A d v e r t i s e m e n t With Us

ဝက်နား​ရွက်ပြာ ကာကွယ်​ဆေး​မထိုး​ရန် အစိုး​ရတား​မြစ်

ဒေါကျတာ​အောငျွမငျ့
ဝက်နား​ရွက်ပြာ​ရောဂါနဲ့​ ပတ်သက်တဲ့​ မည်သည့်​ကာကွယ်​ဆေး​ကိုမှ မထိုး​ကြဖို့​ မြန်မာအစိုး​ရက ပြည်နယ်နဲ့​တိုင်း​အသီး​သီး​ကို ညွှန်ကြား​လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လအတန်ကြာ ထိန်း​ချုပ်နိုင်ခြင်း​မရှိဘဲ အ​သေအ​ပျောက် များ​နေတဲ့​ ဝက်နား​ရွက်ပြာ ​ရောဂါအတွက် ကာကွယ်​ဆေး​ မထိုး​ကြဖို့​ ​မွေး​မြူ​ရေး​နဲ့​ ကုသ​ရေး​ ဦး​စီး​ဌာနက ဒုတိယညွှန်ကြား​ရေး​မှူး​ချုပ် ​ဒေါက်တာ ​အောင်ကြီး​ ရဲ့​ ​ပြောဆိုချက်ကို ဇွန်လ ၂၃ ရက် ဒီ​နေ့​ထုတ် ဆဲဗင်း​ဒေး​ သတင်း​ဂျာနယ်မှာ ​ဖော်ပြထား​ပါတယ်။ ရန်ကုန်တိုင်း​ လှည်း​ကူး​မြို့​နဲ့​ဧရာဝတီတိုင်း​ ​မြောင်း​မြမြို့​က ဝက်ခြံ​တွေမှာ ဝက်နား​ရွက်ပြာ ကာကွယ်​ဆေး​ ထိုး​ပြီး​နောက် ၂ ရက် ၃ ရက်အတွင်း​ ဝက်​ကောင် ​ရေ တစ်ရာ​ကျော် ထပ်မံ​သေဆုံး​သွား​မှုကို ကွင်း​ ဆင်း​ ​တွေ့​ရှိခဲ့​တာ​ကြောင့်​ ဇွန်လ ၁၇ ရက်​နေ့​က ဌာနတွင်း​ ​ဆွေး​နွေး​ဆုံး​ဖြတ်ပြီး​ အခုလို ညွှန်ကြား​ချက် ​ပေး​ပို့​လိုက်တာ ဖြစ်ပါတယ်။ မြောင်း​မြမြို့​က ဝက်ခြံမှာ ထိုး​တဲ့​ ကာကွယ်​ဆေး​ဆိုရင် တရား​မဝင် ထုတ်လုပ် တဲ့​ ​ဆေး​ဖြစ်တယ်လို့​ ​ဒေါက်တာ​အောင်ကြီး​က ​ပြောပါတယ်။ ဝက်နား​ရွက်ပြာ​ရောဂါဟာ မြန်မာနိုင်ငံမှာ ဒီနှစ် ​ဖေ​ဖော်ဝါရီလက စတင်ဖြစ် ပွား​ပြီး​ တိုင်း​နဲ့​ပြည်နယ် ​ခြောက်ခုမှာ ပျံ့​နှံ​နေသလို ဝက်​ကောင်​ရေ ​ထောင်ချီ ​သေဆုံး​ခဲ့​ရပါတယ်။ မွေး​မြူ​ရေး​ခြံ​တွေကို ဇီဝလုံခြုံ​ရေး​မြှင့်​တင်ဖို့​၊​ ​ရောဂါဖြစ်တဲ့​နယ်က ဝက်ကို တခြား​နယ်ကို မသယ်ဖို့​နဲ့​ ​ရောဂါနဲ့​ ​သေတဲ့​ဝက်ကို မ​ရောင်း​ဖို့​ သက်ဆိုင်ရာက တား​မြစ်ထား​ပါတယ်။ လှည်း​ကူး​မြို့​က ဝက်ခြံမှာထိုး​ခဲ့​တဲ့​ ဝက်နား​ရွက်ပြာ ကာကွယ်​ဆေး​ကို တီထွင် ထုတ်လုပ်ခဲ့​သူ ​ဒေါက်တာ​အောင်မြင့်​က​တော့​ လှည်း​ကူး​က ဝက်ခြံမှာ သူ့​ဆေး​ကို ထိုး​တာ မှန်​ပေမယ့်​ သူ့​ဆေး​ကြောင့်​ ဝက်​တွေ ​သေဆုံး​တာမဟုတ်တဲ့​အ​ကြောင်း​ ဒီဗွီဘီကို အခိုင်အမာ ရှင်း​လင်း​ပြောဆိုပါတယ်။ ဒေါက်တာ​အောင်မြင့်​ဟာ တိရစ္ဆာန်ကာကွယ်​ဆေး​ထုတ်လုပ်တဲ့​ သု​တေသီ ပညာရှင်တဦး​ ဖြစ်ပါတယ်။ တိရစ္ဆာန်​ဆေး​ကုသ​ရေး​ဌာနမှာ နှစ်သုံး​ဆယ်​လောက် တာဝန်ထမ်း​ဆောင်ခဲ့​ဖူး​ပြီး​ ကာကွယ်​ဆေး​ထုတ်တဲ့​ အလုပ်ကို ၂၇ နှစ်​လောက် လုပ်လာသူလည်း​ ဖြစ်ပါတယ်။ အခု ဝက်နား​ရွက်ပြာ ကာကွယ်​ဆေး​ကို ဝက်​ကောင်​ရေ တ​သောင်း​ကျော်မှာ စမ်း​သပ်ထုတ်လုပ်ခဲ့​တာ ဖြစ်တယ်လို့​ ​ဒေါက်တာ​အောင်မြင့်​က ​ပြောပါတယ်။ ဝက်နား​ရွက်ပြာ သု​တေသီပညာရှင် ​ဒေါက်တာ​အောင်မြင့်​ကို ​မေး​မြန်း​ ထား​ပါတယ်။ ဝက်နား​ရွက်ပြာ ကာကွယ်​ဆေး​က ပြည်တွင်း​မှာပဲ ဆရာ စမ်း​သပ်ပြီး​တော့​ ​တွေ့​တာလား​။ “ဟုတ်ပါတယ်ခင်ဗျ။ ကျ​နော် ဒီ ပြည်တွင်း​မှာ ​ရောဂါဖြစ်တဲ့​ တိရစ္ဆာန်​တွေက ရတဲ့​ ​ရောဂါနဲ့​ သက်ဆိုင်တဲ့​ မျိုး​ဗီဇ​ပေါ့​ဗျာ။ ကျ​နော်က ကိုတတ်တဲ့​ နည်း​ပညာနဲ့​ ဗိုင်း​ရပ်ရယ် ကာကွယ်​ပေး​နိုင်တဲ့​ အစိတ်အပိုင်း​ထုတ်တဲ့​ မျိုး​ရိုး​ဗီဇကို ကျ​နော် ဘတ်တီး​ရီး​ယား​ တခုကို ​ပြောင်း​ထည့်​ပေး​လိုက်တယ်။ ဒါ genes transfer လို့​ ​ခေါ်တယ်​ပေါ့​ဗျာ။ အဲဒီလို ​ပြောင်း​ထည့်​ပေး​လိုက်ပြီး​တော့​ ရတဲ့​ ဘတ်တီး​ရီး​ယား​ကို ကာကွယ်​ဆေး​အ​နေနဲ့​ ထည့်​သုံး​တာ​ပေါ့​။ ဆိုလိုတာက ဒီထဲမှာ ဗိုင်း​ရပ် ဘာမှ အသုံး​မချဘဲနဲ့​ သူနဲ့​ လုံး​ဝ မသက်ဆိုင်တဲ့​ အခြား​ဘတ်တီး​ရီး​ယား​ တ​ကောင်ကို ​ရောဂါကာကွယ်​ပေး​နိုင်တဲ့​ အစိတ်အပိုင်း​ စစ်ထုတ်တဲ့​ သ​ဘောပါ။” ကျ​နော် သတင်း​တခု ဖတ်ရတဲ့​အထဲမှာ အခု ရန်ကုန် လှည်း​ကူး​ကို စ​ရောက်လာတာ​ပေါ့​နော်။ လှည်း​ကူး​ကို ​ရောက်​တော့​ အဲဒီမှာ ဝက်နား​ရွက်ပြာကာကွယ်​ဆေး​ သွား​ထိုး​လိုက်​တော့​ ဝက် ၉၃ ​ကောင်​လောက်က ကာကွယ်​ဆေး​ထိုး​ပြီး​ ၂ ရက် ၃ ရက်​လောက်အကြာမှာ ​သေကုန်တယ်တဲ့​။ အဲဒီသတင်း​လေး​ တက်လာလို့​။ အဲဒါကျ​တော့​ ဘာကို ဆိုလိုတာလဲ ဆရာ။ “အဲဒီခြံက တကယ်​တော့​ ကျ​နော့်​ ​ဆေး​စမ်း​တဲ့​ ခြံတခု။ ၂၆ ရက်​နေ့​ ညပိုင်း​မှာ ထိုး​တယ်ခင်ဗျ။ သူက အဲဒီ​နေ့​နဲ့​ အဲဒီမတိုင်ခင်​နေ့​ ၂ ရက်​ပေါင်း​ကို အ​ကောင် ၃၀ ​ကျော်​လောက် ​သေတယ်။ ​ဆေး​ထိုး​ပြီး​ ​နောက်တရက်မှာ ​နောက်ထပ် အ​ကောင် ၅၀ ​ကျော်​လောက် ​သေသွား​တယ်ဆို​တော့​ အား​လုံး​ ၈၀ ​ကျော် အ​သေအ​ပျောက် ရှိခဲ့​ပါတယ်။ ဒါက​တော့​ သူက ​ရောဂါ ဖြစ်ပြီး​တော့​ အ​ကောင် ၃၀ ​ကျော်​လောက် ​သေ​နေတဲ့​ အချိန်မှာ ဒီ ​ဆေး​ကို သွား​ထိုး​လိုက်တာကိုး​။ ထိုး​တာကလည်း​ ဒီ​ဆေး​ထိုး​လိုက်ရင် အခု ဖြစ်​နေတဲ့​ ပြင်း​ပြင်း​ထန်ထန် ​ရောဂါက​တော့​ သက်သာရာ ရသွား​မယ် မြန်မြန်ရပ် သွား​မယ်။ မ​သေတဲ့​ အ​ကောင်​တွေ ကျန်နိုင်မယ်ဆိုတဲ့​ ​မျှော်လင့်​ချက်နဲ့​ ထိုး​တာ​ပေါ့​လေ။ အဲဒီ​တော့​ ကာကွယ်​ဆေး​က စွမ်း​တယ်လို့​ပဲ ကျ​နော်က ​ပြောမယ်။ ဘာ​ကြောင့်​လဲဆို​တော့​ ​ဆေး​ထိုး​ပြီး​ ​နောက် ၂ ရက်ပဲ ​သေပြီး​တော့​ ကျန်တဲ့​ ဝက် တရာ့​လေး​ငါး​ဆယ်က သူ့​ခြံမှာ ​နောက်ထပ် ဘာမှ အ​သေအ​ပျောက်မရှိဘဲ ရှင်​နေတယ်ဆို​တော့​ ဒီအစွမ်း​နဲ့​ အ​သေအ​ပျောက် ရပ်သွား​တယ်လို့​ ကျ​နော်က​တော့​ ဆိုချင်ပါတယ်။” အဲဒါဆိုရင် လှည်း​ကူး​မှာ ထိုး​ခဲ့​တာ ဆရာ အခု​တွေ့​ထား​တဲ့​ ​ဆေး​ကို ထိုး​တာ​ပေါ့​နော်။ “ဟုတ်ပါတယ်။” မွေး​မြူ​ရေး​က လက်ရှိ စာထုတ်ထား​တယ်လို့​လည်း​ ကြား​တယ်ဆရာ။ ဒီ ကာကွယ်​ဆေး​ မထိုး​ဖို့​ပေါ့​။ ကာကွယ်​ဆေး​ သုံး​ပြီး​တော့​ ​ရောဂါ ထပ်ဖြစ်တဲ့​ အ​ထောက်အထား​တွေ ခိုင်ခိုင်လုံလုံ ​တွေ့​လို့​ပေါ့​နော်။ သူတို့​က ဘာ​ကြောင့်​ အဲဒီလို စာထုတ်တာလဲ။ “အဲဒီလိုမျိုး​ ထုတ်ထား​တဲ့​ ဆိုတဲ့​ဟာ​တော့​ ကျ​နော်လည်း​ ကြား​ပါတယ်။ တခုရှိတာက​တော့​ ဒီ​ရောဂါ ပြန့်​ပွား​လာတဲ့​ ဖြစ်စဉ်မှာ တချို့​ကာကွယ်​ဆေး​တွေ သုံး​တာနဲ့​ ပတ်သက်ခဲ့​တာ​တော့​ ရှိတယ်။ ဥပမာဆိုပါ​တော့​ ကျ​နော်တို့​ ဝက်ဝမ်း​ကျ​ရောဂါ ကာကွယ်​ဆေး​ကို ထိုး​ခဲ့​တဲ့​အတွက်​ကြောင့်​ အဲဒီ ကာကွယ်​ဆေး​ထိုး​ပြီး​ တပတ်ဝန်း​ကျင်​လောက်မှာ ဝက်​တွေက ​သေတယ်။ တချို့​နေရာ ဆိုရင် အဲဒီ ​ဆေး​တွေ ထိုး​ခဲ့​တဲ့​ ဝက်​တွေအား​လုံး​ နီး​ပါး​လောက် ​သေသွား​တယ်လို့​ ​ပြောတာ​တွေလည်း​ ကျ​နော် ကြား​ရတယ်။ ဆိုလိုတာက​တော့​ ဝက်နား​ရွက်ပြာ​ရောဂါ ကူး​ဆက်မှု တစိတ်တပိုင်း​ စဝင်​နေတယ် ဒါမှမဟုတ် ရှိ​နေတယ် သို့​သော် လက္ခဏာ​တွေ ပြင်း​ပြင်း​ထန်ထန် မ​ပေါ်​သေး​တဲ့​အချိန်မှာ အသက်ရှင်တဲ့​ ဗိုင်း​ရပ်​တွေပါတဲ့​ တခြား​ ကာကွယ်​ဆေး​တခုခုကို သုံး​လိုက်တဲ့​အချိန်မှာ ဒီ​ရောဂါဖြစ်ဖို့​ နှိုး​စွ​ပေး​သလို ဖြစ်သွား​တဲ့​အတွက်​ကြောင့်​ ဝက်​တွေ အ​သေအ​ပျောက်​တွေ ရှိခဲ့​တယ်။ အဲဒီလိုမျိုး​တော့​ သတင်း​တွေ ကြား​ရတယ်ဗျ။ ​ဆေး​ထိုး​လို့​ ​သေတယ်ဆိုတာ အဲဒါကိုပဲ ဆိုလိုတာလား​။ ဒါမှမဟုတ်ဘဲနဲ့​ ကျ​နော် စမ်း​နေတဲ့​ ကာကွယ်​ဆေး​ကိုပဲ ဒီ​ဆေး​ထိုး​ရင် ​သေတယ်လို့​ အဓိပ္ပာယ်​ဖော်ပြီး​ ​ပြောသလား​၊​ အဲဒါ​တော့​ ​ပြော​နေတဲ့​ထဲမှာ​တော့​ မသဲကွဲဘူး​။” အခု ဆရာစမ်း​ပြီး​တော့​ ​ဖော်ထား​တဲ့​ ​ဆေး​ကို​ရော သက်ဆိုင်ရာကို တင်ပြပြီး​ပြီလား​။ ဘယ်အ​ခြေအ​နေ ​ရောက်​နေပြီလဲ။ “ကျ​နော်က​တော့​ ကနဦး​ စမ်း​သပ်ချက်​တွေအရ မဖြစ်​သေး​တဲ့​ ခြံ​တွေမှာ ​ဆေး​ထိုး​ထား​ရင် ​ရောဂါမကူး​စက်ဘူး​။ အဲဒီခြံက ဝက်​တွေက ပုံမှန်အတိုင်း​ ​ပေါက်ဖွား​ပြီး​တော့​ ရှင်သန်​နေတတ်တယ်။ ဖြစ်​နေတဲ့​အချိန်မှာ ထိုး​ရင်​တောင်မှ အ​သေအ​ပျောက်ကို ​တော်​တော်များ​များ​ ဟန့်​တား​ပေး​နိုင်တယ် ဆိုတဲ့​ဟာကို ​တွေ့​ ရတဲ့​အတွက်​ကြောင့်​ ဒီ​ဆေး​ကို အခု အ​ရေး​ပေါ်အ​နေနဲ့​ ကျ​နော်တို့​ တိုင်း​ပြည်မှာ ဖြစ်​နေတဲ့​ ကျယ်ကျယ်ပြန့်​ပြန့်​ ကူး​စက်​နေတဲ့​ ဝက်နား​ရွက်ပြာ​ရောဂါကို ကာကွယ်နိုင်​အောင် ယာယီ​ပေါ့​ အထူး​အစီအစဉ်အ​နေနဲ့​ ထုတ်ခွင့်​ပေး​ပါဆိုပြီး​တော့​ ကျ​နော် ​မွေး​မြူ​ရေး​နဲ့​ ​ရေလုပ်ငန်း​ ဝန်ကြီး​ဌာန