A d v e r t i s e m e n t With Us

ထိုင်ဝမ် – မြန်မာ နှစ်နိုင်ငံကြား လေယာဉ်ခရီးစဉ် ပြေးဆွဲတော့မည်

ထိုင်ဝမ်နိုင်ငံနဲ့ မြန်မာနိုင်ငံကြား လေယာဉ်ခရီးစဉ်ပြေးဆွဲနိုင်ဖို့ အမ်အေအိုင်နဲ့ မြန် မာအမျိုးသားလေကြောင်းတို့ကို မြန်မာအစိုးရက ခွင့်ပြုပေးလိုက်ပြီလို့ ထိုင်ဝမ် အခြေစိုက်မြို့ပြ လေကြောင်းညွှန်ကြားမှု ဦးစီးဌာန (စီအေအေ) က စက်တင်ဘာလ ၄ ရက်နေ့မှာ ပြောပါတယ်။ ဒါဟာ မြန်မာတာဝန်ရှိသူတွေဘက်က မီးစိမ်းပြလိုက်တာဖြစ်ပြီး အဲဒီလေကြောင်း လိုင်း ၂ ခုအနေနဲ့ ဘယ်အချိန်မှာ စတင်မယ်ဆိုတာကိုတော့ မသေချာသေးဘူးလို့ မြို့ပြ လေကြောင်းညွှန်ကြားမှုဦးစီးဌာန(စီအေအေ) က ဖြည့်စွက်ပြောဆိုပါတယ်။ ထိုင်ဝမ်တာဝန်ရှိသူတွေအနေနဲ့ အဲဒီလေကြောင်းလိုင်းတွေကို ပြေးဆွဲခွင့်မပြုခင်မှာ အကဲဖြတ်သုံးသပ်ပြီးမှ ခွင့်ပြုချက်ပေးသွားမယ်လို့ ဖိုးကပ်စ်ထိုင်ဝမ်သတင်းမှာ ဖော်ပြပါတယ်။ အဲဒီလေကြောင်းလိုင်းတွေဟာ လက်ရှိပြေးဆွဲနေတဲ့ ထိုင်ဝမ်အခြေစိုက် ချိုင်းနား လေကြောင်းလိုင်းနဲ့အတူ ဈေးကွက်ထဲကိုရောက်ရှိလာမှာဖြစ်ပါတယ်။ ချိုင်းနားလေ ကြောင်းလိုင်းဟာ အပတ်စဉ် ရန်ကုန်မြို့နဲ့ တာအိုယွမ်မြို့ကြား ၅ ကြိမ် ပြေးဆွဲနေတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up