Home
မြန်မာသတင်း
ချယ်ရီအက်ဖ်အမ် ရပ်နားရမည့်အခြေအနေ ကြုံနေရ
ပိုင်စိုး
·
August 16, 2015
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ပတ်သက်တဲ့ ချယ်ရီအက်ဖ်အမ်ဟာ ရပ်နားထားရမယ့် အခြေအနေ ကြုံတွေ့နေရပါတယ်။ “၁၂ရက်နေ့ မနက် ၉ နာရီ ကတည်းက ကျနော်တို့အစီအစဉ်တွေကို မြန်မာ့အသံကနေ ဂြိုဟ်တုကို မတင်ပေးတော့တာ” လို့ ချယ်ရီအက်ဖ်အမ်ရဲ့ အထွေထွေမန်နေဂျာ ဦးသန်းထွေးဇော်က ဒီဗွီဘီကို ပြောပါတယ်။ ပြန်ကြားရေးဘက်ကတော့ စာချုပ်ပါ စည်းကမ်းတွေကို ဖောက်ဖျက်တဲ့အတွက် ခုလို လုပ်တာလို့ဆိုပေမယ့် စည်းကမ်းဖောက်ဖျက်ခဲ့တာ မရှိဘူးလို့ သူက ပြောပါတယ်။ သြဂုတ် ၁၅ ရက်နေ့ မနက်မှာတော့ ဆက်လက်ထုတ်လွှင့်နိုင်ရေးနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီးနဲ့ ချယ်ရီအက်ဖ်အမ်တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ကြပါတယ်။ “သူတို့က နှစ်ခုမှာ တစ်ခုရွေးခိုင်းတယ်။ ရှိသမျှ ပစ္စည်းတွေကို အပြီးအပ်ခဲ့ရမယ်။ ဒါမှမဟုတ် ငဲ့ညှာသောအားဖြင့် အသံလွှင့်လုပ်ငန်းမလုပ်ပဲ သုံးလ နားထားရမယ်လို့ ပြောတယ်” လို့ ဦးသန်းထွေးဇော်ကဆိုပါတယ်။ ဒီအတွက် ချယ်ရီအက်ဖ်အမ်ရဲ့ အသံလွှင့်ထုတ်မှုအပိုင်းတွေကို ပိုကောင်းအောင်လုပ်နေတဲ့အတွက် နားထားတာဖြစ်ကြောင်း သတင်းထုတ်ပြန်ရမယ်လို့လည်း ပြန်ကြားရေးဘက်က ပြောခဲ့တယ်လို့ ဆိုပါတယ်။ “ဒါပေမယ့် အဲဒီလို ကျနော်တို့ မလုပ်နိုင်ဘူး” လို့ ဦးသန်းထွေးဇော်ကဆိုပါတယ်။ သုံးလနားရမှာဖြစ်တဲ့အတွက် နိုဝင်ဘာ ၁၅ ရက်နေ့မှာမှ ပြန်လည်လွှင့်ထုတ်ခွင့်ရမှာဖြစ်ပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကတော့ နိုဝင်ဘာ ၈ ရက်နေ့ ပြုလုပ်မှာဖြစ်ပါတယ်။ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ စတင်ခဲ့တဲ့ ချယ်ရီအက်ဖ်အမ်ရဲ့ ၆ နှစ်ပြည့် ပွဲကိုတော့ တောင်ကြီးမြို့မှာ သြဂုတ် ၅ ရက်နေ့က ကျင်းပ ပြုလုပ်နေပါတယ်။ ဓာတ်ပုံ - ချယ်ရီအက်ဖ်အမ် ဖေ့စ်ဘွတ်ခ်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024