ဝန်ကြီး​ဆီကို​တော့​ တင်ပြပြီး​ ခွင့်​ပြုချက် တင်ထား​တာ​တော့​ ရှိပါတယ်။” ဆရာ သူတို့​ဆီက ဘာအ​ကြောင်း​ပြန်ချက်မှ မရ​သေး​ဘူလား​။ “ဟုတ်ကဲ့​ အခုအချိန်ထိ​တော့​ အတိအကျ မရ​သေး​ဘူး​။” တိရစ္ဆာန် ​မွေး​မြူ​ရေး​နဲ့​ ကုသ​ရေး​က တာဝန်ရှိတဲ့​ သူတဦး​ကပဲ ​ပြော​နေတာပါဆရာ။ သူက ​ပြော​နေတာက​တော့​ အခု​လော​လောဆယ် ကာကွယ်​ဆေး​ကို မသုံး​ကြနဲ့​တော့​။ ကာကွယ်​ဆေး​ကြောင့်​တောင်မှ ဝက်က ​သေတယ်လို့​ ​ပြော​နေတဲ့​အ​ပေါ်မှာ ကျ​နော်တို့​ တကယ်​မွေး​ထား​တဲ့​ တပိုင်တနိုင် ​မွေး​တဲ့​လူ​တွေပဲ ဖြစ်ဖြစ်၊​ စီး​ပွား​ဖြစ် ​မွေး​နေတဲ့​လူ​တွေပဲ ဖြစ်ဖြစ်က သူတို့​ ​ဝေဝါး​မသွား​နိုင်ဘူး​လား​။ “သူက​တော့​ နှစ်ပိုင်း​ရှိတယ်ဗျ။ ​ဝေဝါး​သွား​မလား​ ဆိုတာက​တော့​ သုံး​ပြီး​သား​ လူက​တော့​ ​ကောင်း​တယ်၊​ မ​ကောင်း​ဘူး​ဆိုတာ ​ဝေဝါး​စရာ မရှိဘူး​။ ​ဆေး​ထိုး​လို့​ သူ့​ခြံမှာ ဘာမှ မဖြစ်ဘူး​။ ဇီး​ဝက်မ​တွေက ပုံမှန်​ပေါက်​နေတယ် စသည်ဖြင့်​ပေါ့​လေ။ အာနိသင်လည်း​ ရှိတယ်။ အန္တရာယ်မရှိတဲ့​ ​ဆေး​တခုအ​နေနဲ့​ သူတို့​ကိုယ်တိုင် ​ကောင်း​ကောင်း​နား​လည်တယ်ဗျ။ အဲဒီ​တော့​ သူတို့​က​တော့​ မ​ဝေဝါး​သွား​ဘူး​ပေါ့​ဗျာ။ ဒါ​ပေမယ့်​လို့​ ဒီ​ဆေး​က စီး​ပွား​ဖြစ် အပြင်ကို ထုတ်​ရောင်း​တဲ့​ဆေး​တခု မဟုတ်တဲ့​ အတွက်​ကြောင့်​ အပြင်မှာ ကြား​နေတဲ့​ လူ​တွေက​တော့​ ဘာကို ​ပြော​နေတာပါလိမ့်​လို့​ အဲဒီလို သို့​လောသို့​လော ​ပြော​နေတာ​လောက်ပဲ ဖြစ်လိမ့်​မယ် ထင်တယ်။” တခြား​ ဆရာ ဘာများ​ဖြည့်​စွက် ​ပြောလိုတာ ရှိလဲခင်ဗျ။ “ကျ​နော်က​တော့​ မြန်မြန်ဆန်ဆန် ဒီကိစ္စကို သက်ဆိုင်တဲ့​ ဝန်ကြီး​ဌာနအ​နေနဲ့​ ဆုံး​ဖြတ်​ပေး​ပြီး​တော့​ ​မွေး​မြူသူ​တွေရဲ့​ လက်ထဲကို ​ဆေး​မြန်မြန် ဖြန့်​ဖြူး​နိုင်​အောင် အ​ရေး​ပေါ် ထုတ်လုပ်ခွင့်​လေး​ ရရင်​တော့​ အ​ကောင်း​ဆုံး​ဖြစ်မယ်လို့​ ကျ​နော် အဲဒီလိုပဲ ​ပြောချင်ပါတယ်။”

A d v e r t i s e m e n t With Us

More News
Up