Home
မြန်မာသတင်း
တားမြစ်ခံရမှုကြောင့် ဒေါ်စု၏ နေပြည်တော်ဟောပြောပွဲများ အဖွဲ့ချုပ်ရုံများတွင် လုပ်မည်
DVB
·
August 30, 2015
အာဏာပိုင်တွေရဲ့ ပိတ်ပင်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် ဟောပြောပွဲတွေကို အဖွဲ့ချုပ်ရုံးခန်းတွေမှာ ပြုလုပ်သွားမယ်လို့ ဥတ္တရသီရိမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ရှိ ဥတ္တရသီရိမြို့ နယ်၊ ဇဗ္ဗူသီရိနဲ့ ဒက္ခိဏသီရိမြို့နယ် ၃ ခုရှိ  အဖွဲ့ချုပ်ရုံးတွေမှာ လူထုနဲ့ ဒီနေ့ တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲတွေ လုပ်သွားမှာ ဖြစ်ပါတယ်။ အစောပိုင်းမှာ နေပြည်တော်အာဏာပိုင်တွေက ရွေးကောက်ပွဲစည်းရုံးရေးကာလမတိုင်မီင်္ မဲဆွယ်စည်းရုံးမှုတွေ မလုပ်ရဘူးဆိုတဲ့အချက် နဲ့ ငြိစွန်းလို့ ဟောပြောပွဲကို တားမြစ်ခဲ့တာဖြစ်ပြီး ဥပဒေ၊ နည်းဥပဒေနဲ့ညီအောင် အခုလို အဖွဲ့ချုပ်ရုံးခန်းတွေမှာ ပြုလုပ်တာ ဖြစ်ပါတယ်။ ဒေါ်အေင်ဆန်းစုကြည်ဟာ ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတို့မှာ ရွေးကောက်ပွဲ အသိပညာပေး လူထုဟောပြောပွဲတွေ လုပ်ခဲ့ပြီး အခု နေပြည်တော်မှာမှ တားမြစ်ခံရတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်အရ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ စက်တင်ဘာ ၈ ရက်ကျမှ မဲဆွယ်စည်းရုံးခွင့် ရကြမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024