခန်း​ တာဝန်ခံ​တွေက အခုလို ​ပြောပြကြပါတယ်။

“မနှစ်က​တော့​ လုံလုံ​လောက်​လောက် ရကြတယ်။ ဒီနှစ်မှာ အိမ်တလုံး​က တိုင် ၂ တိုင် ၃ တိုင်တို့​ အဲဒီလို ဝယ်​ပေး​တယ်ဆို​တော့​ အ​ခြေအ​နေက တခုမှမ​လောက်ဘူး​။ အိမ်မိုး​ဖက်ဆိုရင်လည်း​ အပျစ် ၃၀ ​ပေး​တဲ့​အိမ် ရှိတယ်။ အိမ်သာတလုံး​ ​ဆောက်ရင်​တောင်မှ အိမ်သာတလုံး​ဆောက်လို့​မှ မတာ။”

“တခုလုံး​အတိုင်း​အတာအ​နေနဲ့​ ကြည့်​မယ်ဆိုရင်​တော့​ ၂၀ ရာခိုင်နှုန်း​လောက် အခက်အခဲ ရှိတယ်။ ရိက္ခာရော၊ ကျန်း​မာ​ရေး​ ပ​ရောဂျက်​ရော၊​ ပညာ​ရေး​ပ​ရောဂျက်​ရော၊​ လူမှု​ရေး​ပ​ရောဂျက်​တွေ​ရော အကုန်လုံး​ အဖြတ်ခံရတယ်ဗျ။ ငရုတ်သီး​ မရ​တော့​ဘူး​နော်။ ဆန်လည်း​ ၁၃ ကီလိုခွဲပဲရတယ်။ ဟိုအရင်တုန်း​က ၁၅ ကီလို ရတာ။”

အီး​ယူ ဥ​ရောပသမဂ္ဂက​ပေး​နေတဲ့​ အ​ထောက်အပံ့​တွေကို ​လျှော့​ချလိုက်တဲ့​ ​နောက်ပိုင်း​ အခြား​ လူမှု​ရေး​အဖွဲ့​အစည်း​တွေကပါ အကူအညီ​ပေး​တာ​တွေ ​လျှော့​လိုက်တဲ့​အတွက် အခုလို ဖြစ်လာရတာလို့​ TCR ​ခေါ် ထိုင်း​နိုင်ငံ ဒုက္ခသည်​ကော်မတီ ညွှန်ကြား​ရေး​မှူး​ချုပ် မစ္စတာ ဝီရဝစ်က ​ပြောပါတယ်။

အီး​ယူ ကိုယ်စား​လှည်တဦး​ကလည်း​ ပြီး​ခဲ့​တဲ့​ မတ်လက မယ်လဒုက္ခသည်စခန်း​ကို လာရာက်ကြည့်​ရှုပြီး​ ဒုက္ခသည်​တွေ ကိုယ့်​အား​ကိုယ်ကိုး​နိုင်ဖို့​ အသက်​မွေး​ သင်တန်း​တွေ​ပေး​ပြီး​ အကူအညီ​တွေ ​လျှော့​ချမယ့်​အ​ကြောင်း​ ​ပြောကြား​ခဲ့​ပါတယ်။

မြန်မာဒုက္ခသည်​တွေကို ​နေရပ်ပြန်မပို့​ရေး​အတွက် ထိုင်း​အစိုး​ရ အဆက်ဆက်ကို ​တောက်​လျှောက် အတိုက်အခံပြု ​တောင်း​ဆိုလာတဲ့​ ထိုင်း​ရှေ့​နေများ​ကောင်စီ ဒုက္ခသည်​ရေး​ရာဆပ်​ကော်မတီ ဥက္ကဋ္ဌ မစ္စတာ စူရဖုန်း​က​တော့​ အီး​ယူရဲ့​ ဒုက္ခသည် အကူအညီ​လျှော့​ချမှုကို​ရော၊​ ထိုင်း​က လျစ်လျူရှု​နေမှုကိုပါ ခုလို ​ဝေဖန်​ပြောဆိုလိုက်ပါတယ်။

“ဒီကိစ္စမှာ​တော့​ အီး​ယူကလုပ်တာ အစီအစဉ်မကျဘူး​လို့​ဆိုရမှာပဲ။ ဒုက္ခသည်​တွေကို ​နေသာထိုင်သာရှိ ​စေချင်ရင် သူတို့​ကို သက်​မွေး​ဝမ်း​ကျောင်း​ သင်တန်း​ပေး​တာ​တွေ အရင်လုပ်ရမယ်။ အရင်ဆုံး​ သူတို့​ ကိုယ့်​အား​ကိုယ်ကိုး​ နိုင်လာ​စေရမယ်။ အဲဒီ​နောက်မှာမှ ​ထောက်ပံ့​မှု​တွေကို​လျှော့​ချ​ပေါ့​။ ​ထောက်ပံ့​မှု​တွေကို ခုလို အရင်​လျှော့​ချလိုက်ပြီး​တော့​မှ အသက်​မွေး​သင်တန်း​တွေ သွား​ပေး​တာမျိုး​က​တော့​ မဟုတ်​သေး​ဘူး​ဗျ။ သူတို့​က ဒီသင်တန်း​တွေကိုလည်း​ ​သေ​သေချာချာ စီမံကိန်း​ကြီး​တွေ ​ရေး​ဆွဲချမှတ်ပြီး​ တကယ်လုပ်ကြတာ မ​တွေ့​ပါဘူး​ဗျာ။ ဒီ​တော့​ နိုင်ငံခြား​ကလည်း​ မကူညီချင်​တော့​ဘူး။ ထိုင်း​အစိုး​ရကလည်း​ လူ​တွေလာကူဖို့​တံခါး​မဖွင့်​ဘူး​၊​ ကိုယ်တိုင်လည်း​ မကူချင်ဘူး​။ ဒီ​တော့​ ဒုက္ခသည်​တွေရဲ့​ ​ရှေ့​ရေး​က ပိုပြီး​စိတ်ပူစရာ ဖြစ်လာ​နေတယ်။”

မဲလဒုက္ခသည်စခန်း​မှာ ဒုက္ခသည်ဦး​ရေ ငါး​သောင်း​ကျော်နဲ့​ အုန်း​ဖျန်ဒုက္ခသည်စခန်း​မှာ​တော့​ ဒုက္ခသည်ဦး​ရေ တ​သောင်း​ခွဲ​ကျော် ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013