DVB Logo
Home
မြန်မာသတင်း
အီး​ယူကိုယ်စား​လှယ်အဖွဲ့​ သတင်း​စာရှင်း​လင်း​ပွဲ မီဒီယာအများ​စု တက်​ရောက်ခွင့်​မရ
DVB
·
June 22, 2011
အီး​ယူကိုယ်စား​လှယ်အဖွဲ့​ သတင်း​စာရှင်း​လင်း​ပွဲ မီဒီယာအများ​စု တက်​ရောက်ခွင့်​မရ
Donate to DVB

အစိုး​ရသစ်လက်ထက် မြန်မာနိုင်ငံကို ပထမဆုံး​အကြိမ် လာ​ရောက်တဲ့​ အီး​ယူဥ​ရောပသမဂ္ဂ ကိုယ်စား​လှယ်​တွေက ဒီက​နေ့​ည​နေပိုင်း​မှာ ပြုလုပ်ခဲ့​တဲ့​ သတင်း​စာ ရှင်း​လင်း​ပွဲမှာ ပြည်တွင်း​ပြည်ပမီဒီယာအများ​စု တက်​ရောက်သတင်း​ယူခွင့်​ မရခဲ့ပါဘူး။

[caption id="attachment_11296" align="alignleft" width="310" caption="​ရောဘတ်ကူးပါး​ (ဓာတ်ပုံ-​အေအက်ဖ်ပီ)"][/caption]

ဥ​ရောပသမဂ္ဂ-အီး​ယူရဲ့​ နိုင်ငံခြား​ရေး​ မူဝါဒ​ရေး​ရာ အကြီး​အကဲ ကက်သရင်း​ အက်ရှ်တန် (Catherine Ashton) ရဲ့​ အထူး​အကြံ​ပေး​ပုဂ္ဂိုလ် ​ရောဘတ် ကူး​ပါး​ (Robert Cooper) နဲ့​ မြန်မာနိုင်ငံဆိုင်ရာ ဥ​ရောပသမဂ္ဂရဲ့​ အထူး​ကိုယ်စား​လှယ် ပီယာရို ဖက်ဆီနို (Piero Fassino) ရဲ့​ ခရီး​စဉ်နဲ့​ပတ်သက်ပြီး​ ရန်ကုန်အ​ခြေစိုက် အီတလီသံရုံး​မှာ ပြုလုပ်တဲ့​ သတင်း​စာရှင်း​ပွဲမှာ လုံခြုံ​ရေး​ကို အ​ကြောင်ပြပြီး​ မီဒီယာအချို့​ပဲ တက်​ရောက်ခွင့်​ရခဲ့​တာ ဖြစ်ပါတယ်။

ဒါနဲ့​ပတ်သက်ပြီး​ ရန်ကုန်အ​ခြေစိုက် နိုင်ငံခြား​ သတင်း​ထောက်တဦး​က အခုလို ​ပြောပါတယ်။

“အီတလီသံရုံး​က လူ​ရွေး​ဖိတ်တာ။ မ​နေ့​က​တောင် နိုင်ငံခြား​ သတင်း​ထောက်​တွေလည်း​ ပါတယ်။ ဒီမနက်အထိ ပါ​သေး​တယ်။ တက်မယ် မတက်ဘူး​ဆိုတာကို သံရုံး​ကို စာရင်း​ပေး​ရ​သေး​တယ်။ ဒီည​နေကျမှ ကန့်​သတ်လို့​ဆိုပြီး​ စာ​ရေး​တဲ့​သူ​တွေထဲက ​အေပီက ​ဒေါ်​အေး​ဝင်း​၊​ ​အေအက်ဖ်ပီက လှလှ​ဌေး​၊​ ရိုက်တာက ကို​အောင်လှထွန်း​၊​ အဆာဟိရှင်ဘွန်း​က ဦး​တင်​မောင်​အေး​ အဲဒီ​လေး​ယောက်ပဲ တက်တယ်။ သူတို့​ဆီမှာလည်း​ ​လေး​ယောက်ပဲ ကျန်တာက ဘယ်သူမှ မပါဘူး​။ လုံခြုံ​ရေး​ဆိုပြီး​တော့​ ​ပြောတာပဲ၊​ ဘာလုံခြုံ​ရေး​လဲ​တော့​ မသိဘူး​။ အဲဒီအမည်​တွေပဲ ဖိတ်ခိုင်း​တယ်ဆိုပြီး​တော့​ ​ပြောတယ်။”

လူ့​အခွင့်​အ​ရေး​၊​ ဒီမိုက​ရေစီနဲ့​ သတင်း​စာလွတ်လပ်ခွင့်​တွေရှိဖို့​ အစဉ်အမြဲ ​ပြောကြား​လေ့​ရှိတဲ့​ အီး​ယူ ဥ​ရောပသမဂ္ဂကိုယ်စား​လှယ်​တွေရဲ့​ သတင်း​စာရှင်း​လင်း​ပွဲကို အခုလို ခွဲခြား​သတင်း​ယူခွင့်​ပေး​ခဲ့​တဲ့​အတွက် မြန်မာသတင်း​ မီဒီယာ​လောကသား​တွေက ​ဝေဖန်​ပြောဆို​နေကြပါတယ်။

အီး​ယူ ဥ​ရောပသမဂ္ဂရဲ့​ ဥက္ကဋ္ဌလည်း​ဖြစ်ပြီး​ နိုင်ငံခြား​ရေး​ရာနဲ့​ လုံခြုံ​ရေး​ရာ အကြီး​အကဲရဲ့​ အကြံ​ပေး​ပုဂ္ဂိုလ်လည်း​ဖြစ်တဲ့​ မစ္စတာ ​ရောဘတ် ကူး​ပါး​ မစ္စတာ ​ရောဘတ်ကူး​ပါး​ ဦး​ဆောင်တဲ့​ အဖွဲ့​ဟာ ပထမဆုံး​သူ့​ရဲ့​မြန်မာပြည်ခရီး​စဉ်အတွင်း​ မြန်မာအစိုး​ရသစ်ရဲ့​ ဒု-သမ္မတ သီဟသူရ တင်​အောင်မြင့်​ဦး​၊​ နိုင်ငံခြား​ရေး​ဝန်ကြီး​ ဦး​ဝဏ္ဏ​မောင်လွင် အပြင် ပြည်ထဲ​ရေး​နဲ့​ အလုပ်သမား​ဝန်ကြီး​ဌာန​တွေက ဒု-ဝန်ကြီး​တွေနဲ့​လည်း​ ပြီး​ခဲ့​တဲ့​ တနင်္လာ​နေ့​က ​တွေ့​ဆုံခဲ့​ပါတယ်။

ဒါ့​အပြင် အင်္ဂါ​နေ့​က​တော့​ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည် အပါအဝင် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဗဟိုအလုပ်အမှု​ဆောင် အဖွဲ့​ဝင်​တွေ၊​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​ပြု​ကော်မတီဝင်​တွေ၊​ ​ရွေး​ကောက်ပွဲဝင် နိုင်ငံ​ရေး​ပါတီ​ခေါင်း​ဆောင်​တွေနဲ့​ လူမှု​ရေး​အသင်း​အဖွဲ့​အချို့​နဲ့​လည်း​ ​တွေ့​ဆုံခဲ့​ပါ​သေး​တယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013