A d v e r t i s e m e n t With Us

ဦးပိုင်က ကော့စတစ်စက်ရုံအတွက် လယ်သိမ်းပြန်ပြီ

မ​ကွေး​တိုင်း​ ကံမမြို့​မှာ ဦး​ပိုင်ကုမ္ပဏီက ​ကော့​စတစ်​ဆော်ဒါစက်ရုံ တည်​ဆောက်​ရေး​အတွက် ​တောင်သူ​တွေရဲ့​ ဓား​မဦး​ချ ​မြေဧက ၂၀၀ ကို သိမ်း​ပိုက်ယူငင်ဖို့​ ပြင်ဆင်​နေပါတယ်။ ဒီလယ်ယာ​မြေသိမ်း​ပိုက်မှုကို တရား​ဝင်ဖြစ်​အောင် ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ပါတီတာဝန်ရှိသူ​တွေက လိုက်ပါ​ဆောင်ရွက်​နေတယ်လို့​ လယ်သိမ်း​ဖို့​ လျာထား​ခံရတဲ့​ လယ်သမား​တွေက ​ပြောပါတယ်။ မြန်မာ့​တပ်မ​တော်ရဲ့​ ​ကျော​ထောက်​နောက်ခံ ရင်း​နှီး​မြှုပ်နှံထား​တဲ့​ ဦး​ပိုင်ကုမ္ပဏီဟာ မ​ကွေး​တိုင်း​ ကံမမြို့​ စစ္စရံ​ကျေး​ရွာမှာ ​ကော့​စတစ်ဆိုဒါစက်ရုံတည်ဖို့​ ​မြေသိမ်း​၊​ တရား​စွဲဖို့​ ကြိုး​စား​တဲ့​ လယ်ရှင်​တွေကို ရိုက်နှက်ပြီး​ တရား​စွဲဆိုလို့​ လယ်သမား​ ငါး​ဦး​ သရက်ခရိုင်အကျဉ်း​ထောင်မှာ ​ထောင်ကျတာ လပိုင်း​ပဲ ရှိပါ​သေး​တယ်။ အခုအခါမှာ​တော့​ အဲဒီ စစ္စရံ​ကျေး​ရွာက စီမံကိန်း​ကို ဖျက်သိမ်း​ပြီး​ နံ​ဘေး​နား​က ဝဲကြီး​နဲ့​ ​ထောက်မ​ကျေး​ရွာ​တွေက ရွာသား​ ၆၀ ပိုင် ​မြေဧက ၂၀၀ ခန့်​အ​ပေါ်မှာ ​ကော့​စတစ်စက်ရုံ တည်​ဆောက်မယ့်​ စီမံကိန်း​ကို ပြန်လည်စတင်​နေပါတယ်။ ထောက်မ​ကျေး​ရွာက ဦး​ဝင်း​ကြည်က သူတို့​မိဘအစဉ်အဆက်က စိုက်ပျိုး​ လုပ်ကိုင်လာတဲ့​ သူ့​လယ်ထဲမှာ ဦး​ပိုင်ကုမ္ပဏီက ခွင့်​မ​တောင်း​ဘဲ ​မြေတူး​စက်နဲ့​ ထိုး​ညှိပြီး​ စီမံကိန်း​စီမံခန့်​ခွဲတဲ့​ ဆယ်ခန်း​တွဲရုံး​ကို သူ့​မြေ​ပေါ်မှာ လာ​ရောက် ​ဆောက်လုပ်ထား​တယ်လို့​ ​ပြောပါတယ်။ “၅ လပိုင်း​ ၅ ရက် ၂၀၁၀ ရက်​နေ့​မှာ ကျ​နော့်​ရဲ့​ ကုန်း​မြေ​တွေ တဧကခွဲခန့်​ကို ​ကျေး​ရွာရယကရယ်။ လုပ်ငန်း​ရှင် ဦး​မောင်ဝင်း​၊​ ဦး​တင်ထွန်း​အောင် တို့​သုံး​ဦး​သည် ကျ​နော့်​ကို ​တောင်း​ဆိုခြင်း​မရှိပဲနဲ့​ တစ်ဧကခွဲ​လောက်ရှိတဲ့​ မိုး​သီး​နှံ၊​ နှမ်း​၊​ ပဲ နှစ်သီး​စား​ လုပ်စား​နေတဲ့​ ​မြေကွက်ကို ​မြေတူး​ကား​များ​နဲ့​ အတင်း​လာ​ရောက် တူး​ဖော်ပြီး​တော့​ ဆယ်ခန်း​တွဲ ၁၁ လုံး​ခန့်​လောက် ကျ​နော့်​ထိပ်မှာ လာ​ဆောက်ပြီး​တော့​ ကျ​နော်တို့​ ​ထောက်မ​ကျေး​ရွာ အကွက်အမှတ် ၂၇၈၊​ ၂၈၁၊​ ​တောင်သူ ၆၀ ခန့်​၊​ လယ်ယာ​မြေ ဧက ၂၀၀ ခန့်​ကို အလံရိုက်ခြင်း​ ​မြေတိုင်း​ထွာခြင်း​များ​ လုပ်ကိုင်လျက်ရှိပါတယ်။” ရွာသား​တွေထံက လယ်သိမ်း​ယူမယ့်​ကိစ္စကို မ​ကျေနပ်လို့​ ရွာသား​ သုံး​ဆယ်နီး​ပါး​က ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေကို တိုင်ကြား​ အကူအညီ​တောင်း​ခဲ့​ဖူး​ပေမယ့်​ မထူး​ခဲ့​ဘူး​လို့​ သူက ​ပြောပါတယ်။ ကုမ္ပဏီက သူတို့​လယ်​မြေ​တွေကို တဧက ခုနှစ်သိန်း​ခွဲ​ပေး​မယ်လို့​ ကမ်း​လှမ်း​ဖူး​ပေမယ့်​ ​ဈေး​ကွာဟမှုနဲ့​ ဘိုး​ဘွား​ပိုင်​မြေကို မစွန့်​လွှတ်ချင်ဘူး​လို့​ ဦး​ဝင်း​ကြည်က ​ပြောပါတယ်။ “ကျ​နော်တို့​ လယ်ယာ​မြေ​တွေက တဧကကို သိန်း​၂၀ ​လောက်တန်တဲ့​ လယ်ယာ​မြေ​တွေပါ။ ​နောက်တချက်က ကျ​နော်တို့​ မိရိုး​ဖလာ ဘိုး​ဘွား​ လက်ထက် လုပ်ကိုင်စား​သောက်ရတဲ့​ လယ်ယာ​မြေ​တွေမို့​ ကျ​နော်တို့​ ​တောင်သူ​တွေအ​နေနဲ့​ လုံး​ဝသ​ဘောမတူပါဘူး​။ ​ကော့​စတစ် စက်ရုံဆိုတာ အညစ်​ကြေး​တွေထုတ်တဲ့​နေရာမှာ ​တောင်သူ​တွေ​ကော ပတ်ဝန်း​ကျင်မိသား​စုအတွက် အန္တရာယ် ကြီး​မား​တယ်လို့​ တွက်လို့​ရပါတယ်။” အခုလ ၃ ရက်​နေ့​မှာ​တော့​ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​နဲ့​ ကုမ္ပဏီက တာဝန်ရှိသူ​တွေဟာ ရွာကိုလာပြီး​ ဒီစီမံချက်နဲ့​ ပတ်သက်လို့​ သူတို့​နဲ့​ ​ဆွေမျိုး​အသိုင်း​အဝိုင်း​တွေကို ဖိတ်ကြား​ပြီး​ ဒီစီမံကိန်း​ကို