A d v e r t i s e m e n t With Us

တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေကြမ်း လွှတ်တော်တွင် ဆွေးနွေးမည်

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့အဖြစ် ဒီကနေ့ အစည်းအဝေးမှာ နိုင်ငံတော်သမ္မတထံကနေ သဘောထား မှတ်ချက်နဲ့ ပြန်လည်ပေးပို့လာတဲ့ တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးမှာ ဖြစ်ပါတယ်။ ရထားပို့ဆောင်ရေးဝန်ကြီးဌာန လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေးလုပ်ငန်း ဝန်ကြီးဌာနတို့အတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံက ဂျပန်ယန်း ၉၉.၈၅၀ ဘီလီယံ ချေးငွေနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားဖို့ရှိပါတယ်။ ဒါ့အပြင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကယ်ဆယ်ကူညီရေးနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေက လွှတ်တော်ကို ရှင်းလင်းတင်ပြဖို့လည်း ရှိပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယကက ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက် အပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြမှာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် အစည်းအဝေးလည်း ဒီကနေ့ ရပ်နားသွားမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up