စပါးကြီးမြွေ သားကောင်ကို ဘယ်လိုဖမ်း (ရုပ်သံ)

18.6K
စပါးကြီးမြွေတွေသားကောင်ကို ညှို့ပြီးဖမ်းလေ့ရှိတယ်ဆိုတာကတော့ လူအများကြားမှာ ပြောစမှတ်ပြုနေတဲ့ စကားတခု ဖြစ်ပါတယ်။
ဒါပေမယ့် စပါးကြီးမြွေတွေ အသက်ရှင်နေတဲ့ သားကောင်ကို ဘယ်လို ဖမ်းပြီး သေစေသလဲဆိုတာကိုတော့ သိသူနည်းပါတယ်။
စပါးကြီးမြွေတွေ သားကောင်ကို စားသောက်တဲ့ အလေ့အထကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်ကို အမေရိကန် နယူးယောက်တိုင်မ်း သတင်းက ဖော်ပြပါတယ်။
စပါးကြီးမြွေက သားကောင်ကို အသက်ရှုကြပ်အောင် ညှစ်ဖမ်းတယ်လို့ အရိုးစွဲအယူအဆ ရှိခဲ့ပေမယ့် ဒါကို သက်သေမပြနိုင်ခဲ့ပါဘူး။
သုတေသနသမားတွေက စပါးကြီးမြွေက သားကောင်ကို သတ်ဖြတ်တဲ့နည်းကို သုတေသနလုပ်ရာမှာတော့ သွေးတွေ မလည်ပတ်နိုင်အောင် ညှစ်ပြီး သတ်လိုက်တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
အားကောင်းတဲ့ ညှစ်အားကြောင့် ညှစ်ထားပြီး စက္ကန့် အနည်းငယ်အတွင်း သွေးလည်ပတ်မှု ရပ်ဆိုင်းသွားတာလို့ ဆိုပါတယ်။