လိုလား​ပါတယ် စသဖြင့်​ အချင်း​ချင်း​ အဆိုပြု၊​ ​ထောက်ခံ ဆုံး​ဖြတ်သွား​တယ်လို့​ သူက ​ပြောပါတယ်။ “ကျ​နော်တို့​ ​တောင်သူ​တွေကို အစည်း​အ​ဝေး​လည်း​ မ​ခေါ်ဘူး​။ ညှိနှိုင်း​ဆွေး​နွေး​ခြင်း​လည်း​ မရှိဘူး​။ သဲ၊​ ​ကျောက်၊​ အုတ်၊​ လုပ်ငန်း​ပိုင်ရှင်များ​နဲ့​ သူတို့​ရဲ့​ မိသား​စု​တွေအား​လုံး​ကို ညှိနှိုင်း​ဆွေး​နွေး​ပွဲလုပ်တာ​ပေါ့​ လူ ၈၀ ခန့်​လောကိကို၊​ အဲဒီမှာ သူတို့​ အဆိုပြုတဲ့​လူရယ်၊​ ​ထောက်ခံတဲ့​လူရယ်။ အဲဒီကိစ္စ​လေး​တွေလုပ်သွား​တော့​ ကျ​နော်တို့​ အဲဒီအစည်း​အ​ဝေး​ထဲမှာက လလက ၃၉ ကျခဲ့​သော် ကျ​နော်တို့​ လယ်ယာ​မြေ​တွေကို ဆိုင်း​ဘုတ်တင်ပြီး​တော့​ ထိုး​မယ်လို့​ ​ကြေညာသွား​ပါတယ်။ တကယ်လို့​ တား​ရင်လည်း​ တား​တဲ့​လူ​တွေကို ဥပ​ဒေအရ အ​ရေး​ယူ​ဆောင်ရွက်သွား​မယ်လို့​ ​ကြေညာသွား​ပါတယ်။” ဒီစီမံကိန်း​ကို လာမယ့်​ ၁၁ လပိုင်း​မှာ စတင် အ​ကောင်အထည်​ဖော်မယ် ​ပြောသွား​တယ်လို့​ ဆိုပါတယ်။ ဒီလို သိမ်း​ဆည်း​ရယူ ​ဆောက်လုပ်ဖို့​ဟာ ရွာသား​တွေရဲ့​ ​ထောက်ခံချက်ရှိဖို့​ လိုတာ​ကြောင့်​ ဒီ​နောက် လွန်ခဲ့​တဲ့​ရက်ပိုင်း​က ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ ပါတီဝင်​တွေဟာ ဒီစီမံကိန်း​ကို ​ထောက်ခံကြိုဆို​ကြောင်း​ ​ထောက်ခံချက်​တွေ လိုက်လံ ​ကောက်ယူ​နေပါတယ်။ ညဘက် ဆယ်နာရီခန့်​မှာ သူ့​ထံက လာ​ရောက်​ထောက်ခံချက်ယူတာ လက်မှတ်ထိုး​မ​ပေး​လိုက်ဘူး​လို့​ ဝဲကြီး​ကျေး​ရွာက ဦး​ကြီး​ငွေက ​ပြောပါတယ်။ “လက်မှတ်လိုက်ထိုး​ခိုင်း​တဲ့​လူ​တွေက ကြံ့​ခိုင်​ရေး​အဖွဲ့​က ဦး​ဝင်း​လှိုင်၊​ ဦး​သန်း​ဆွေ၊​ ဦး​ခင်​ဇော်က​တော့​ စီး​ပွား​ရေး​သမား​ပေါ့​။ ကျ​နော်က​တော့​ ကျ​နော့်​နာမည်ကို ချက်ချင်း​ဖျက်ခိုင်း​တာ။ ဖျက်​ပေး​ပါတယ်။”

A d v e r t i s e m e n t With Us

More News
Up