DVB Logo
Home
မြန်မာသတင်း
မြစ်ကြီး​နား​ ရဲစခန်း​ ဗုံး​ကွဲ
DVB
·
June 22, 2011
မြစ်ကြီး​နား​ ရဲစခန်း​ ဗုံး​ကွဲ
Donate to DVB

ကချင်ပြည်နယ် မြစ်ကြီး​နား​မြို့​က ရဲစခန်း​နဲ့​ လဝကရုံး​မှာ မ​နေ့​ည သန်း​ခေါင်မတိုင်ခင် ဗုံး​နှစ်လုံး​ အနည်း​ဆုံး​ ဆက်တိုက်​ပေါက်ကွဲခဲ့​ပါတယ်။

မြစ်ကြီး​နား​မြို့​ မြို့​မရပ်ကွက်၊​ ဗိုလ်ချုပ်​အောင်ဆန်း​လမ်း​အနီး​က အမှတ် (၁) ရဲစခန်း​နား​နဲ့​ လဝကရုံး​နား​မှာ ​ပေါက်ကွဲတာလို့​ ​ဒေသခံ​တွေက ​ပြောဆိုပြီး​ အ​သေအ​ပျောက် မကြား​သိရဘူး​လို့​ ဆိုပါတယ်။

ဒီ​ပေါက်ကွဲမှုကို အစိုး​ရတပ်​တွေနဲ့​ စစ်ဖြစ်​နေတဲ့​ ကချင်လွတ်လပ်​ရေး​အဖွဲ့​က လုပ်​ဆောင်ဖွယ် ရှိတယ်လို့​ ခန့်​မှန်း​ချက်​တွေ ထွက်​ပေါ်​နေတာနဲ့​ ပတ်သက်လို့​ ​ကေအိုင်အို ​ပြောခွင့်​ရသူ ဦး​လနန်း​က ဒီ​ပေါက်ကွဲမှုကို ​ကေအိုင်အို လုပ်​ဆောင်တယ်ဆိုတဲ့​ အစီရင်ခံစာ​တော့​ တက်မလာ​သေး​တဲ့​အ​ကြောင်း​၊​ ဒါ​ပေမယ့်​ ​ကေအိုင်အို ​ရှေ့​တန်း​တပ်​တွေရဲ့​ လက်ချက်လည်း​ ဖြစ်နိုင်​ကြောင်း​ ​ပြောပါတယ်။



အစိုး​ရက အပစ်ရပ် ကချင်လွတ်လပ်​ရေး​တပ်မ​တော်ကို လုံး​ဝလက်နက်ချဖို့​ ​တောင်း​ဆိုလို့​ နှစ်ဘက်တင်း​မာ​နေရာက​နေ အခုလ ၉ ရက်​နေ့​မှာ အပစ်အခတ် ရပ်စဲ​ရေး​ တရား​ဝင်ကျိုး​ပေါက်ပြီး​ တိုက်ပွဲ​တွေ ဖြစ်​နေတာပါ။ ဒီဖြစ်စဉ်အတွင်း​ အစိုး​ရတပ်​တွေရဲ့​ ​ထောက်ပံ့​ရေး​လမ်း​ကြောင်း​ကို ဖြတ်​တောက်ဖို့​ ​ကေအိုင်အိုက တံတား​ ဒါဇင်နဲ့​ ချီပြီး​ မိုင်း​ခွဲဖျက်ဆီး​ခဲ့​ပါတယ်။

ဒါ​ကြောင့်​ မြစ်ကြီး​နား​မြို့​ ဗုံး​ခွဲမှုနဲ့​ ပတ်သက်လို့​ နိုင်ငံ​ရေး​ ​တောင်း​ဆိုချက် ရှိမလား​လို့​ ​မေး​ရာမှာ ဦး​လနန်း​က အခုလို​ ပြောပါတယ်။

“အခုဟာက ကျ​နော်တို့​နဲ့​ တိုက်​နေတဲ့​အတွက်​ကြောင့်​မို့​ ဖြစ်စဉ်က ဆန်ဂန်ပို့​စ်၊​ တပ်ရင်း​ (၁၅) မှာပဲ တိုက်ပွဲက ဖြစ်တာမဟုတ်ဘူး​။ ​နေရာတကာ ပျံ့​သွား​ပြီ​လေ။ အဲခါကျ​တော့​ စစ်​ရေး​ဗျူဟာအရ ကျ​နော်တို့​အတွက် အချက်အချာကျတဲ့​နေရာကို ဖျက်ဆီး​တဲ့​အပိုင်း​တွေ လုပ်တယ်။ တကယ်လို့​များ​ ကျ​နော်တို့​ပဲ ဗုံး​ကွဲတယ်ဆို​ပေမယ့်​ လုပ်တာ အဓိကက​တော့​ အစိုး​ရတပ်နဲ့​ တိုက်​နေတဲ့​အတွက်​ကြောင့်​မို့​ အစိုး​ရယန္တရား​ကို သွား​ပြီး​တော့​ လုပ်တဲ့​အပိုင်း​တွေရှိတယ်။ လူထုကို​တော့​ ထိခိုက်​အောင် လုပ်တာ မရှိ​သေး​ဘူး​။ အခုထိ​တော့​ ကျ​နော်တို့​ လုပ်တဲ့​အပိုင်း​မှာ လူထု​တွေ တိုက်ရိုက် ကျည်ဆန်မှန် ဒဏ်ရာရတာမျိုး​၊​ မိုင်း​ကွဲပြီး​တော့​ ဒဏ်ရာရ ​သေဆုံး​တာမျိုး​တော့​ မရှိ​သေး​ဘူး​။ လုပ်လည်း​မလုပ်ဘူး​။ ကျ​နော်တို့​လုပ်တာက သူ့​ရဲ့​ target (ပစ်မှတ်) ရှိတယ်။ စစ်​ရေး​အရ​ပေါ့​နော်။ နိုင်ငံ​ရေး​အရက​တော့​ စစ်​ရေး​နောက်မှလာတာပါ။ အခုဟာက စစ်​ရေး​အတွက်သာ ဖြစ်​နေတယ်။ အဲဒီမှာ ဘယ်မှာလုပ်သင့်​တယ်ဆိုတာ ​ရွေး​ချယ်မှု target ရှိတယ်။ target ထား​ပြီး​ ရည်ရွယ်ချက်ထား​ပြီး​ လုပ်တာပါ” လို့​ ​ပြောပါတယ်။

ကေအိုင်အိုနဲ့​ အစိုး​ရတပ်​တွေအကြား​ တိုက်ပွဲ​တွေက​တော့​ မ​နေ့​ကနဲ့​ ဒီက​နေ့​မနက် မရှိတော့​သ​လောက် နီး​ပါး​ပဲလို့​ ဦး​လနန်း​က ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013