စင်စင်နာတီ မာစတာဖလား တင်းနစ် ဗိုလ်လုပွဲ ရော်ဂျာဖက်ဒရာ ဗိုလ်စွဲ

ရော်ဂျာဖက်ဒရာ။ (ဓာတ်ပုံ - ရိုက်တာ)
3.4K
သြဂုတ် ၂၃ ရက်နေ့က ကစားခဲ့တဲ့ စင်စင်နာတီ မာစတာဖလား ဗိုလ်လုပွဲမှာ ရော်ဂျာဖက်ဒရာ က နိုဗက် ဂျိုကိုဗစ်ကို အနိုင်ယူပြီး ချန်ပီယံ ဖြစ်သွားပါတယ်။
ဖက်ဒရာအတွက် ၀င်ဘယ်ဒန်ပွဲတုန်းက ရှုံးကြွေးကို လက်စားချေလိုက်နိုင်တာဖြစ်သလို စင်စင်နာတီ မာစတာဖလားကို ၂ နှစ်ဆက်တိုက် ရရှိတာလည်း ဖြစ်ပါတယ်။
အရင်လက ၀င်ဘယ်ဒန်ဖိုင်နယ်မှာ တွေ့ဆုံအပြီး ပထမဆုံး ပြန်လည်တွေ့ဆုံတဲ့ပွဲမှာ ဖက်ဒရာက ၇-၆၊ ၆-၃ နဲ့ အနိုင်ယူခဲ့ပါတယ်။
ဖက်ဒရာအတွက် စီစီနာတီ မာစတာဖလားကို ၇ ကြိမ် ရရှိသူအဖြစ် မှတ်တမ်းတင်လိုက်နိုင်ပါတယ်။
ဒီပွဲ နိုင်သွားတဲ့အတွက် ဖက်ဒရာဟာ သြဂုတ် ၃၁ ရက်နေ့ကနေ စက်တင်ဘာ ၁၃ ရက်နေ့အထိ ကျင်းပမယ့် ယူအက်စ်အိုးပင်းပွဲအတွက် ယုံကြည်မှု ပိုရသွားပါတယ်။
ယူအက်စ်အိုးပင်းပွဲဟာ ဖက်ဒရာအတွက် ဆဋ္ဌမမြောက် ဖလားရဖို့ မျှော်လင့်ချက် ဖြစ်သလို တကယ်ရခဲ့ရင် ၂၀၀၈ နောက်ပိုင်း ပထမဆုံး ဖြစ်လာပါလိမ့်မယ်။