အမေရိကန် တောမီး ရဟတ်ယာဉ်များဖြင့် ငြိမ်းသတ် (ရုပ်သံ)

3.2K
အမေရိကန် အမျိုးသားအစောင့်တပ်က ရဟတ်ယာဉ်တွေဟာ ဝါရှင်တန်ပြည်နယ် ချီလန်ရေကန်နားက တောမီးကို သြဂုတ် ၂၁ ရက်နေ့က ပူးပေါင်း ငြိမ်းသတ်နေကြပါတယ်။
တွစ်ပ်မြို့ကနေ မိုင်ငါးဆယ်အကွာက တောမီးဟာ လူထူတဲ့ဒေသကို နောက်တကြိမ် ပြန်ခြိမ်းခြောက်နေပြီး ဧက ၆ သောင်း ၈ ထောင်ကို လောင်ကျွမ်းခဲ့ပါတယ်။
အပန်းဖြေစခန်းသာမြို့ ချီလန်နားမှာ အရင်နေ့တွေက အိမ်ခြေ ၃၉ လုံးနဲ့ အဆောက်အဦ ၂၈ လုံးလည်း မီးလောင် ပျက်စီးခဲ့တယ်လို့ မြို့ ငြိမ်ဝပ်ပိပြားရေးအဖွဲ့ ပြောခွင့်ရက ပြောပါတယ်။
မီးတောက်က မီးတားလမ်းကို သြဂုတ် ၁၉ ရက်နေ့က ကျော်ပြီးလောင်ခဲ့လို့ လမ်းတွေကို ပိတ်ထားခဲ့ရပြီး လူအယောက် ၈၀၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အမိန့်ဆက်ထုတ်ခဲ့ရ ပါတယ်။
အိုရီဂွန်နဲ့ အိုင်ဒါဟိုးပြည်နယ် အုပ်ချုပ်ရေးမှူးတွေက ဝါရှင်တန်ပြည်နယ်ကို ပူးပေါင်းခဲ့ပြီး ပြည်ထောင်စု အစောင့်တပ်နဲ့ စစ်လေယာဉ်တွေက မီးတောက်တွေကို ငြှိမ်းရာမှာ ကူညီဖို့ ဆော်သြခဲ့ကြပါတယ်။
ဒီတောမီးဟာ ဝါရှင်တန်ပြည်နယ်တွင်းက လူအသေအပျောက် ရှိခဲ့တဲ့ တောမီးတွေထဲက တခုပါ။ ဒါဇင်နဲ့ ချီတဲ့ မီးတောက်မီးညွန့်တွေက မိုးခေါင်နေတဲ့ ပစိဖိတ် အနောက်မြောက်ပိုင်းနဲ့ ပတ်ဝန်းကျင်ဒေသတွေက မြို့တွေကို ခြိမ်းခြောက်နေပြီး လူတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။
အမေရိကန် သမ္မတ အိုဘားမားက ဝါရှင်တန်မီးဘေး အတွက် သြဂုတ် ၂၁ ရက်နေ့က ပြည်ထောင်စုအဆင့် အရေးပေါ် အခြေအနေ ကြေညာချက်ကို လက်မှတ်ထိုးခဲ့ပါတယ်။
အမေရိကန် လုံခြုံရေးဌာန နဲ့ ပြည်ထောင်စု အရေးပေါ်စီမံခန့်ခွဲရေး အေဂျင်စီတို့က မီးဘေး သက်သာရေး အားထုတ်မှုတွေကို မြို့နယ် ၁၁ မြို့နယ်မှာ ညှိနှိုင်းဆောင်ရွက်ဖို့ အခွင့်အာဏာလည်း ပေးခဲ့ပါတယ်။