DVB Logo
Home
မြန်မာသတင်း
ကျပ်သိန်းပေါင်း ၁ သန်းကျော်ဖမ်းမိ မူးယစ်သတင်း နောက်ဆက်တွဲ လူတဦးကို ဖမ်းဆီးစစ်ဆေး
DVB
·
August 11, 2015
ကျပ်သိန်းပေါင်း ၁ သန်းကျော်ဖမ်းမိ မူးယစ်သတင်း နောက်ဆက်တွဲ လူတဦးကို ဖမ်းဆီးစစ်ဆေး
Donate to DVB

ဇူလိုင်လ ၂၆ ရက်နေ့က ကမ္ဘာမှာ ဒုတိယအများဆုံးဖမ်းမိတဲ့ မင်္ဂလာဒုံစက်မှုဇုန်၊ ဇေကမ္ဘာဝင်းက ဖမ်းဆီးမိတဲ့ မူးယစ်ဆေး ၂၆ သန်းကျော်ရဲ့ နောက်ဆက်တွဲအဖြစ် ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၃ ရက်လောက်က လူတယောက်ကို ဖမ်းဆီးထားကြောင်း မင်္ဂလာဒုံစခန်းမှူး ဒုရဲမှူးဝင်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။

မင်္ဂလာဒုံစခန်းမှူး ဒုရဲမှူးဝင်းမြင့်က “သူ့ကိုတော့ စစ်ဆေးနေတုန်းပဲဆိုတော့ အမှုမှာ ပါလား၊ မပါလားဆိုတာတော့ သေချာ မပြောနိုင်သေးဘူး။ နောက်ကွယ်က သူတွေကိုတော့ သိထားပြီ၊ သူတို့နဲ့ပတ်သက်တဲ့ အချက်အလက်တွေလည်း ရထားပြီ”လို့ ပြောပါတယ်။

ရဲလုပ်ငန်းတွေအားလုံး ပြီးစီးလို့ တရားခံတွေလည်း မိပြီဆိုရင် မီဒီယာတွေကို သတင်းထုတ်ပြန်မယ်လို့ မူးယစ်အထူးက ပြောထားပါတယ်။

မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံစက်မှုဇုန် (ဇေကမ္ဘာဝင်း) အိုးအိမ် ၆ လမ်းသွား လမ်းမပေါ်မှာ KIA BONGO အမျိုးအစား ကားပေါ်မှာ ပထမဆုံးမိတဲ့ ကုန်ကားပိုင်ရှင်ကိုတော့ လိုက်လံစုံစမ်းဆဲ ဖြစ်ပါတယ်။

ဇူလိုင် ၂၆ ရက်က မင်္ဂလာဒုံမြို့မ ရဲစခန်း လှည့်ကင်းအဖွဲ့ဟာ မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံစက်မှုဇုန် (ဇေကမ္ဘာဝင်း) အိုးအိမ် ၆ လမ်းသွား လမ်းမပေါ်မှာ KIA BONGO အမျိုးအစား ကွန်တိန်နာဘောက် အဖြူရောင် ကိုယ်ပိုင် မော်တော်ယာဉ်ကို မသင်္ကာတဲ့အတွက် စစ်ဆေးရာမှာ မူးယစ်ဆေးဝါးတွေ ရှာဖွေတွေ့ခဲ့တာပါ။

ဖမ်းဆီးမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၂၆၇ သိန်း၊ စုစုပေါင်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၁၃၃၅ဝဝဝ (၁၃၃ ဒသမ ၅ ဘီလီယံ)ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013