DVB Logo
Home
မြန်မာသတင်း
အိန္ဒိယ - မြန်မာနယ်စပ် မီဇိုရမ်တွင် သုံးနိုင်ငံ ကုန်သွယ်မှုပြုလုပ်တော့မည်
DVB
·
August 16, 2015
အိန္ဒိယ - မြန်မာနယ်စပ် မီဇိုရမ်တွင် သုံးနိုင်ငံ ကုန်သွယ်မှုပြုလုပ်တော့မည်
Donate to DVB

အိန္ဒိယနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြန်မာနိုင်ငံတို့နဲ့ အိန္ဒိယ-မြန်မာနယ်စပ်၊ မီဇို ရမ်ပြည်နယ်မှာ ကုန်သွယ်မှု ပြုလုပ်သွားဖို့ရှိတယ်လို့ The Gulf Today သတင်းမှာ ဖော် ပြပါတယ်။

အဲဒီကုန်သွယ်မှုအတွက် မီဇိုရမ်ပြည်နယ်နယ်စပ်မှာ အခြေခံအဆောက်အအုံတွေ တည်ဆောက်မှုတွေအနေနဲ့ ပြီးလုနီးပါးဖြစ်နေပြီလို့ ၀န်ကြီးချုပ် လဲသန်ဟာလာက ပြော ပါတယ်။

“မီဇိုရမ်ပြည်နယ်အရှေ့ပိုင်း ဇိုခါသားနယ်စပ်မှာ မကြာသေးခင်ကပဲကုန်သွယ်ရေး နဲ့စက်မှုဝန်ကြီး နီမာလာစီသရာမန်ကို ခန့်အပ်ခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံနဲ့ နယ်စပ် ကုန်သွယ်မှုမြှင့်တင်နိုင်စေဖို့ ဖြစ်ပါတယ်။”

သြဂုတ်လ ၁၅ ရက်နေ့မှာကျရောက်တဲ့ အိန္ဒိယနိုင်ငံရဲ့ ၆၉ နှစ်မြောက်လွတ်လပ် ရေးနေ့အခမ်းအနားမှာ သူကပြောခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013