Home
မြန်မာသတင်း
အားကောင်းသည့် မုန်တိုင်းငယ် ၁ နာရီ မိုင် ၆၀ နှုန်းထိ တိုက်ခတ်နိုင်
DVB
·
July 30, 2015
ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့  အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ လက်ရှိ အခြေအနေ လိမ္မော်ရောင်အဆင့်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကမ်းခြေကို ဦးတည်ကာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းစွန်းအနီးမှ ရွေ့လျားနေတယ်လို့ ဇူလိုင် ၃၀ မနက် ၆ နာရီ အချိန် မိုးဇလဌာနက ထုတ်ပြန်ပါတယ်။ မုန်တိုင်းငယ်ဟာ ဒီကနေ့ညနေမှ နောက် ၂၄ နာရီအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်း ကမ်း‌ခြေကို စစ်တကောင်းမြို့အနီးက ဖြတ်ကျော် ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပြီး မုန်တိုင်းကြောင့် မောင်တောခရိုင်မှာ အမြင့်ဆုံးလေတိုက်နှုန်း ၁ နာရီလျှင် မိုင် (၅၀) မှ မိုင်(၆၀)အထိ၊ စစ်တွေခရိုင်မှာ အမြင့်ဆုံး လေတိုက်နှုန်း ၁ နာရီလျှင်(၄၅)မိုင်မှ မိုင် (၅၀) အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်းငယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေသို့ ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေ အမြင့်ဆုံး မောင်တော ခရိုင်ကမ်းခြေဒေသမှာ (၈)ပေမှ (၁၀)ပေအထိ၊  စစ်တွေခရိုင် ကမ်းခြေ ဒေသမှာ (၆)ပေမှ (၈)ပေ အထိ မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် အထူးသတိပြုကြဖို့လည်း မိုးဇလဌာနက  အကြံပြုထားပါတယ်။ မုန်တိုင်းငယ်အရှိန်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ တနင်္သာရီနဲ့ ဧရာဝတီတိုင်းတွေ၊ ရခိုင်၊ ချင်း၊ ရှမ်း၊ ကရင်နဲ့ မွန်ပြည်နယ်တွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီး၊ လေပြင်းတိုက်၊ ရုတ်တရက်ရေကြီး မြေပြိုတာတွေ ဖြစ်နိုင်တယ်လို့ ခန့်မှန်းမှန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024