DVB Logo
Home
မြန်မာသတင်း
ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ မြန်မာနိုင်ငံရောက်ရှိ
DVB
·
August 3, 2015
ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ မြန်မာနိုင်ငံရောက်ရှိ
Donate to DVB

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ကုလသမဂ္ဂကို တင်သွင်းမယ့် မြန်မာ့လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာနဲ့ ပတ်သက်ပြီး အချက်အလက်ရယူဖို့ ရန်ကုန်မြို့မှာ သြဂုတ်လ ၂ ရက်နေ့ကတည်းက ရောက်ရှိနေပါတယ်။

ခရီးစဉ်အတွင်း ယန်ဟီးလီဟာ သမ္မတရဲ့ အကြံပေး အဖွဲ့တွေ၊ ပြည်ထောင်စု လွှတ်တော် နာယကနဲ့ ဥပဒေကြမ်းကော်မတီတွေ၊ ပြည်ထောင်စုဝန်ကြီးတွေအပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌတို့နဲ့ တွေ့ဆုံမှာ ဖြစ်ပြီး အစီရင်ခံစာနဲ့ ပတ်သက်တဲ့ နေရာတွေကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

မစ္စ ရန်ဟီးလီဟာ မြန်မာနိုင်ငံမှာ သြဂု ၂ ရက်နေ့ ၇ ၇က်နေ့အထိ ရှိနေမှာ ဖြစ်ပြီး သြဂုတ်လ ၇ ရက်နေ့မှာတော့ မြန်မာနိုင်ငံက ပြန်လည်မထွက်ခွာခင် ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။

မစ္စရန်ဟီးလီဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလကလည်း မြန်မာနိုင်ငံကိုလာရောက်ပြီး အကျဉ်းထောင်တွေနဲ့ ရခိုင်နဲ့ ကချင်ပြည်နယ်အတွင်း ဒုက္ခသည်စခန်း တွေက လူ့အခွင့်အခွင့်အရေးအခြေအနေတွေကို လေ့လာခဲ့ပြီး ခုခရီးစဉ်ကတော့ သူ့ရဲ့ တတိယ အကြိမ်မြောက် မြန်မာပြည်ခရီးစဉ်ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ- MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013