A d v e r t i s e m e n t With Us

ကချင်အမျိုး​သမီး​ ၁၈ ဦး​ အဓမ္မပြုကျင့်​ခံရ

ကချင်အမျိုး​သမီး​ ၁၈ ဦး​ အဓမ္မြပုကျင့်​ခံရသည့်နေရွာပွေမပုံ
အစိုး​ရတပ်​တွေက ​ကေအိုင်​အေနဲ့​ဖြစ်တဲ့​ စစ်ပွဲကာလ ၉ ရက်အတွင်း​မှာ ကချင်အမျိုး​သမီး​ ၁၈ ဦး​ကို မုဒိမ်း​ကျင့်​ပြီး​ အဲဒီထဲက ​လေး​ဦး​ကို သတ်ဖြတ်လိုက်တယ်လို့​ ထိုင်း​အ​ခြေစိုက် ကချင်အမျိုး​သမီး​အစည်း​အရုံး​က ထုတ်ပြန်လိုက်ပါတယ်။ [caption id="attachment_11275" align="alignleft" width="310" caption="ကချင်အမျိုး​သမီး​ ၁၈ ဦး​ အဓမ္မပြုကျင့်​ခံရသည့်​နေရာပြ ​မြေပုံ"][/caption] ဇွန်လ ၁၀ ရက်​နေ့​က​နေ ၁၈ ရက်​နေ့​အထိ အစိုး​ရတပ် ထိုး​စစ်ဆင်ရာ လမ်း​ကြောင်း​တ​လျှောက်မှာ ဖြစ်ပွား​တာလို့​ အဲဒီ​ကြေညာချက်က ​ဖော်ပြပါတယ်။ ကချင်အမျိုး​သမီး​အဖွဲ့​ရဲ့​ ကြီး​ကြပ်​ရေး​မှူး​ ရှယ်လီစမ်း​က “တိုက်ပွဲဖြစ်​နေတဲ့​ ကချင်ပြည်နယ် ဗန်း​မော် အ​ရှေ့​ပိုင်း​ စစ်လမ်း​သွား​နေတဲ့​တ​လျှောက် ​လေး​ငါး​နေရာ​ပေါ့​။ အမျိုး​သမီး​တွေကို ​တွေ့​ရင် မုဒိမ်း​ကျင့်​ပြီး​ သတ်ပစ်တာ ရှိတယ်။ အဲဒီမှာ ပြထား​တာက ၁၈ ဦး​ ဆိုတာကလည်း​ ကျမတို့​ ပိုပြီး​ ​သေချာတဲ့​ဟာကိုပဲ ထည့်​ထား​တယ်။ ကျမတို့​ ကြား​တာက​တော့​ ၂၅ - ၃၀ ​လောက်​တော့​ ရှိတယ်။ ကျမတို့​ အခု ရထား​တာက​တော့​ စစ်​ပြေး​တွေ၊​ ​နောက် ​ပေါ်တာ​တွေ လာ​ပြောပြလို့​ သိရတယ်။ ​နောက် ​ကေအိုင်​အေ ရဲ​ဘော်​တွေ ​တွေ့​မြင်တဲ့​ဟာ ​ပြောပြတယ်။” တိုက်ပွဲဖြစ်တဲ့​ ကချင်ပြည်နယ် ဗန်း​မော် အ​ရှေ့​ဘက် ​ဒေသအတွင်း​မှာ အစိုး​ရတပ် အ​ခြေချရာလမ်း​အ​လျှောက်မှာ ဖြစ်ပွား​ခဲ့​တာလို့​ သူက ​ပြောပါတယ်။ မ​နေ့​က ထုတ်ပြန်တဲ့​ ကချင်အမျိုး​သမီး​အဖွဲ့​ရဲ့​ စွပ်စွဲ​ပြောဆိုချက်နဲ့​ ပတ်သက်လို့​ မြန်မာ့​တပ်မ​တော်ဘက်က​ရော၊​ အစိုး​ရဘက်ကပါ တုံ့​ပြန်​ပြောဆိုတာ မရှိ​သေး​သလို ဆက်သွယ်​မေး​မြန်း​လို့​လည်း​ မရပါဘူး​။ အစိုး​ရတပ်​တွေရဲ့​ အဓမ္မပြုကျင့်​သတ်ဖြတ်မှု​တွေကို နိုင်ငံတကာက လျစ်လျူမရှုသင့်​ဘဲ ဖိအား​ပေး​ကြဖို့​ ရှယ်လီစမ်း​က တိုက်တွန်း​ပါတယ်။ “​ကောင်မ​လေး​ သုံး​ယောက်ကို သတ်လိုက်တယ်။ ​နောက် တ​ယောက်က အမျိုး​သမီး​ပဲ​လေ၊​ သူ့​အမျိုး​သား​ရှေ့​မှာပဲ မုဒိမ်း​ကျင့်​ပြီး​ သတ်လိုက်တယ်။ သူ့​ကို​တော့​ ​ပေါ်တာဆွဲသွား​တယ်။ အဲဒါ​တော့​ စိတ်နာဖို့​ ​ကောင်း​ပါတယ်။ ဗမာပြည်မှာ အခုက ငြိမ်း​ချမ်း​သာယာစွာ​နေပါ့​မယ်၊​ ဒီမိုက​ရေစီသစ် ထူ​ထောင်မယ်ဆိုပြီး​ ​ရွေး​ကောက်ပွဲ ပြီး​တာလည်း​ မကြာ​သေး​ဘူး​လေ။ စစ်အစိုး​ရကလည်း​ အစိုး​ရကို အာဏာအပ်ပြီ ဆို​ပေမယ့်​ အခုက ဘာမှ မထူး​ဘဲနဲ့​ ​နေရာတကာ တိုင်း​ရင်း​သား​နယ်​မြေတ​လျှောက်မှာ စစ်ထိုး​နေပြီး​မှ ပြည်သူလူထုကို ဒုက္ခ​ပေး​နေတဲ့​ အစိုး​ရကို နိုင်ငံတကာက ဖိအား​ပေး​ဖို့​ လိုလား​တာ​ပေါ့​။” ဒီလို စစ်ပွဲအတွင်း​ အမျိုး​သမီး​တွေကို အဓမ္မပြုကျင့်​တာဟာ နိုင်ငံတကာက သတ်မှတ်ထား​တဲ့​ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုကို ချိုး​ဖောက်တာဖြစ်တယ်လို့​ ထိုင်း​အ​ခြေစိုက် လူ့​အခွင့်​အ​ရေး​ ပညာ​ပေး​ဌာန (မြန်မာနိုင်ငံ) ဒါရိုက်တာ ဦး​အောင်မျိုး​မင်း​က ​ဝေဖန်လိုက်ပြီး​ ချက်ချင်း​ရပ်တန်​ပေး​ဖို့​ ​တောင်း​ဆိုလိုက်ပါတယ်။ “မြန်မာနိုင်ငံအ​နေနဲ့​ အခုလိုမျိုး​ စစ်ပွဲကာလအတွင်း​မှာ အမျိုး​သမီး​တွေကို အဓမ္မကျင့်​ခြင်း​က လက်နက်သဖွယ် အသုံး​ပြုခြင်း​ဆိုတဲ့​ စွပ်စွဲချက်​တွေ အရင်ကတည်း​ကလည်း​ ရှိပါတယ်။ အဲဒါက သက်​သေအ​ထောက်အထား​တွေလည်း​ အများ​ကြီး​ ဖြစ်ပါတယ်။ အဲဒါနဲ့​ ပတ်သက်လို့​ ကမ္ဘာမှာ ကျ​နော်တို့​ စစ်ခုံရုံး​တင်တဲ့​အထိ လုပ်​ဆောင်ဖို့​ ပြင်ဆင်​နေတဲ့​ ကာလအတွင်း​မှာ အခု လိုမျိုး​ ထပ်ပြီး​တော့​ အမျိုး​သမီး​တွေကို မုဒိမ်း​ကျင့်​ခြင်း​က တကယ်ကို ဆိုး​ဝါး​တဲ့​အချက်ပဲ ဖြစ်တယ်။ ဒါ​ကြောင့်​မို့​လို့​ ကျ​နော်တို့​ ကမ္ဘာက​နေ ဒီဟာကို အပြင်း​အထန် ရှုတ်ချဖို့​ လိုအပ်သလို ကျူး​လွန်​နေတဲ့​ လူ​တွေက ဒါကို အမြန်ဆုံး​ ရပ်တန့်​ဖို့​အတွက် ​တောင်း​ဆိုဖို့​ လိုအပ်ပါတယ်။” ပြည်တွင်း​စစ်ကာလအတွင်း​ အပြစ်မဲ့​အရပ်သား​တွေ၊​ အထူး​သဖြင့်​ အမျိုး​သမီး​နဲ့​ က​လေး​ငယ်​တွေကို ကာကွယ်​စောင့်​ရှောက်​ပေး​ဖို့​ ကမ္ဘာ့​ကုလသမဂ္ဂက လုံခြုံ​ရေး​ကောင်စီမှာ ဆုံး​ဖြတ်ပြီး​ နိုင်ငံတိုင်း​ ဒီအချက်ကို လိုက်နာဖို့​ ​တောင်း​ဆို ထား​ပါတယ်။ အစိုး​ရတပ်နဲ့​ ကချင်ပြည်လွတ်လပ်​ရေး​တပ်မ​တော်အကြား​ ဒီလ (၉) ရက်​နေ့​ကစပြီး​ နှစ်ဘက် ပြန်လည်တိုက်ခိုက်ခဲ့​ကြတာ​ကြောင့်​ ၁၇ နှစ်ကြာ အပစ်ခတ်ရပ်စဲ​ရေး​ သ​ဘောတူညီချက် ပျက်စီး​ခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up