DVB Logo
Home
မြန်မာသတင်း
တရားစီရင်ရေး ကဏ္ဍတွင် စစ်ဘက်အရာရှိများ ခန့်အပ်နေမှုကို ဆန့်ကျင်
DVB
·
September 11, 2015
တရားစီရင်ရေး ကဏ္ဍတွင် စစ်ဘက်အရာရှိများ ခန့်အပ်နေမှုကို ဆန့်ကျင်
Donate to DVB

နိုင်ငံတော်သမ္မတက ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေတွေကို မလိုက်နာဘဲ စစ်ဘက်က အရာရှိတွေ တရားစီရင်ရေးကဏ္ဍမှာ ရောက်လာတဲ့အတွက် အ၀ါရောင်ဖဲကြိုးတွေ တပ်ဆင်ပြီး ဆန့်ကျင်နေကြပါတယ်။

စစ်ဘက်အရာရှိတွေကို နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အဆင့်မြင့်ရာထူးတွေ အပါအ၀င် ပြည်နယ်တချို့မှာ တရားသူကြီးချုပ် နေရာတွေအထိ ခန့်အပ်လာတာပါ။

“ဒီဟာက မဖြစ်သင့်တာကြာပြီ။ သို့သော်လည်း တပ်မတော်နဲ့ ဆန့်ကျင်မှာစိုးတာတွေ၊ အစွန်းရောက်မှာ စိုးတာတွေ၊ ပြီးတော့ အကြောက်တရားတွေနဲ့ သည်းခံခဲ့ရတာပေါ့နော်။ အခုကတော့ ပွင့်လင်းလာပြီ။ လွှတ်တော်တွေလည်းပေါ်လာပြီ။ ဒီလို တရားစီရင်ရေးကို အုပ်ချုပ်ရေးက ၀င်ရောက်စွက်ဖက်ပြီးတော့ အုပ်ချုပ်ရေးဘက်လူတွေကို တရားစီရင်ရေးမှာ အကြီးအကဲတွေခန့်တယ်။ အထူးသဖြင့် တပ်မတော်ဘက်က အောက်ခြေက တက်လာတာမျိုး မဟုတ်ဘဲနဲ့ လုပ်နေတာဟာ တရားစီရင်ရေးကို လွှမ်းမိုးရာရောက်သလို တရားရေးဝန်ထမ်းတွေရဲ့ တက်လမ်းကို ပိတ်ဆို့ရာရောက်တယ်။ ဒီလှုပ်ရှားမှုကို ဘယ်သူက စခဲ့သည်ဖြစ်စေ။ ဆရာတို့ကတော့ သိတဲ့အချိန်ကစပြီး ထောက်ခံတယ်။ ဖြစ်လည်းဖြစ်သင့်တယ်လို့ ပြောပါရစေ” လို့  မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ဦးကြီးမြင့်က ပြောပါတယ်။

ရှေ့နေများအသင်းအနေနဲ့လည်း ဒီလှုပ်ရှားမှုအပေါ် အစည်းအဝေး အမြန်ဆုံးလုပ်ပြီး ဆောင်ရွက်သွားမယ်လို့လည်း သူကပြောပါတယ်။

နေပြည်တော်မှာ ဦ်းဆောင်လှုပ်ရှားနေတဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ဒီနေ့မှာတော့ တရားရုံးတွေမှာ ဒီလှုပ်ရှားမှုကို တတ်နိုင်သလောက် လုပ်ဆောင်သွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာ လှုပ်ရှားမှုကို တယောက်ချင်းစီ လုပ်နေပေမယ့် ရန်ကုန်၊ နေပြည်တော်၊ ပြည် စတဲ့ မြို့တွေကို ပျံ့နှံ့နေပါပြီ။

“ဒီလိုဖြစ်လာတော့ ပြည်သူတွက လွတ်လပ်တဲ့ တရားစီရင်ရေး ဖြစ်လာမယ်ဆိုတာ မယုံကြဘူး။ တရားသူကြီးတွေကလည်း စစ်ဘက်ဆိုင်ရာ အရာရှိတွေ လွှမ်းမိုးထားတဲ့အတွက် မလွန်ဆန်နိုင်တဲ့ အကြောက်တရားတွေ ရှိနေမယ်လို့ ကျနော်တို့ ရှေ့နေတွေကလည်း သတိထားမိတယ်။ စ၀င်လာတုန်းကတော့ တရားခွင် မထိုင်တဲ့နေရာကို ၀င်လာပေမယ့် ခုတော့ တရားသူကြီးချုပ်တွေပါ လုပ်လာတယ်” လို့ အ၀ါရောင် ဖဲပြားလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ အထက်တန်းရှေ့နေ ဦးကျော်မျိုးသူက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကလည်း ကျန်းမာရေးဝန်ကြီးဌာနကို စစ်ဘက်အရာရှိတွေ ပြောင်းလာတဲ့အပေါ်  ဆရာဝန်တွေက အနက်ရောင်ဖဲပြားလှုပ်ရှားမှုနဲ့ ကန့်ကွက်ခဲ့ကြပါတယ်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံရဲ့ အုပ်ချုပ်ရေး အဆင့်ဆင့်ကို တာဝန်ယူထားတဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဟာလည်း တပ်မတော်အရာရှိကို ခန့်အပ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာ ရှိနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013