မဲလ်ဘုန်းမြို့က ခွေးအလှပြေးပြိုင်ပွဲ (ဓာတ်ပုံ)
DVB
·
September 20, 2015
သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ၂၀၁၅ ခုနှစ်၊ အော့တိုဘာဖက်စ်ပွဲတော် အထိမ်းအမှတ် ခွေးအလှ ပြေးပြိုင်ပွဲတခု ပြုလုပ်ခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
အဲဒီပြိုင်ပွဲကို ဂျာမန်ခွေးလေးတွေ ၅၄ ကောင်ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ခုပုံမှာ ဖော်ပြ ထားတာတွေကတော့ အသက်ကယ်အင်္ကျီ၊ ပြိုင်ကားမောင်းသမားဝတ်စုံ စတဲ့ ချစ်စရာကောင်းတဲ့ ၀တ်စုံတွေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။