ဆော်ဒီတောင်ပိုင်း အက်ဘ်ဟာမြို့ ရှီးယားမွတ်စလင်ဗလီ ဗုံးခွဲ တိုက်ခိုက်ခံရ

ဓာတ်ပုံ - ရိုက်တာ
ဆော်ဒီအာရေဗျနိုင်ငံ တောင်ပိုင်း ယီမင်နယ်စပ်အနီးက အက်ဘ်ဟာ (Abha) မြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေ ၀တ်ပြုမှုများတဲ့ ရှီးယားမွတ်စလင်ဗလီ ၁ လုံး သြဂုတ် ၆ ရက်နေ့က အသေခံ ဗုံးခွဲတိုက်ခိုက်ခံရပါတယ်။ သေဆုံးသူ ၁၃ ယောက်ရှိပြီး အများစုဟာ ဆော်ဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေလို့ ပြောဆိုပါတယ်။ ပြီးခဲ့တဲ့မေလက ဆော်ဒီမှာရှိတဲ့ ရှီးယားဗလီ ၂ လုံး အသေခံ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး ဆွန်နီမွတ်စလင် အိုင်အက်စ်အကြမ်းဖက်တွေက လုပ်ဆောင်တာလို့ ကြေညာပါတယ်။ လောလောဆယ် ဒီတိုက်ခိုက်မှုကိုတော့ ဘယ်သူ၊ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တာလို့ ကြေညာတာ မရှိသေးပါဘူး။ ဆော်ဒီအာရေဗျဟာ လတ်တလော ယီမင်နိုင်ငံမှာ ရှီးယားမွတ်စလင် ဟူသီသူပုန်တွေကို တိုက်ခိုက်တဲ့ လေကြောင်းစစ်ဆင်ရေးမှာ ဦးဆောင်နေတာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက နိုင်ငံတ၀န်းမှာ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ဝင်လို့ သံသယရှိသူ ၄၃၁ ယောက်ကို ဆော်ဒီဗလီတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ဖို့ ကြံစည်မှု စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up