A d v e r t i s e m e n t With Us

အနည်းဆုံးအခကြေးငွေ တရက်လုပ်ခ ၃၆၀၀ ကျပ် ယနေ့ စတင်ခံစားရမည်

အစိုးရက သတ်မှတ်တဲ့ အနည်းဆုံးအခကြေးငွေ တရက်လုပ်ခ ၃၆၀၀ ကျပ်နှုန်းထားကို ဒီကနေ့ စက်တင်ဘာ ၁ ရက်နေ့ကစပြီး ခံစားခွင့်ရမှာ ဖြစ်ပါတယ်။ ဒီနှုန်းထားဟာ နေရာဒေသနဲ့ လုပ်ငန်းအမျိုးအစား မခွဲဘဲ ရကြမှာပါ။ ၂ နှစ်ကျော်ကြာ အချိန်ယူ ကြိုးပမ်းခဲ့ပြီးနောက် သတ်မှတ်ခဲ့တဲ့ ဒီနှုန်းထားဟာ လုပ်သား ၁၅ ဦးအောက် လုပ်ငန်းတွေနဲ့ မိသားစုတပိုင်တနိုင်လုပ်ငန်းတွေမှာ အကျုံးမ၀င်ဘူးလို့ ဆိုပါတယ်။ ဒီသတ်မှတ်နှုန်းထားကို မပေးနိုင်တဲ့အတွက် စက်တင်ဘာလမှာ စက်ရုံပိတ်မယ်ဆိုတဲ့ အထည်ချုပ်လုပ်ငန်းတွေထံက တကယ်ပိတ်တော့မယ်ဆိုတဲ့အသံ မထွက်တော့ပဲ ပြေလည်မှု ရသွားတဲ့သဘော ရှိပါတယ်။ ဒီနှုန်းထားကြေညာချိန်ဟာ ဒေါ်လာဈေးမြင့်တက်မှုနဲ့အတူ ကုန်ဈေးနှုန်းကြီးမြင့် နေတာကြောင့် အလုပ်သမားတွေအတွက် သိပ်ထူးခြားမှုမရှိဘူးလို့  အလုပ်သမားအရေး ဆောင်ရွက်သူ ဦးအောင်လင်းက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up