နိုင်ငံတကာ ချန်ပီယံဖလား ဖီအိုရင်တီးနား ၂ – ၁ ဘာစီလိုနာ (ရုပ်သံဟိုက်လိုက်)

သြဂုတ် ၂ ရက်နေ့က အီတလီနိုင်ငံ ဖလော့ရန့်စ်မြို့မှာ ယှဉ်ပြိုင်သွားတဲ့ နိုင်ငံတကာ ချန်ပီယံဖလားပြိုင်ပွဲမှာ အီတလီကလပ် ဖီအိုရင်တီးနားက စပိန်ထိပ်သီး ဘာစီလိုနာကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။ အီတလီကလပ် ဖီအိုရင်တီးနားအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၄ မိနစ်လောက်မှာ သွင်းယူပါတယ်။ ချန်ပီယံလိဂ် ချန်ပီယံ ဘာစီလိုနာက ဒီပွဲမှာ အဓိက ကစားသမားတွေ ဖြစ်တဲ့ မက်ဆီနဲ့ နေမာတို့ မပါဘဲနဲ့ ယှဉ်ပြိုင်သွားတာပါ။ ဒုတိယဂိုးကိုတော့ ၁၁ မိနစ်လောက်မှာ ဘာကာ နောက်ခံလူတွေ ကြားထဲကနေ ထိုးဖောက် သွင်းယူပါတယ်။ ၂ ဂိုး ပေးလိုက်ရပြီး နောက်ပိုင်းမှာ ဘာကာက ဖိအားပေး ကစားနိုင်ခဲ့ပြီး ချေပဂိုး ၁ ဂိုးကို တိုက်စစ်မှူး ဆွာရက်က သွင်းယူပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး ပက်ဒရို အခွင့်အရေး ၂ ကြိမ် ရပေမယ့် တဘက်ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ ပက်ဒရိုဟာ မန်ယူကို ပြောင်းဖို့ ချိတ်ဆက်နေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဘာစီလိုနာဟာ နိုင်ငံတကာ ချန်ပီယံ ဖလားပြိုင်ပွဲ ၄ ပွဲမှာ ၁ ပွဲပဲ အနိုင်ရထားပြီး ၂ ပွဲရှုံး ၁ ပွဲ သရေကျထားပါတယ်။ ချန်ပီယံလိဂ် ချန်ပီယံ ဘာစီလိုနာဟာ သြဂုတ် ၁၁ ရက်နေ့မှာ ယူရိုပါလိဂ် ချန်ပီယံ ဆီဗီလာအသင်းနဲ့ ဥရောပစူပါဖလား ပြိုင်ပွဲကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

More News
Up