ဧရာဝတီ မြစ်ရေနှင့် ချင်းတွင်းမြစ်ရေ မြင့်တက်နိုင်

သြဂုတ် တတိယ ၁၀ ရက်အတွင်းမှာ “ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ကသာမြို့တို့တွင် ၆ ပေမှ ၇ ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့မှာ ၃ ပေမှ ၄ ပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၂ ပေမှ ၃ ပေခန့် လက်ရှိ‌ရေမှတ်များ၏အထက် မြင့်တက်လာ နိုင်တယ်”လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သြဂုတ် ၁၈ ရက်နေ့က ထုတ်ပြန်ပါတယ်။ ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့နဲ့ ဟုမ္မလင်းမြို့တို့မှာ ၆ ပေမှ ၇ ပေခန့်နှင့် မော်လိုက်မြို့၊ ကလေးဝမြို့နှင့် မုံရွာမြို့တို့မှာ ၃ ပေမှ ၄ ပေခန့် လက်ရှိရေမှတ်များ‌၏အထက် မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up