DVB Logo
Home
မြန်မာသတင်း
အီးယူ၊ ဗြိတိန်နှင့် အမေရိကန်က ဒေါ်လာ ၂ သန်းခွဲနီးပါး မြန်မာရေဘေးထောက်ပံ့
DVB
·
August 6, 2015
အီးယူ၊ ဗြိတိန်နှင့် အမေရိကန်က ဒေါ်လာ ၂ သန်းခွဲနီးပါး မြန်မာရေဘေးထောက်ပံ့
Donate to DVB

မြန်မာနိုင်ငံဒေသအနှံ့ရေလွှမ်းမိုးမှုကြောင့် အကြီးအကျယ်ပျက်စီးဆုံးရှုံးမှုတွေနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေအတွက် ဥရောပသမဂ္ဂ(အီးယူ)က ယူရိုငွေ ၁ သန်း (အမေရိကန်ဒေါ်လာ ၁၀ သိန်း ၈ သောင်းကျော်)ထောက်ပံ့ကူညီမယ်လို့ ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

ဗြိတိန်နိုင်ငံအနေနဲ့လည်း စတာလင်ပေါင် ၅ သိန်း (အမေရိကန်ဒေါ်လာ ၇ သိန်း ၈ သောင်းကျော်)ထောက်ပံ့ကူညီသွားမယ်လို့  ယူကေအစိုးရထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဗြိတိန်နိုင်ငံတကာဖွံ့ဖြိုးရေးဌာန(DFID)အနေနဲ့ မြန်မာနိုင်ငံမှ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းက လူပေါင်း ၄၈,၀၀၀ ကျော်ကို အာဟာရစွမ်းအားမြင့်မားတဲ့ ဘီစကွတ် တွေ ပေးအပ်ခဲ့ပြီးဖြစ်သလို လူပေါင်း ၂၀,၀၀၀ ကိုလည်း တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်း ထုပ်တွေနဲ့ရေသန့်စင်ပစ္စည်းတွေကို ပံ့ပိုးပေးခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။

ဗြိတိန် နိုင်ငံတကာဖွံ့ဖြိုးရေးဌာန၀န်ကြီး ဘာရွနက်စ်ဘာမာက“မြန်မာနိုင်ငံက ရေကြီးမှု၊ မြေပြိုမှုဒဏ်အသီးသီးကိုခံစားခဲ့ကြရတဲ့သူတွေအတွက် ကျွန်မတို့အရမ်းစိတ်မကောင်းဖြစ်ရပါ တယ်။သဘာဝဘေးအန္တရာယ်အတွက် ကျွန်မတို့ရဲ့ စီမံချက်က အစားအသောက်နဲ့ တခြား အ ရေးပေါ်လိုအပ်တဲ့ပစ္စည်းတွေ လူတွေလက်ထဲကိုမြန်မြန်ရောက်ရှိရေးပဲဖြစ်ပါတယ်။ အခု ထော က်ပံ့လိုက်တဲ့ ငွေကြေးက နိုင်ငံတစ်လွှား ပိုမို ကူညီထောက်ပံ့ပေးသွားမှာဖြစ်သလို ရေကြီးမှုဒဏ်ကို ခံလိုက်ရသူတွေ ပြန်လည် နာလန်ထူလာနိုင်ပြီး သူတို့ဘ၀ သူတို့ ပြန်လည် တည်ဆောက်လာနိုင်အောင် ပံ့ပိုးပေးသွားမှာပါ။ အခြေအနေကို ကျွန်မတို့ ဆက်ပြီး စောင့်ကြည့်နေမှာဖြစ်သလို၊ ဗြိတိသျှ အစိုးရကလည်း ဒီလို ဆိုးရွားတဲ့ အခြေအနေမှာ မြန်မာလူထုကို ကူညီပံ့ပိုးသွားဖို့ အသင့်ရှိနေပါတယ်”လို့ ပြောပါတယ်။

အလားတူ အမေရိကန်ပြည်ထောင်စုကလည်း USAID ရဲ့ပြည်ပကပ်ဘေး ကူညီရေးဌာန(OFDA)မှတ ဆင့် အမေရိကန်ဒေါ်လာ ၆ သိန်းထောက်ပံ့ကူညီပေးမယ်လို့ ဒီကနေ့ ရန်ကုန်ရှိ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

ဘေးဒဏ်သင့်လူ့အဖွဲ့အစည်းတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အမေရိကန်ပြည်ထောင်စုမှ အဖွဲ့တဖွဲ့က ဒေသဆိုင်ရာဝန်ထမ်းတွေ၊ အတူလက်တွဲ လုပ်ဆောင်နေကျ အဖွဲ့အစည်းတွေနဲ့အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်နေပြီး ဆက်လက်ပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်သွားမှာ ဖြစ်သလို အကူအညီလိုအပ်နေတဲ့ သူတွေကိုလည်းအကောင်းဆုံး ကူညီနိုင်ဖို့ လက်တွဲဖော်အဖွဲ့အစည်း တွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ သံရုံးထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အလားတူ သြစတေးလျနိုင်ငံက  ဒေါ်လာ ၂ သန်း၊  နော်ဝေက ဒေါ်လာ ၁ဒသမ ၂သန်း မြန်မာရေဘေးကူညီဖို့ ကမ်းလှမ်းထားပြီး တရုတ်က ဒေါ်လာ ၃ သိန်း၊ စင်ကာပူကြက်ခြေနီက ဒေါ်လာ ၁သိန်း ၊ မလေးရှား ပက်ထရိုနပ်စ်ရေနံကုမ္ပဏီက ဒေါ်လာ ၁သိန်းခွဲ ၊ ထိုင်းက ဘတ် ၅သန်းနဲ့ ကမ္တာဒီယား နိုင်ငံကလည်း  ဒေါ်လာ ၁ သိန်း လျူဒန်းတယ်လို့ အသီးသီး ထုတ်ပြန်ထားပါတယ်။

မြန်မာအစိုးရက ရေဘေးအတွက် နိုင်ငံတကာအကူအညီတွေ လက်ခံနေသလို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာရေဘေး ကယ်ဆယ်ပြန်လည်ထူထောင်ရေးအတွက် အကူအညီပေးရန် နိုင်ငံတာ အသိုင်းအ၀န်းကို ပန်ကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013