ခွေး ရေလွှာလှိုင်းစီး ပြိုင်ပွဲ (ရုပ်သံ)

3K
သြဂုတ် ၁ ရက်က အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားက အင်ပီရီယား ကမ်းခြေမှာ ၁၀ ကြိမ်မြောက် ခွေးရေလွှာ လှိုင်းစီးပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။
အလေးအချိန်၊ အကြီးအသေးအပေါ် မူတည်ပြီး အဆင့်လိုက် ပြိုင်ပွဲကို ခွဲခြားထားသလို အတွဲလိုက် ပြိုင်ပွဲတွေလည်း ယှဉ်ပြိုင်စေခဲ့ပါတယ်။
ခွေး အကောင် ၅၀ လောက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကျွမ်းကျင်တဲ့သူတွေက ဒိုင်အဖြစ် ဆောင်ရွက်ခဲ့သလို ပထမဆုရတဲ့ ခွေးတွေကို ဆုချီးမြှင့်ခဲ့ပါတယ်။
ဒီပြိုင်ပွဲကနေ ရရှိတဲ့ ငွေတွေကို တိရစ္ဆာန်တွေအပေါ် ကြမ်းကြုတ်ရက်စက်မှု ကာကွယ်ရေး အဖွဲ့ကို လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။