A d v e r t i s e m e n t With Us

ရေဘေးသင့် မိုးညိုဒေသတွင် အဖျားရောဂါ အဖြစ်များနေ

ရေကြီးရေလျှံတာတွေဖြစ်ပြီးတဲ့နောက် ပဲခူးတိုင်း၊ မိုးညိုမြို့နယ်ကလဖျော်ပင်ကျေးရွာမှာ ဖျားနာတာတွေ အဖြစ်များလာနေပါတယ်။ “ဒီနေ့ဆိုရင် ကျန်းမာရေးဆရာမပါ ဖျားနေတော့ ဆေးမကုနိုင်တော့ဘူး” လို့ ဒေသခံ ကိုမောင်ဇော်က ပြောပါတယ်။ ဘုရားငူကျေးရွာအုပ်စုက ရွာ ၅ ရွာအတွက် ကျန်းမာရေး ဆရာမတစ်ယောက်ရှိပြီး လဖျော်ပင်ရွာက ဖျားနာတာ အများဆုံးဖြစ်ပါတယ်။ “လူ ၂၅၀ လောက်ရှိတဲ့ ရွာရဲ့ တစ်ဝက်လောက်ဖျားနေကြတာ”လို့ ကိုမောင်ဇော်က ဆိုပါတယ်။ ဖျားနာတွေတွေ အဖြစ်များနေတဲ့အတွက် ကုသစရာဆေးလည်း ခက်ခဲလာလို့ အလှူရှင်တွေလည်း လှူနေရတယ်လို့ သူက ဆက်ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up