Home
ရုပျသံ
မဲဆန္ဒရှင် ပြည်သူတွေရဲ့ ပြောစကား (ရုပ်သံ)
ကိုမောင်
·
August 21, 2015
၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးကြမယ့် ပြည်သူတွေထဲမှာ ကိုယ်ယုံကြည်ရာပါတီကို မဲပေးမယ့်သူတွေ ရှိနေသလို ဘယ်သူ့ကို မဲပေးရမလဲဆိုတာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ရခက် ဝေဝါးနေသူတွေလည်း ရှိနေပါတယ်။ ပြည်သူတွေထဲက တချို့ကတော့ ဘယ်လိုပါတီမျိုးကို ရွေးချယ်မယ်၊ ဘယ်လိုကိုယ်စားလှယ်လောင်းမျိုးကို မဲပေးဆိုပြီး တိကျတဲ့ ဆုံးဖြတ်ချက်တွေ ရှိနေပါတယ်။ ရွေးကောက်ပွဲက နီးကပ်လာပေမယ့် အခုချိန်ထိ မဲပေးဖို့အတွက် အသိပညာ အားနည်းနေတဲ့သူတွေလည်း ရှိနေပါတယ်။ မဲဆန္ဒရှင်ပြည်သူအချို့ကို ဒီဗွီဘီက မေးမြန်းထားပါတယ်။ ကိုကျော်စွာ (ကျောက်မဲမြို့) "ကျနော်တို့ ၉၀ တုန်းကလည်း တခဲနက် အားပေးခဲ့တယ်။ ၂၀၁၀ မှာလည်း အပြောင်းအလဲဖြစ်အောင် မဲထည့်ခဲ့တယ်။ တကယ်တမ်း ပြည်သူအတွက် ဘာမှဖြစ်မလာဘူး။ အခု ၂၀၁၅ မဲပေးရမှာ ကြုံတဲ့အခါကျတော့ ကျနော်တို့ သေချာစဉ်းစားပြီး ထည့်ရမယ်ထင်တယ်။" ဦးချစ်ဆွေ (ကျောက်မဲမြို့) "သူများပေးသလို လိုက်ပေးရမှာပဲ။ ရွေးချယ်ဖို့မှ မတတ်တာ။" မခင်လှ (ကျောက်မဲမြို့) "ဘယ်သူ့ကို မဲထည့်ရမှန်းမသိဘူး။ သူများထည့်ခိုင်းတဲ့ဥစ္စာ ထည့်ပေးလိုက်မှာပဲ။" ဒေါ်ခင်မိုး (ဆားလင်းကြီးမြို့နယ်၊ ဂုဏ်တောရွာ) "သူများပေးတိုင်း ပေးရုံပဲ၊ တို့ကတော့ ဘာမှနားမလည်ဘူး။" ဦးအေးလွင် (ဆားလင်းကြီးမြို့နယ်၊ ဂုဏ်တောရွာ) "ပါတီတွေမှာ ခေါင်းဆောင်တွေရှိတယ်။ ကိုယ်ယုံကြည်ရာခေါင်းဆောင်ရှိတယ်။ အခု မြန်မာပြည်မှာရှိနေတဲ့ ခေါင်းဆောင်တွေထဲမှာ ကျွန်တော် ဒေါ်စုကိုပဲ ယုံကြည်နေတဲ့ အနေအထားအရ အန်အယ်လ်ဒီကိုပဲ မဲပေးမှာပါ။" မဆွေဆွေဝင်း (စစ်ကိုင်းတိုင်း) "တိုင်းပြည်ဥပဒေကို အပြောင်းအလဲလုပ်နိုင်တဲ့ လူတန်းစားညီမျှအောင် လုပ်နိုင်တဲ့ ခေါင်းဆောင်ကောင်းတယောက်ကို မဲပေးမှာပါ။ တကယ်ပဲ ပြည်သူ့အတွက် အလုပ်လုပ်မယ့်သူကိုပဲ မဲပေးမှာပါ။"
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024