Home
ရုပျသံ
ကုန်ကျစရိတ်သက်သာမည့် အိမ်တွင်းဖြစ် လဆင်းယာဉ် (ရုပ်သံ)
DVB
·
September 13, 2015
အာကာသခရီးစဉ်တခုဟာ အလွန်အမင်း ကုန်ကျစရာ မလိုဘူးဆိုတဲ့ ဂျာမန်ပညာရှင်တွေကတော့ အိမ်တွင်းဖြစ် လဆင်းယာဉ်ကို လကမ္ဘာဆီ လွှတ်ဖို့ မျှော်မှန်းနေပါတယ်။ လကမ္ဘာပေါ်မှာ ဒီယာဉ်ငယ်ကို ဆင်းသက်ပြီး မီတာ ၅၀၀ ပတ်လည်ကို လှည့်လည်ကာ အပြတ်သားဆုံး ပုံရိပ်တွေ၊ ဗွီဒီယိုဖိုင်တွေ ပေးပို့နိုင်ဖို့ကတော့ တကယ့်စိန်ခေါ်မှုတခုပါ။ ဒီယာဉ်ကို Part Time Scientists ဆိုတဲ့ နည်းပညာကုမ္ပဏီက ထုတ်လုပ်တာ ဖြစ်ပြီး ချိန်ညှိနိုင်တဲ့ ဆိုလာပြားပါတာမို့ နေရောင်ခြည်ကို ဖမ်းယူပြီး လစ်သီယမ် အိုင်ယွန် ဘက်ထရီထဲကို တိုက်ရိုက်အားသွင်းနိုင်ပါတယ်။ စုစုပေါင်းစရိတ် သန်း ၃၀ သာ ကုန်ကျတာမို့ နာဆာရဲ့ ကုန်ကျစရိတ် အသက်သာဆုံး သန်း ၂၅၀ တန် အာကာသခရီးစဉ်နဲ့ နှိုင်းယှဉ်ရင် မပြောပလောက်တဲ့ ပမာဏပဲ ဖြစ်ပါတယ်။ "ကျနော်တို့ ရည်မှန်းတာက လဆင်းယာဉ်ကို အရွယ်အစား အသေးဆုံးထိ ချုံ့ပစ်ဖို့နဲ့ လွှတ်တင်မယ့် ဒုံးယာဉ်နဲ့ အံကိုက်တပ်ဆင်ဖို့ပါ။ ဒီတော့ ခရီးစဉ်တခုလုံးရဲ့ ကုန်ကျစရိတ်က ယူရိုငွေ သန်း ၃၀ လောက်ပဲ ကုန်ကျရမယ်။" ဒီစက်ရုပ်ယာဉ်ငယ်ကို ဂူဂဲလ်ကထုတ်တဲ့ Lunar XPRISE နဲ့ ယှဉ်နိုင်အောင် ဖန်တီးထားတာပါ။ Lunar XPRISE ယာဉ်ဟာ အာကာသစူးစမ်းမှုအတွက် ကုန်ကျစရိတ် အနည်းဆုံးနည်းတွေကို တိုးတက်လုပ်ဆောင်ဖို့ တကမ္ဘာလုံးက အင်ဂျင်နီယာတွေကို စိန်ခေါ်လိုက်တဲ့ ယှဉ်ပြိုင်မှုတရပ် ဖြစ်ခဲ့ပါတယ်။ အောင်မြင်ခဲ့မယ်ဆိုရင်တော့ ဒီယာဉ်ကို ဒုံးယာဉ်မှာ ချိတ်ဆွဲပစ်လွှတ်ပြီး လမ္ဘာဆီအရောက် ကီလိုမီတာ ၃ သိန်း ၈ သောင်း ခရီးနှင်နိုင်တော့မှာပါ။ ဒါပေမယ့် တီထွင်သူတွေကတော့ ဆုံးရှုံးမှုတွေ ရှိလာနိုင်သလို အာကာသတွင်းမှာ သုံးဖို့ ရည်ရွယ်ပြီး ဒီဇိုင်းဆွဲတာ မဟုတ်တဲ့အတွက် နည်းပညာပိုင်းအရ ပြဿ   နာတွေ ကြုံလာနိုင်တယ်လို့ ၀န်ခံလိုက်ပါတယ်။ "ကုန်ကျစရိတ်တွေကို အတော်လျှော့ချထားတာပါ။ လကမ္ဘာဆီကို လွှတ်ဖို့ ရည်ရွယ်မထားတဲ့ နည်းပညာကို သုံးရတာမို့ အန္တရာယ်တော့ အတော်များတယ်။ ဒါကြောင့် ကျနော်တို့က ကုန်ကျစရိတ် မှန်သမျှ အကုန်သက်သာအောင် လုပ်ထားတာပါ။" ဒီပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ အဖွဲ့ ၁၅ ဖွဲ့အဖို့ အာကာသခရီးစဉ်အတွက် စာချုပ် ချုပ်ခွင့်ရဖို့ ၆ လသာ အချိန် ရှိပါတော့တယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024