မိုးသည်းထန်ပြီး တောင်ပြိုမှုကြောင့် မင်းတပ်-မတူပီကားလမ်း ပြတ်တောက် (ဓာတ်ပုံ)

ချင်းပြည်နယ် မတူပီမြို့ရဲ့ အဓိက ဆက်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မင်းတပ်-မတူပီ ကားလမ်းမကြီးဟာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ပြိုမှုတွေကြောင့် ဇူလိုင် ၂၅ ရက်ကတည်းက ပြတ်တောက်သွားပါတယ်။ သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူတွေက အခု သြဂုတ်လကုန်မှာ ကားလေးတွေနဲ့ ကားလမ်းကို ပြေးဆွဲအသုံးပြုနိုင်ဖို့ ကြိုးစားသွားမယ်ဆိုပေမယ့် ဒေသခံတွေကတော့ ဒါ့ထက်ကြာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ မတူပီနဲ့ ဆက်သွယ်နေတဲ့ ပလက်ဝမြို့၊ ရေဇွာမြို့တွေလည်း ဆက်သွယ်ရေးလမ်း ပြတ်တောက်နေပြီး မတူပီမြို့နယ်တွင်း ကျေးရွာတချို့လည်း ဆက်သွယ်မှု ပြတ်တောက်နေပါတယ်။ ဓာတ်ပုံ - မြင့်နိုင်  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up