A d v e r t i s e m e n t With Us

ခန္ဓာကိုယ်တွင် ကွင်းများ ကစားပြပြီး ဂင်းနစ်စံချိန်သစ်တင်ထားသူ (ရုပ်သံ)

၂၀၁၆ ခုနှစ် ဂင်းနစ်မှတ်တမ်းကို စာအုပ်ကို အရောင်းမြှင့်တင်ဖို့   ခန္ဓာကိုယ်မှာ ကွင်း ၁၆၀ ကို ပတ်ကစားပြကာ ဂင်းနစ်စံချိန်သစ်တင်ထားတဲ့ မာရာဝါ အင်ဗရာဟင်က အမေရိကန်ပြည်ထောင်စု နယူးယောက်ကို ရောက်ရှိနေပါတယ်။ အသက် ၃၃ နှစ် သြစတြေးလျနိုင်ငံသား အင်ဗရာဟမ်က ကမ္ဘာ့စံချိန်တော်တော်များများကို ချိုးထားသလို မြောက်ကိုးရီးယားအပါအ၀င် နိုင်ငံတော်တော်များများမှာလည်း သရုပ်ပြသခဲ့ပါတယ်။ ဒီရုပ်သံဖိုင်မှာတော့ ကွင်းတော်တော်များများ ခန္ဓာကိုယ်ပေါ်မှာ လည့်ပတ်ကစားပြတာကို ရိုက်ကူးပြသထားပါတယ်။ ဒါအပြင် သူက ဒေါက်မြင့်ဖိနပ် စကိတ်ကို ကွင်း ၈ ကွင်းနဲ့ အချိန်အကြာဆုံး စီးနင်းပြသခဲ့ပါတယ်။ တခြား စံချိန် ၅ ခုကိုလည်း အင်ဗရာဟမ်က တင်ထားနိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up