Live
Home
မြန်မာသတင်း
အသေးစား၊ အလတ်စား လုပ်ငန်းများ တိုးတက်ရန် ဘဏ္ဍာရေး အခက်အခဲရှိနေ
ပိုင်စိုး
·
September 4, 2015
အာရှနိုင်ငံတွေရဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း (SME) တွေ အနေနဲ့ နိုင်ငံတကာ လုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် ပုဂ္ဂလိက ငွေကြေးရင်းနှီးမြှုပ်နှံတာတွေ လိုအပ်နေတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အစီရင်ခံစာသစ်တစ်ခုက ဆိုပါတယ်။ “အာရှမှာ SME ပေါင်း သန်းချီရှိပေမယ့် နည်းနည်းပဲ ထိုးဖောက်နိုင်ပြီး နိုင်ငံတကာဈေးကွက်နဲ့ ချိတ်ဆက်နိုင်တာပါ။ ဒီလို ထိုးဖောက်ချိတ်ဆက်နိုင်အောင် ပုဂ္ဂလိက ဘဏ္ဍာငွေကြေး ရင်းနှီးမြှုပ်နှံမှုရယ်၊ ငွေကြေးအရင်းနှီးရနိုင်မယ့် ရင်းမြစ်မျိုးစုံကို လက်လှမ်းမီဖို့ အခွင့်အရေးတွေ ပိုရဖို့လိုပါတယ်” လို့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဌာန အကြီးတန်း အကြံပေး နိုရိတာကာအာကာမဆုက ပြောပါတယ်။ အာရှရဲ့ SME လုပ်ငန်းတွေကို စောင့်ကြည့်လေ့လာထားတဲ့ ၂၀၁၄ ခုနှစ် အစီရင်ခံစာအရ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းတွေရဲ့ ၉၆ ရာခိုင်နှုန်းဟာ SME တွေဖြစ်ပြီး လုပ်သားထုရဲ့ ၆၂ ရာခိုင်နှုန်းကို ခန့်ထားနိုင်တာလို့ ဆိုပါတယ်။ ၂၀၁၄ ခုနှစ်မှာပဲ SME တွေကို ငွေချေးပေးတာ လျော့လာပြီး ဘဏ်ချေးငွေ စုစုပေါင်းရဲ့ ၁၉ ရာခိုင်နှုန်းလောက်ပဲ ရကြတာပါ။ မြန်မာနိုင်ငံမှာလည်း ၂၀၁၅ ခုနှစ် မတ်လအထိ စာရင်းတွေအရ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းတွေရဲ့ ၈၈ ရာခိုင်နှုန်းလောက်ဟာ SME လုပ်ငန်းတွေဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ကထက် တိုးလာပါတယ်။ ဒီအထဲမှာ အိမ်တွင်းလက်မှုလုပ်ငန်းတွေက အများစုဖြစ်နေပြီး အာဆီယံ စီးပွားရေးအသိုက်အ၀န်း ရောက်လာခဲ့ရင် ပြည်တွင်းလုပ်ငန်းတွေ တောင့်ခံနိုင်မှာ မဟုတ်ဘူးလို့ စီးပွားရေးပညာရှင်တွေက သုံးသပ်တာတွေလည်း ရှိနေကြပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024